Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Thursday, 20 September 2012

ရွှေတွံတေးဆရာတော် ကချင်ဒုက္ခသည်များထံသွားရောက်ကူညီ



စက်တင်ဘာ (၂၀)

ရွှေတွံတေးဆရာတော် အရှင်ဝါယမသည် မြစ်ကြီးနားမြို့သို့ စက်တင်ဘာ ၁၄ မှ ၁၆ရက်အထိ ကြွရောက်
Nပီး ကချင်ဒုက္ခသည်များထံ သွားရောက်ကူညီအားပေးခဲ့သည်။ ဒေသခံ တိုင်းရင်းသားများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်တို့ က ကြိုဆိုပြီး ဒုက္ခသည်စခန်းသို့  ပို့ဆောင်ပေးခဲ့သည်။ ဝန်းသိုဘုန်းကြီးကျောင်းတွင် ၁၀၅ ဦး၊ ဝိုင်းမော်သာဂရကျောင်းတွင် ၄၂၀ဦး၊ ခတ်ချိုကျောင်းတွင် ၅၆၀ ဦး၊ တပ်ကုန်းတွယ်ဆန် coc စခန်းတွင် ရဝမ် ၁၃၀ ဦး၊ တပ်ကုန်း ဧမာနွေလ အသင်းတော်တွင် ၄၄ ဦးနှင့် မိုင်းနား AG စခန်းတွင် ခူမျိုးစုံ ၁၉၄ ဦးတို့အား သွားရောက်အားပေးခဲ့သည်။ ဆရာတော်က တီရှပ် များလက်ဆောင်ပေးပြီး နို့ စို့ ကလေးအမေ ၁ဦးလျှင် ၃၀၀၀ ကျပ်၊ လူကြီး ၁ ဦးလျှင် ၂၀၀၀ ကျပ်စီ – ကလေး ၁ ဦးလျှင် ၁၀၀၀ ကျပ်စီနှင့် ရေစစ်အိုး ၁ လုံးစီ ပေးအပ်ခဲ့သည်။


ဒုက္ခရောက်နေသူအားလုံး ကိုယ့်အိမ် ကိုယ့်ရွာ ကိုယ့်ဒေသကိုပြန်ပြီး လွတ်လွတ်လပ်လပ် နေထိုင် စားသောက်ရအောင် အမြန်ဆုံးဖြစ်ဖို့  စခန်းမှာ စုပေါင်းနေထိုင်စဉ် ကျန်းမာရေး ဂရုစိုက်ဖို့ အားပေး
မှာကြားခဲ့သည်။

No comments:

Post a Comment