Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Wednesday, 26 September 2012

အဲရစ်ဆင်လာရောက်ခြင်းမှာ အလည်အပတ်သာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ရန်မရှိဟု ရန်ကုန်ယူနိုက်တက်မန်နေဂျာ ပြောကြား


မြန်မာနိုင်ငံသို့ အင်္ဂလန်အသင်းနည်းပြဟောင်း အဲရစ်ဆင်လာရောက်ခြင်းမှာ အလည်အပတ်ခရီးသာ ဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းနှင့် မည်သည့်ပူးပေါင်းဆောင်ရွက်မှုမျိုးမှ ပြုလုပ်ရန် အစီအစဉ်မ ရှိကြောင်း ရန်ကုန်ယူနိုက်တတ်အသင်းမှ အသင်းမန်နေဂျာ ကိုအောင်ကျော်လွင်ကပြောသည်။



““ အဲရစ်ဆင်က တယ်ရိုဆက်ဆနာအသင်းရဲ့ နည်းစနစ်ဒါရိုက်တာလေ။ အဲဒီအသင်းကလည်း ရန်ကုန် အသင်းနဲ့ ရင်းနှီးပြီးသားဖြစ်နေတာကြောင့် ကျွန်တော်တို့ အသင်းကို အလည်အပတ်သဘောလာတာပါ။ အခြားအကြောင်းတော့မရှိပါဘူး”” ၄င်းကပြောသည်။

အဲရစ်ဆင်သည် မြန်မာနိုင်ငံသို့ စက်တင်ဘာလ ၂၄ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ရန်ကုန်မြို့တွင်း ရှိစဥ်ကာလအတွင်း ရန်ကုန်ယူနိုက်တက်အသင်းများ၏ လေ့ကျင့်မှုနှင့်လေ့ကျင့်ရေးကွင်းအားပြင်ဆင်ထားမှုအပိုင်းကို ကြည့်ရှုခဲ့ပြီး စက်တင်ဘာလ ၂၅ ရက်တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသိရသည်။

အဲရစ်ဆင်သည် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက်ခဲ့ခြင်းဖြစ်ပြီး ၄င်းသည် လက်ရှိတွင် ထိုင်းပရီးမီးယားလိဂ်ကလပ် အေဘီစီတယ်ရိုဆက်ဆနာအသင်း၏ နည်းစနစ်ဒါရိုက်တာအဖြစ် ယခုနှစ် သြဂုတ်လမှ စ၍ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

ဖြိုးဖြိုး


( အဲရစ်ဆင်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တွေ့ရစဉ် ) ဓာတ်ပုံ - ရန်ကုန်ယူနိုက်တက် ၀က် ဆိုဒ်

No comments:

Post a Comment