Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Wednesday, 26 September 2012

"မီဒီယာပြုပြင်ပြောင်းလဲမှု တိုးမြှင့်နေချိန်တွင် ဂျာနယ်နှစ်စောင် အပေါ် တရား စွဲဆိုမှု စွဲချက် တင်ခြင်း အပေါ် မေးခွန်းထုတ်မှု များရှိလာ"



မီဒီယာဖိနှိပ်မှုနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေသည့်ကာလအတွင်း ဂျာနယ်များ အပေါ် တရား စွဲဆိုမှု အား ထပ်ဆင့် တိုးဆောင် ရွက်ခြင်း မှာ နိုင်ငံတော် အကြီး အကဲ များ အနေဖြင့် မသိကျိုး ကျွံပြု ထားခြင်း လား ဟု အားကစား၊ ယဉ်ကျေး မှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်မှု ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးခိုင်မောင် ရည်က မေးခွန်း ထုတ် ပြောကြား လိုက်သည်။


မြန်မာနိုင်ငံ၌ မီဒီယာ ဖွံ့ဖြိုးတိုး တက်ရေးနှင့် မီဒီယာ ပွင့်လင်းမှု အခန်း ကဏ္ဍ တိုးတက် လာသည့် အခြေ အနေ၌ The Voice Weekly ဂျာနယ်နှင့် လျှပ်တစ်ပြက် ဂျာနယ်တို့ အား စွဲဆိုထားသည့် တရား စွဲဆိုမှုကို စွဲချက် တင်သင့်ကြောင်း စက်တင်ဘာ လ ၁၈ ရက်နှင့် ၂ဝ ရက်များတွင် အဆိုပါ ဂျာနယ်များ တရား ရင်ဆိုင် နေရသည့် တရားရုံး အသီးသီးမှ အမိန့် ချမှတ် ခဲ့သည်။
''ဒီအချိန် မှာက ညီအစ်ကို မသိ တသိ အချိန်လို ဖြစ်နေတယ်။ မီဒီ ယာတွေ ကလည်း ဘယ်လို ဟာမျိုး တွေကို ရှောင်ရမယ်၊ ဘယ်လိုဟာ မျိုးတွေ ကို ကျင့်သုံး ရမယ် ဆိုတဲ့ ကျင့်ဝတ်ပိုင်း၊ လုပ်ငန်းပိုင်း ကို ကျယ် ကျယ်ပြန့်ပြန့် သိဖို့လည်း လိုတယ်။ နောက် တစ်ပိုင်းက ဌာန ဆိုင်ရာ တွေ ကလည်း နည်းနည်းလေးမှ အထိမခံဘဲ နဲ့ဖြစ်နေတဲ့ အခြေအနေ လည်း ရှိတယ်'' ဟုမကြာမီ က ဖွဲ့စည်း ခဲ့သော မြန်မာနိုင်ငံ စာနယ် ဇင်း ကောင်စီ (ယာယီ)၏ ဒုတိယ ဥက္ကဋ္ဌ ဆရာမောင် ဝံသက ပြောသည်။
ဂျာနယ်နှစ်စောင်အား တရား စွဲဆိုထားမှု သည် ယနေ့ အချိန်တွင် စွဲချက် တင်သည့် အခြေအနေ အထိ ရောက်လာ သည်မှာ တစ်ဖက်တွင် မီဒီယာ ကန့်သတ်မှုကို ဖြေလျှော့နေ သော်လည်း တစ်ဖက် တွင်ေ အာက် ခြေ ၌ ၄င်း တို့ ဘာသာ ၄င်းတို့ ဆက် လုပ်ကြမည်ဟု ပစ် ထားခြင်း သဘော လား၊ ဥပဒေကြောင်းအရ မည်ကဲ့သို့ သွားနေ သည် လဲ၊ တရားရေးရောက် သွားသည့် အတွက် တရားရေးနှင့်ပဲ ဆိုင်သွားပြီဖြစ်၍ ဝင်ရောက် စွက်ဖက် ရန်မလို ဟုထားခြင်းလား ဟု ဦးခိုင် မောင်ရည်က ထပ်လောင်းပြော သည်။ ''ရှင်းရှင်းပြောရရင် ဒီထက် မက နိုင်ငံတော် ပုန်ကန် မှုတွေနဲ့ သေဒဏ် ချထားတဲ့ သူတွေ၊ အများ ကြီး ဒီဘက် (အစိုးရ ဘက်)က စွပ်စွဲ ထားတာ ခံနေရတဲ့ သူတွေကိုတောင် မှ လွှတ်ပေးနိုင်တာ စတုတ္ထ မဏ္ဍိုင် လို့ပြောနေတဲ့ မီဒီယာ က သူတို့မှာ ဘာမှ မရှိပါဘူး။ အစိုးရ ကို ဆန့် ကျင် တိုက်ခိုက်ပြီးရေး တာလည်း မဟုတ် ပါဘူး။ ဒါကို ခွင့် လွှ တ်ပေး သင့်တာ ကို အခုထိ ခွင့်မလွှတ်နိုင် သေးတာက ဘယ်သူက ခွင့်မ လွှတ် တာလဲ၊ နောက် ပြီးတော့ ဒါကို မသိ ကျိုးကျွံပြုနေ တာလား''ဟု ဦး ခိုင် မောင်ရည်က မေးခွန်း ထုတ်သည်။
မကြာမီက ဖွဲ့စည်းထား ခဲ့သည့် စာနယ်ဇင်းကောင်စီ(ယာယီ)နှင့် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက် မှု ကော် မ တီနှစ်ခု စလုံး သည် တရားဥပ ဒေ စီရင်ရေးပိုင်းတွင် ဝင်ရောက်စွက် ဖက်နိုင်ခြင်း မရှိဘဲ အကြံပြုတိုက် တွန်းခြင်းကို သာ ဆောင် ရွက်နိုင်ေ ကြာင်း ဆရာ မောင် ဝံသနှင့် ဦးခိုင်မောင်ရည် တို့ နှစ်ဦးစလုံးက ဆိုသည်။
မီဒီယာ ပြုပြင်ပြောင်းလဲမှု များနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီး သစ် ဦးအောင်ကြည် ကမူ ဒီမိုကရေစီ စံနှုန်းနှင့် အညီ ဆောင် ရွက် သွား မည်ဖြစ်ပြီး လုံလောက် သော အခြေ အနေဖြစ်ပေါ်ရန် အချိန်ယူ ရဦး မည်ဖြစ်ကြောင်း စက် တင်ဘာလ ၂၄ ရက်က ပြုလုပ် သည့် ဆွေးနွေး ပွဲ တစ်ခု၌ မီဒီယာ များနှင့်တွေ့ဆုံစဉ်ပြောကြားသည်။
ယင်းနှင့် ပတ်သက်၍ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲထွဋ် ကတော့ စက်တင်ဘာလ ၂၅ ရက် က ပေါ်ပြူလာ နယူးစ် မှေ မးမြန်း ခဲ့ ရာတွင် ဂျာနယ်နှစ်စောင် တရားစွဲဆို ခံထားရမှု သည် ဥပေ ဒ ကြောင်း အရသာ ဆောင်ရွက်သွား ရမည်ဖြစ်ပြီး ယင်းသည် မီဒီ ယာပြု ပြင်ပြောင်းလဲမှု အခြေ အနေနှင့် သက်ဆိုင်မှု မရှိကြောင်း အပြန်အ လှန် သက်သေ စစ်ဆေးမှု များနှင့် ဥပဒေ အဆုံးအဖြတ် ပေါ်သာ မူ တည်ကြောင်း ပြောသည်။
The Voice Weekly နှင့် လျှပ်တစ်ပြက် ဂျာနယ်များ အတွက် အ ကျိုးဆောင်ရှေ့နေ အဖြစ်ဆောင် ရွက် ပေးနေသော ရှေ့နေ ဦးဝင်းရွှေ ကမူ စွဲချက် တင်ခံထား ရမှုအပေါ် အဆင့်ဆင့် အယူခံဝင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အမှု တရားရုံး ချိန်းများ အတွင်း မီဒီယာ များနှင့်ေ တွ့ဆုံ စဉ်တွင် ပြောကြားခဲ့ သည်။
အသရေ ဖျက်မှု ပုဒ်မ ၅ဝဝ ဖြင့် The Voice Weekly ဂျာနယ်အား သတ္တုတွင်း ဝန်ကြီး ဌာနမှလည်း ကောင်း၊ ပုဒ်မ ၅ဝ၅ (ခ)(ဂ) ဖြင့် လျှပ် တစ်ပြက် ဂျာနယ်အား ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား ပုဇွန်တောင်မြို့နယ် အုပ် ချုပ်ရေးမှူးက လည်းကောင်း အသီးသီး တရား စွဲဆို ထားခြင်း ဖြစ် သည်။

ဥာဏ်လင်းအောင်

No comments:

Post a Comment