Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Wednesday, 3 October 2012

OIC ကို သတိထားရန် ဘန်ကီမွန်း သတိပေး



ဘင်္ဂါလီများကို နိုင်ငံသား အဖြစ် သတ်မှတ်ပြုပြီး ရပိုင်ခွင့်များအပြည့်အ၀ပေး ရန် မြန်မာနိုင်ငံ ကို တောင်း ဆိုထားသော အစ္စလာမ် နိုင်ငံ ၅၀ကျော်ဖြင့် ဖွဲ့စည်းထားသော OIC အဖွဲ့အစည်းကို သတိထား ဆက်ဆံရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံ သမ္မတကိုသတိပေးလိုက်ကြောင်း ဘီဘီစီ တွင် ဖော်ပြသည်။

OIC နှင့် ဆက်ဆံခြင်းဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကိုထိခိုက်စေနိုင်ကြောင်း ဘန်ကီမွန်းက ဆိုသည်။ OIC အဖွဲ့သည် လွန်ခဲ့သောလပိုင်းအတွင်းက ရခိုင်ပြည်နယ် အခြေအနေများကို လေ့လာခဲ့ပြီး ယခုရုံးစိုက်လိုက်ပြီဖြစ်ကြောင်း ပြည်ပမီဒီယာများ၏ ဖော်ပြချက်အရသိရှိရသည်။

ရခိုင်ပြည်နယ် အရေးကိစ္စကို ၀င်ရောက်စွက်ဖွက်ပြီး ရုံးစိုက်ထားသော OIC လုံးဝကန့်ကွက်ကြောင်းနှင့် ပြန် လည် ထွက်ခွါသွားရန် စက်တင်ဘာလ ၂၅ရက်နေ့မှ၂၆ရက်နေ့ထိ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် တွင် ကျင်းပသော ရခိုင်ဒေသလူထု အစည်း အဝေး ဆုံးဖြတ်ချက်တွင် ပါရှိသည်။

သမ္မတဦးသိန်စိန် ကုလသမဂ္ဂတွင် မိန့်ခွန်း အပြီးတွင် OIC အထွေထွေအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံခဲ့ပြီး ဘင်္ဂါလီများကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုပြီး ရပိုင်ခွင့်များ ပေးပါက မြန်မာနိုင်ငံကို
လာရောက်   လည်ပတ် မည်ဖြစ်ကြောင်း ဘီဘီစီတွင် ဖော်ပြထားသည်။


ဘီဘီစီ

No comments:

Post a Comment