Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Wednesday, 26 September 2012

မြိတ်တွင် ၈၈ မျိုးဆက်ကျောင်းသား အတုပေါ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် မြိတ်မြို့တွင် ၈၈ မျိုးဆက်ကျောင်း သားများအတုအဖွဲ့ တစ်ဖွဲ့ ပေါ်ပေါက်နေကြောင်း မြိတ်ခရိုင် ၈၈ ကျောင်း သားများအဖွဲ့က သတင်းထုတ်ပြန်သည်။
ယင်း အဖွဲ့တုသည် မဂ္ဂါဝပ် ၅ဝ ထုတ်လွှတ်မည့် မြိတ်ကျောက် မီးသွေး ဓာတ်အားပေး စက်ရုံကိစ္စနှင့် ပတ်သက်ကာ ပေါ်ပေါက် လာခြင်းဖြစ်ပြီး ဓာတ်အားပေးစက်ရုံ၏ ကောင်းကျိုးများကို အဓိက ပြောဆိုကြောင်း မြိတ် ၈၈ မျိုးဆက် ကျောင်းသား ဦးအောင်နိုင်ဦးက ဆိုသည်။

ယင်းသို့ မြိတ် ၈၈ အတုပေါ် လာခြင်းကြောင့် မလိုအားအပ်သည့် ပြဿနာ များ၊ ဆူပူမှုများ ပေါ်ပေါက် လာနိုင်ပြီး မြိတ် ၈၈ မျိုးဆက်များက မလုပ်ဆောင် သည့် ကိစ္စရပ်များတွင် ပြည်သူလူထုက အထင် မှားမှုများ ဖြစ်လာနိုင်ကြောင်း ဦး အောင်နိုင်ဦးက ရှင်းပြသည်။
''အခုပေါ်နေတဲ့ မြိတ် ၈၈ မျိုးဆက်ကျောင်းသားများရုံးမှ အသိအမှတ်ပြု ဆက်သွယ်ထားပြီး ဖြစ်ခြင်း၊ (၂)ရန်ကုန်ရုံးမှ ၈၈ အတုက ရန်ကုန် ၈၈ မျိုး ဆက်ရုံးက အသိအမှတ်ပြုထားတာ မဟုတ် ဘူး''ဟု ဦးအောင်နိုင်ဦးက ဆို သည်။
''အခု ရန်ကုန် ၈၈ ကိုလည်း အကြောင်းကြားထားတယ်။ အလံတွေ ရင်ထိုးတွေပို့ပေးပြီးသား ဖြစ်နေလို့ တော်သေးတယ်'' ဟု ၄င်းက ဆိုသည်။
မြိတ်ခရိုင် ၈၈ မျိုးဆက်ကျောင်း သားများကို အဖွဲ့ဝင် ၈ ဦးဖြင့် လက်ရှိ ဖွဲ့စည်းထားပြီး ဦးပေါ်အင်၊ ဥိးလှမော်၊ ဥိးအောင်နိုင်ဦး၊ ဦးတင်ကိုကိုဦး၊ ဦးမိုးသူအောင်၊ ဦးအောင် ကိုယု၊ ဦးသူရအောင်နှင့် ဦးကိုကိုနိုင် တို့က သက်ဆိုင်ရာ မြို့နယ်များ ကို ကိုယ်စားပြုကာ ဖွဲ့စည်းထား ကြောင်း မြိတ် ၈၈ မျိုးဆက်ကျောင်း သားများက တရားဝင် သတင်းထုတ် ပြန်သည်။
''လက်ရှိက ပုလောမြို့နယ် တစ်ခုပဲကျန်တယ်။ ဒီလကုန် ရန်ကုန် ၈၈ ကဆင်းလာပြီးမှ အတည် ဖြစ်မှာ''ဟု မြို့နယ်ကိုယ်စားပြု ပါဝင်သည်နှင့် ပတ်သက်ပြီး ဦးတင် ကိုကိုဦးက ရှင်းပြသည်။
မြိတ်ခရိုင်တွင် တနင်္သာရီ၊ ကျွန်းစု၊ ပုလောနှင့် မြိတ်မြို့နယ် တို့ပါဝင်သည်။
မြိတ် ၈၈ မျိုးဆက်ကျောင်း သားများသည် လက်ရှိတွင် မြိတ် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံ ကိစ္စအတွက် ပညာပေးလုပ် ငန်းများ ဆောင်ရွက်ခြင်း၊ ကျောက် မီးသွေး အစားထိုးလောင်စာ ဓာတ် အားပေးစက်ရုံ အဆိုပြုလှုပ်ရှား မှု များပြုလုပ်ခြင်းအပြင် ဒေသအတွင်း ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင် ရေးလုပ်ငန်းစဉ်များနှင့် အညီဒေသ ခံများနှင့် စဉ်ဆက်မပြတ်တွေ့ဆုံကာ ဆွေးနွေးခြင်း အကြံပေးခြင်း များကို ပြုလုပ်လျက်ရှိသည်။
ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ရုံးကလည်း ယခုပေါ်ပေါက် နေသော အတုအဖွဲ့သည် ၄င်းတို့နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိကြောင်း ပြောဆိုသည်။

Dawei Watch

No comments:

Post a Comment