Thursday, 20 September 2012
ဘင်္ဂါလီမူဆလင်များက ညှဉ်းပန်းမှုကြောင့် ဟိန္ဒူ (၂၅) ဦး ပေါက်တော မှ စစ်တွေသို့ ပြောင်းပြေးလာ
အတူနေ ဘင်္ဂါလီမူဆလင်များ၏ ညှဉ်းပန်း ဖိအားပေးမှုကြောင့် မိမိတို့နေထိုင်ရာ ကျေးရွာမှ ထွက်ပြေး လာခဲ့ရသော ပေါက်တောမြို့နယ်အတွင်းမှ ဟိန္ဒူလူမျိုး (၂၅) ဦးတို့သည် ယနေ့ မနက်ပိုင်းတွင် စစ်တွေဈေး ဖောင်တော်ဆိပ်သို့ ရောက်ရှိရာ လံခြုံရေးတပ်ဖွဲ့များ အပါအ၀င် တာဝန်ရှိသူများက သွားကြိုကာ စစ်တွေမြို့ မင်းဗာကြီးလမ်းပေါ်ရှိ ဟိန္ဒူဒုက္ခသည် စခန်းသို့ လိုက်လံပို့ဆောင် ပေးခဲ့ကြသည်။ == ပေါက်တောမြို့နယ် တောလည်ကျေးရွာမှ လူဦးရေ (၂၅)ဦး ရှိ ဟိန္ဒူမိသားစု လေးစု တင်ဆောင် ထားသော စက်လှေသည် ယနေ့ နံနက် ၁၁နာရီခွဲတွင် စစ်တွေမြို့နယ် ဈေးဖောင်တော် သို့ ရောက်ရှိ လာသည်။
== အဆိုပါမိသားစုများ အား တောင်ရွာဘင်္ဂလီကျေးရွာမှ ဘင်္ဂလီများက အတင်းအဓမ္မ အမဲသားကျွေးပြီး မူဆလင်ဘာသာဝင်ခိုင်းသဖြင့် တောလည်ကျေးရွာ သို့ ထွက်ပြေးလာခဲ့ရကာ၊ ယင်းရွာတွင် တစ်လမျှ ကြာပြီးနောက် ယခုမှ စစ်တွေ ဟိန္ဒူဒုက္ခသည်စခန်းသို့ ခိုလှုံခွင့်တောင်းခံကာ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်း သိရသည်။ == စစ်တွေမြို့ပေါ်သို့ ရောက်သည်အထိ လိုက်ပို့လာသူ တောလည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သာဒိုးက ထိုဟိန္ဒူဘာသာဝင်များ လွတ်မြောက်လာပုံကို Coral Arakan အား အောက်ပါ အတိုင်း ပြောပြသည်။
== “ အဲဒီနေ့က ည(၈)နာရီလောက်ရှိမယ်၊ ဓါတ်မီးရောင်တွေ အများကြီး ကျွန်တော်တို့ ရွာကနေ လှမ်းမြင် ရတယ်။ စစချင်းတော့ ဘာမှန်းမသိဘူး။ နောက်တော့မှ သူတို့ (ဟိန္ဒူတွေ) ပြေးလာတာတွေ့ တယ်။ သူတို့နောက်က ဟိုးဘက် တောင်ရွာဘက်က (ဘင်္ဂါလီ) ကုလားတွေ နောက်ကနေ လိုက်လာ တာ ကို တွေ့ရတယ်။ ဒါနဲ့ ကျွန်တော်တို့ ရွာက ထလိုက်ကြတော့မှ ဒီကောင်တွေ(ဘင်္ဂါလီတွေ) ပြန်ပြေး သွားတာ” ဟု ဦးမောင်သာဒိုးက ပြောပြသည်။
== ထိုနည်းတူစွာ စစ်တွေမြို့ သဲချောင်း နှင့် သက်ကယ်ပြင်ဒုက္ခသည်စခန်းများတွင် နှစ်လခန့်ရောက် ရှိနေခဲ့သော ဟိန္ဒူဘာသာဝင် အိမ်ထောင်စု(၁၈)စု လူဦးရေ (၉၈)ဦး တို့အားအား အတူနေ ဘင်္ဂါလီ မူဆလင် ဒုက္ခသည်များက အမဲသားစားခိုင်းခြင်း ဘာသာပြောင်းရန် ဖိအားပေးခြင်းတို့ကြောင့် အတူ ထား ရှိခဲ့ရာမှ ခွဲထုတ်ကာ ပြီးခဲ့သော သြဂုတ်လကျမှ စစ်တွေမြို့တွင်းရှိ ဟိန္ဒူဒုက္ခသည်စခန်းသို့ ပို့ဆောင်ပေးနိုင် ခဲ့သည်။
== (သာထွန်းဦး နှင့် မင်းခရီ ရေးသားသည်။) ======
Anyone can use our content materials except for print media but please mention that the authors are Coral Arakan News Agency and its journalists.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment