Wednesday, 26 September 2012
ရုပ်သံမီဒီယာ ဥပဒေမူကြမ်းရေးဆွဲရန် စတင်ပြင်ဆင် -
BurmeseHearts | မြန်မာ့သတင်း
ရုပ်မြင်သံကြားနဲ့ အသံလွှင့်မီဒီယာ လုပ်ငန်းများအတွက် ရုပ်သံမီဒီယာ ဥပဒေမူကြမ်းရေးဆွဲရန် ပြင်ဆင် နေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ် က စက်တင်ဘာ ၂၅ရက်နေ့တွင် ရန်ကုန်မြို့ အင်လျားလိတ်ဟိုတယ်၌ ကျင်းပသော ပြည်သူ့ဝန်ဆောင်မှု မီဒီယာဆွေးနွေးပွဲတွင် ပြော ကြား ခဲ့ကြောင်း သိရသည်။
စတင်ရေးဆွဲတယ် ဆိုတာထက် အခြေခံမူဘောင်ကို စတင်ချနေတာဖြစ်ကြောင်း ဦးရဲထွဋ်က ပြောခဲ့ တာပါ။လက်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနပိုင် မီဒီယာလုပ်ငန်းတွေဖြစ်တဲ့ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြန်မာ့အလင်း ၊ ကြေးမုံစတဲ့ သတင်းစာလုပ်ငန်းတွေကိုလည်း ပြည်သူ့ဝန်ဆောင်မှု မီဒီယာလုပ်ငန်းအဖြစ် ပြောင်းလဲဖို့ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဦးရဲထွဋ် က ပြောခဲ့တာပါ။
ဒီမိုကရက်တစ်မြန်မာ့အသံ ၊ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ဆွီဒင်ရေဒီယိုတို့ ပူးပေါင်းကျင်းပသော ပြည်သူ့ ဝန်ဆောင်မှု မီဒီယာဆွေးနွေးပွဲသို့ ပြည်တွင်း ၊ ပြည်ပမှ သတင်းစာဆရာတွေ ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ ၊ မြန်မာနိုင်ငံ သတင်းစာဆရာ သမဂ္ဂ (MJU) ၊ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (MJA) ၊ မြန်မာနိုင်ငံ သတင်းထောက်များကွန်ယက် (MJN) မှ တာဝန်ရှိပုဂ္ဂိုလ်များအပြင် ဦးခိုင်မောင်ရည် ၊ ဒေါက်တာမြတ်ဥာဏစိုး အစရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များပါ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Source : RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment