Wednesday, 26 September 2012
ဖားကန့်နှင့် အနီးတစ်ဝိုက် ကယ်ဆယ်ရေးစခန်း ၃ ခုတွင် စစ်ရှောင်ဒုက္ခသည် ၉ဝဝဝ ခန့် ရှိပြီ
မရပ်စဲသေးသည့် တိုက်ပွဲများကြောင့် ကချင်ပြည်နယ် ဖားကန့်အပါအဝင် ကယ်ဆယ်ရေးစခန်း ၃ ခု၌ စစ်ရှောင်ဒုက္ခသည်ပေါင်း ၉ဝဝဝ ဝန်းကျင် ရောက်ရှိနေပြီဟု ကချင်ပြည်နယ် ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ဖွင့်လှစ်ထားသည့် ကယ်ဆယ် ရေးစခန်း နေရာများမှာ ဖားကန့်၊ လုံးခင်းနှင့် စိုင်းဒေါင်ဒေသ အနီး တစ်ဝိုက်တို့တွင် ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ယင်းစခန်းများထဲမှ အချို့ စခန်းများမှာ ကယ်ဆယ်ရေးစခန်း ဟု ရေရေရာရာ မသတ်မှတ်နိုင်ဘဲ ဘုန်းကြီးကျောင်းနှင့် ခရစ်ယာန် ဘုရားကျောင်း များ၏ ကြမ်းပြင်တွင် ဖြစ်သလို နေထိုင်နေကြရကြောင်း သတင်းရရှိသည်။
''ဒုက္ခသည် စခန်းတွေမှာ အများဆုံးတွေ့ရတာ နို့စို့ကလေး၊ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေပဲ များတယ်။ ယောက်ျားသားတွေ သိပ်မရှိဘူး'' ဟု ကချင်ပြည်နယ် ဖားကန့်မြို့ မက်မုံကျေးရွာနေ ဒေသခံ ကိုခင် မောင်ဝင်းက ပြောကြားသည်။
ကယ်ဆယ်ရေးစခန်းတွင်းသို့ ရောက်ရှိနေသူများ၏ လက်ရှိ စား ဝတ်နေရေး အခြေအနေမှာ မြို့ခံ လူထု၏ လှူဒါန်းထားမှုကြောင့် အနည်းငယ် အဆင်ပြေနေသေး ကြောင်း သတင်းရရှိသည်။
''အခု အဆင်ပြေနေပေမယ့် ဒီအတိုင်း ရေရှည်ဆိုရင်တော့ မလွယ်ဘူး။ သူတို့ရဲ့ ကျန်းမာရေး နဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ဒီထက် ပိုထိခိုက်လာနိုင်တယ်။ အခုတောင် သူတို့ရဲ့ စိတ်ထဲမှာ လုံခြုံမှု မရှိဘူး ဆိုတဲ့အသိနဲ့ ကြောက်စိတ်က တော်တော်ကြီးကို နေရာယူထားပြီး ပြီ'' ဟု အဆိုပါ ဒေသသို့ သွား ရောက်လှူဒါန်းခဲ့သည့် ၈၈ မျိုး ဆက် ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက ရှင်းပြသည်။
လက်ရှိ အနေအထားတွင် ဖွင့် လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းများထဲမှ တချို့စခန်းများမှာ မိုးရွာလျှင် ရေကြီးမှုများ ဖြစ်ပေါ် နေ၍ စခန်းတွင်း လာရောက်မှီခို နေရသည့် ကလေးများနှင့် သက် ကြီးရွယ်အို ဒုက္ခသည်များမှာ ထပ် မံ၍ အခက်အခဲများနှင့် ရင်ဆိုင် ကြုံတွေ့နေရသည်ဟု ၄င်းက ဆို သည်။
လတ်တလော အခြေအနေ တွင် မြို့ပေါ်ဒေသများ၌သာ အ နည်းငယ် အေးချမ်းမှုဖြစ်နေပြီး ကျေးလက်ဒေသများ၌ တိုက်ပွဲ များ ထပ်မံဖြစ်ပွားနေကြောင်း ဒေသခံများက ပြောကြသည်။ထိုသို့သော အခြေအနေများ ကြောင့် ကျေးရွာနေလူထုမှာ ကယ် ဆယ်ရေးစခန်းများသို့ လာရောက် ခိုလှုံသူများ ရှိသလို မြို့ပေါ်ဒေသ များသို့ ထွက်ပြေးတိမ်းရှောင် သူ များလည်း ရှိသဖြင့် လတ်တလော အခြေအနေတွင် ကျေးရွာဒေသများ ၌ နေထိုင်သူဦးရေမှာ အလွန်တရာ နည်းပါးလျက်ရှိကြောင်း သတင်း ရရှိသည်။
ဖြစ်ပျက်နေသည့် တိုက်ပွဲ အခြေအနေများကြောင့် လက်ရှိ အခြေအနေတွင် လူတစ်ဦးသေဆုံး ပြီး ၇ ဦး ဒဏ်ရာရရှိထားကာ ဒဏ်ရာရသူများထဲမှ ၄ ဦးမှာ မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်၍ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရကြောင်း ကိုခင်မောင်ဝင်း၏ ပြောပြချက်အရ သိရသည်။
စံကျော်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment