Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Saturday, 22 September 2012

ခြေနဲ့ အသင်အပြတော်တဲ့ ဆရာမ



သူမကတော့ အိုဟိုင်းအိုးပြည်နယ်က ဂရိဒ် 6-8 အတန်းကို သင်ပြနေရတဲ့ မေရီ ကင်နွန်ပဲဖြစ်ပါတယ်။
မေရီက မွေးကတည်းက လက်မပါခဲ့ပါဘူး။ မက္ကစီကိုက မိဘမဂေဟာတစ်ခုကနေ အိုဟိုင်းအိုးမှ မိသားစုက မွေးစားယူခြဲ့ပီး လူလားမြောက်အောာင် ပညာသင်ကြားစေခဲ့တယ်။ လက်မရှိတော့ အရာရာကို ခြေနဲ့ ကိုင်တွယ်နိုင်အောင် ကြိုးစားခဲ့တယ်။


သင်ပုန်းပေါ်မှာစာရေးခြင်းမက ကွန်ပြူတာနှိပ်တာ၊ ကျောင်းသင်ခန်းစာ ရိုက်နှိပ်တာ သူမကိုယ်တိုင်ပဲ လုပ်ဆောင်ခဲ့တယ်။

အရင်နှစ်က အလုပ်သင်ဆရာမကနေ အခုတော့ အလုပ်ခန့်ဆရာမတစ်ဦး ဖြစ်နေပါပြီ။ ကျောင်းသားလေးတွေရဲ့ စက်ဆုပ်ခြင်းထက် ပိုပြီးအတုယူ အားကျစရာ ဖြစ်နေတယ်။ ကျောင်းသင်ခန်းစာအပြင် အခက်အခဲကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ ခွန်အား ပေးစေတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

သူမကို မသန်စွမ်းသူအဖြစ်မြင်တာ သူမ မကြိုက်ပါဘူး။ ခွဲခြားတာနဲ့ တူကြောင်း ခံစားရတယ်။ လူတွေရဲ့စိတ်ခွန်အားကို မြင့်စေပြီး သူတို့ကို ပြုပြင်ပြောင်းစေခြင်း ဖြစ်ရင် အိုကေပါပြီလို့ ပြောပြပါတယ်။

အခြားသော ဆရာ၊ ဆရာမတွေကလည်း သူမကို ချီးကျူးထောပနာ ပြုကြပါတယ်။ သူမကတောင် လုပ်နိုင်စွမ်းရင် သူတို့ကလည်း ဘာကြောင့် မလုပ်နိုင်ရမလဲဆိုတဲ့ အသိကို ပေးစွမ်းခြင်းကြောင့်လို့ ပြောပြသွားပါတယ်။

မေရီရဲ့ ဗွီဒီယိုကို လေ့လာနိုင်ပါတယ် ..... http://www.youtube.com/watch?v=nAU9S_Icl7I

မေရီ၏ ပုံရိပ်များ.... http://hilight.kapook.com/view/76399

No comments:

Post a Comment