Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Thursday, 20 September 2012

ဒါဒို့ပြည် ဒါဒို့မြေ ဒို့ပိုင်တဲ့မြေ


ယနေ့ နံနက် ၉ နာရီက ပြည်ကြီးတံခွန်မြို့နယ် ကံကြီးကုန်းကျေးရွာနှင့် ဇီးအုပ်ကျေးရွာများရှိ အစိုးရက သိမ်းယူပြီးသော လယ်မြေများတွင် ၀ယ်ယူနေထိုင်မိသူများက မန္တလေးမြို့တော် မြို့တော်ဝန်အမိန့်ဖြင့် ၀င်းခြံများ လာရောက်ဖယ်ရှားသူ စည်ပင်ဝန်ထမ်းများအား မဖျက်ရန် တောင်းပန်ခဲ့ကြကြောင်း သတင်း ရရှိသည်။
အဆိုပါနေရာတွင် မသိနားမလည်၍ ၀ယ်ယူနေထိုင်သူဦးရေ ထောင်နှင့်ချီရှိပြီး မြို့တော်ဝန်က ၁၉ ရက်နောက်ဆုံး ဖယ်ရှားပေးရန် အသိပေးပြီးနောက် ယနေ့ ၂၀ ရက်တွင် လုံခြုံရေးရဲများနှင့်အတူ စည်ပင်ဝန်ထမ်းများက ၀င်းခြံများကို လာရောက်ဖယ်ရှားရာ နေထိုင်သူများက ထိုင်ကန်တော့ တောင်းပန်ခြင်းများပင် ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။ စည်ပင်အရာရှိများက ရဲတပ်ဖွဲ့အင်အားကို အသုံးပြု၍ ဖယ်ရှားမှုကို ဆက်လက်ပြုလုပ်ရန် ညွှန်ကြားသော်လည်း နေ့စားသန့်ရှင်းရေး စည်ပင်ဝန်ထမ်းများက တားဆီးနေကြသည့် လူအုပ်ကြီးကြောင့် နောက်ပြန်လှည့်သွားကြသည်။

ဓာတ်ပုံ- ညီညီဇော်

No comments:

Post a Comment