Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Wednesday, 26 September 2012

နေပြည်တော် ဟိုတယ်များ Presidential Suite တစ်ခန်း ထည့်တည်ဆောက်နေ


အစိုးရ၏ ထပ်ညွှန်းချက်အရ နေပြည်တော်ရှိ ဟိုတယ်များတွင် Presidential Suite အခန်းတစ်စုံစီ မပါမနေရ ထည့်သွင်းရန် စီစဉ်နေပြီဟု နေပြည်တော်ရှိ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
“နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ ထည့်ရမယ်။ ဟိုတယ်အားလုံးက ထည့် သွင်းနိုင်ရင်တော့ ပိုအဆင်ပြေတာပေါ့” ဟု Sky Palace ဟိုတယ်မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။


နေပြည်တော်တွင် အာဆီယံထိပ်သီး အစည်းအဝေးများ ကျင်းပရာ၌ အစည်းအဝေး တက်ရောက်မည့် အစိုးရ အဖွဲ့ ခေါင်းဆောင်များ အဆင့်မီမီ တည်းခိုနေထိုင် နိုင်မည့် Presidential Suite အခန်းနှစ်စုံစီ ရှိလျှင် တည်းခိုနေ ထိုင်ရေး အတွက် အဆင်ပြေနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ ၀န်ကြီး ဦးဌေးအောင်က စက်တင်ဘာ ၂၅ရက်တွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များ မှာ မန်နေဂျာများ၊ ဟိုတယ် ဆောက်လုပ်ရေး တာဝန်ခံများအားတွေ့ဆုံစဉ်က ပြောကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် နေပြည်တော်ဇုန်အတွင်း၌ အနည်းဆုံးအဆင့်မီအခန်း Presidential Suite အခန်း ၂၁ စုံရှိစေရေး အတွက် စီစဉ်နေပြီး တည်ဆောက်ပြီး ဟိုတယ်မားနှင့် တည်ဆောက်ဆဲ ဟိုတယ်များတွင် အနည်းဆုံး တစ်စုံစီ မဖြစ်မနေ ထည့်သွင်းတည်ဆောက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
ယင်း Presidential Suite အခန်းတစ်စုံစီအား လာမည့် အောက်တိုဘာလ၌ အပြီးသတ်တည်ဆောက်ရန်နှင့် နိုဝင်ဘာနှင့် ဒီဇင်ဘာလတွင် အချောပြင် မွမ်းမံ၍ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် ဖွင့်လှစ်နိုင်ရန် လိုအပ်ကြောင်း ၀န်ကြီးမှ ပြောကြားခဲ့ကြောင်း သိရသည်။
နေပြည်တော် ဟိုတယ်ဇုန်တွင် ကြယ်သုံးပွင့် ဟိုတယ် ၁၃ လုံး၊ ကြယ်နှစ်ပွင့် ဟိုတယ် ၇ လုံးနှင့် ကြယ်တစ်ပွင့် ဟိုတယ် ၁ လုံး စုစုပေါင်း ဟိုတယ် ၂၁ လုံး ရှိကြောင်း သိရသည်။

ခိုင်နွယ်ဦး

No comments:

Post a Comment