မကဒတ( မပ) ၏အစခရီး
မကဒတ( မပ )ဟာ အခက်အခဲတွေကြားကနေ ပေါ်ပေါက်လာတာပါ… ဒီမတိုင်ခင် မကဒတ(ကချင်) ကိုအောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ကြသူတွေကိုလည်း မှတ်တမ်းတင်ကြရမှာပါ…၁၉၉၀မေလ ဆန်းလောက်မှာ ကျွန်တော်ခရိုင်မှူးတာဝန်နဲ့ရွှေကူခရိုင်ကိုသွားရပါတယ်… ကိုညီညီကျော် ကဗန်းမော်ခရိုင်၊ ကိုစိန်အေး ကမိုးညှင်းခရိုင်၊ ကိုအောင်ကြီးကမိုးကောင်းခရိုင်ပါ…
ဗန်းမော်ခရိုင်ထိ ကိုညီညီကျော်၊ကျွန်တော်နဲ့ကိုမျိုးဝင်းတို့သွားတယ်…ကိုညီညီကျော်ဗန်းမော် ခရိုင် မှာ နေခဲ့ပြီး ကိုမျိုးဝင်းနဲ့ကျွန်တော်ကရွှေကူခရိုင်ကိုဆက်သွားပါတယ်…ကိုမျိုးဝင်းလိုက်လာရတဲ့ကိစ္စက အရင်ခရိုင်မှူး ကိုအောင်မိုးကျော် KIA ရဲဘော်တချို့နဲ့စကားအခြေအတင် ဖြစ်ပြီးသေနတ်မှန်သေဆုံး ရတဲ့ကိစ္စရယ်…..စည်းရုံးရေးမှူးတာဝန်ခေတ္တပေးထားတဲ့ ဦုးသန်းထွန်းက မိန်းမယူထား တဲ့ကိစ္စတွေကြောင့် ပါ…..
ရွှေကူခရိုင်ရောက်တော့ကိုအောင်မိုးကျော်ကိစ္စကိုအောက်ခြေရဲဘော်တွေကိုမေးရပါတယ်…ဖြစ်တဲ့နေရာ
တွေဆီသွားကြည့်ပါတယ်…ဗဟိုမှာလည်းလူကြီးချင်းပြောထားပြီးကိစ္စပါ…(မကဒတ-ကချင်)လက်ထက်က
ဖြစ်ခဲ့တာပါ…စကားများရန်ဖြစ်ရင်း ကျည်ဆန်ထွက်ခဲ့လို့ဒီလိုဖြစ်ခဲ့တာလို့နှစ်ဘက်လုံးက ကောက်ချက်ချ တယ်…KIA ရဲဘော်ကို အရေးယူမှုရှိမရှိ သေချာမသိတော့ပါ… ဦးသန်းထွန်းကမိန်းမယူထားပြီးရွာမှာထားတယ်… ငွေကြေးထောက်ပံ့ထားတယ်…အသုံးအဆောင်တွေ
ရေဒီယိုကက်ဆက်ဝယ်ပြီး မိန်းမဆီပို့ထားတယ်… KIA ဆီကငွေထုတ်ပြီး ရဲဘော်တွေကို ရိက္ခာငွေမ ထုတ်ပေးလို့ရဲဘော်တွေအခက်အခဲဖြစ်ကြတာစစ်ဆေးတွေ့ရှိပါတယ်…စစ်ဆေးဘို့ခေါ်ထားစဉ်မှာ ပြန် ထွက်ြေ ပးသွားခဲ့လို့ပြန်လည် ဖမ်းဆီးခဲ့ရပါတယ်…
ဦးသန်းထွန်းကိုဖမ်းဆီးစစ်ဆေးပြီး ကြိမ်ဒဏ်( ၂၀ ) ချက်အပြစ်ပေးခဲ့ပါတယ်… ( ခုံရုံးအဖွဲ့မှာ-ကျွန်တော်၊တပ်ကြပ်ကြီးထွန်းလွင်၊တပ်ကြပ်စန်းအောင် တို့ ၃ ဦး ဖြစ်ပါတယ်…) ၊ကိုစန်းအောင် ကနောက်ပိုင်းမှာ ဗန်းမော်ဘက်မှာ တိုက်ပွဲကျသွားပါတယ်…ကိုမျိုးဝင်းက ကွန်မြူနစ်တွေကိုမကြိုက်တာ အဲဒီမှာတွေ့ခဲ့ဘူးတယ်…ဒီတုံးကဦးအောင်နိုင်တို့အဖွဲ့တွေရှိသေးတယ်…သူတို့ရဲဘော်တွေနဲ့ကိုမျိုးဝင်းနဲ့ စကားအခြေအတင် ဖြစ်ခဲ့ပါတယ်…
ကိုမျိုးဝင်းဗဟိုပြန်သွားပြီးနောက်ပြသနာတခုက၀င်ပါပြီ……ဦးသန်းထွန်းခိုင်းထားတာတွေ လာပို့တာဆိုပြီးရွာသား(၂)ယောက်က လာပေးသွားတာပါ… အထဲဖွင့်ကြည့်တော့စာရွက်စာတမ်းတွေ အများကြီးပဲ…..NATIONAL DEMOCRATIC ARMY ( NDA) အဖွဲ့ဝင်ခွင့်လျှောက်လွှာတွေ ရယ်…မကဒတ(မပ)ကိုလိပ်မူတပ်ထားပြီးတင်မဲ့ အဖွဲ့အစည်းကနှုပ်ထွက်ကြောင်းစာတွေရယ်… NDA ဖွဲ့စည်းကြောင်းရေးထားတဲ့စာတွေပါ…
ရွှေကူခရိုင်တစ်ခုလုံးကရဲဘော်တွေကို NDA အဖွဲ့အဖြစ်ပြောင်းမည့် အစီအစဉ်တွေပါ…. အန္တရာယ် များတဲ့အတွက် ဗဟိုကို အမြန်တင်ပြပြီး ဦးသန်းထွန်းကိုစောင့်ကြည့်နေစဉ် အတွင်းမှာ ဘဲ…ဦးသန်းထွန်းတပ်ကထွက်ပြေးသွားပါတယ်… နောက် ၁၉၉၀ ဇူလိုင်လဆန်းမှာ (၅၀၁)ရင်းမှူး ကိုသိုက်ထွန်းဦး နဲ့ အဖွဲ့ရောက်လာတယ်… တောင်ပိုင်း ကနေလာခဲ့ကြတာပါ…အံ့သြချီးကျူးရပါတယ်… ခရီးအဝေးကြီးကလာခဲ့ကြတာပါ…လူ(၂၀)လောက်ရှိတယ်…တစ်ချို့ကလမ်းခရီးအဆင့်ဆင့်မှာကျန်နေခဲ့တာ တဲ့…ကိုမိုးသီးလွှတ်လိုက်တာဖြစ်ပြီး မြောက်ပိုင်းတပ်တွေနဲ့လက်တွဲအလုပ်လုပ်ဘို့ ဖြစ်ကြောင်း သိရတယ် ….ကိုသိန်းထွန်း(ဆေးမှူး)၊ ကိုသန်းထွတ်၊ကိုနိုင်လင်း(နိုင်/စည်း)၊တို့ပါတာတွေ့တယ်…
ကိုသိုက်က ကျွန်တော့အစ်မတွေနဲ့တစ်တန်းတည်း(Phy-hons) တက်ခဲ့တာသိရတယ်… ကိုမိုးသီး သူငယ်ချင်းပါ….ပိုပြီးရင်းနှီးခဲ့ပါတယ်….တောင်ပိုင်းကရဲဘော်တွေရောက်လာတော့ ၀မ်းသာ ပြီးပျော် ကြတယ်…အားတွေလည်းပိုရှိသွားသလိုခံစားရတယ်…ရဲဘော်တွေလည်းပျော်ကြတယ်…အထိမ်းအမှတ်အနေ နဲ့ဝက်အသေးတစ်ကောင်ဝယ်ပြီး ပေါ်လိုက်ကြတယ်…
ကိုသိုက်နဲ့ရဲဘော်တစ်ဦးကို တရုပ်ပြည်လမ်းကြောင်းအတိုင်း ကားနဲ့ဗဟိုကိုပို့ရပါတယ်…ကျန်တဲ့ ရဲဘော် တွေကို ဗန်းမော်ခရိုင်ကတဆင့် ဗဟိုကိုပို့ဘို့စီစဉ်ပေးရတယ်…(၁၉.၀၇. ၁၉၉၀) အာဇာနည်နေ့ အခန်းအနားကို နှစ်ဖွဲ့ပေါင်းပြီးလုပ်ခဲ့ကြတာသတိရပါတယ်..…
သိပ်မကြာခင်စစ်ဆင်ရေးတွေဝင်လာပါပြီ….ကိုက်ထိပ်ဘက်ကတစ်ကြောင်း၊နမ့်ခမ်း(မန်ဝိန်း)ဘက်က တစ်ကြောင်းမိုင်းခေါန်ဘက်ကတစ်ကြောင်းပါ…ကျွန်တော်တို့ကKIA ရင်း(၁၂) နဲ့တွဲနေတာပါ…
KIA ကာကင်း အဖွဲ့တွေနဲ့တဂျိမ်းဂျိမ်းတိုက်နေတဲ့အချိန် ကျွန်တော်တို့ရုံးအဖွဲ့တွေ၊ KIA ရုံးအဖွဲ့တွေ… နေရာရွှေ့ပြောင်းကြရတယ်…တပ်ကြပ်ကြီးထွန်းလွင်နဲ့တပ်စိပ်တစ်စိပ်ပဲ KIA တွေနဲ့ တွဲပေးထားခဲ့ရတာ မှတ်မိတယ်..…
ပြောင်းကြရွှေ့ကြနဲ့နောက်တစ်လလောက်နေတော့ဗဟိုကအားလုံးပြန်တက်ခဲ့ဘို့ကြေးနန်းဝင်လာ တယ်၁၉၉၀-သြဂုတ်လ တတိယပတ်လောက် ဗဟိုကိုပြန်ရောက်ပါတယ်… ဗဟိုရောက်ပြီးသိပ်မကြာခင် ကိုသံချောင်းမကြာမကြာပြောတတ်တာ မှတ်မိသေးတယ်….ရဲလင်း..မင်းကိုငါသတ်ချင်တာတဲ့…တွေ့ တိုင်းပြော တတ်တယ်…( ၅ )ကြိမ်ထက်မနဲပါ…သူကစိတ်ထဲရှိရင်မြုံမထားဘူး… ထုတ်ပြောတတ်တယ်… ကိုမျိုးဝင်းနဲ့မတူဘူး….
အပတ်စဉ်(၅)ကိစ္စလား- ဦးသန်းထွန်းကိစ္စကိုင်တွယ်တာညံ့တယ်ထင်လို့လား …မပြော တတ်တော့ ဘူး…နောက်တစ်ခုအရေးကြီးတာက ဇော်ကို ကိုအရေးယူတဲ့ကိစ္စပါ….ကျွန်တော်ဗဟိုကိုရောက်ရောက်ချင်း ကြုံရတာပါ..ဇော်ကိုကရှေ့တန်း(မြစ်ကြီးနားခရိုင်)မှာ အဖွဲ့ပိုင်ငွေတွေကို တလွဲသုံးတယ်…ဘိန်းရှူတယ်...
ဆိုပြီးအရေးယူဘို့ဗဟိုကို ပြန်ခေါ်ထားပြီး ဖမ်းထားတယ်…ကိုမျိုးဝင်းတို့က စစ်ခုံရုံးဖွဲ့ပြီးစစ်ဖို့လုပ်နေ ကြတယ်…စစ်ခုံရုံးမှာ အဲဒီတုံးကတရားရေးဋ္ဌာနကိုတာဝန်ယူရတဲ့ ဦးစိန်ပါတာသိရတယ်… ကျန်သူတွေ ဘယ်သူပါတယ်ဆိုတာ မသိဘူး… ဦးစိန်က အဲဒီအချိန်က မြစ်ကြီးနားခရိုင်မှူး တာဝန်ခေတ္တယူပြီး ပြန်ရောက်ချိန် ဖြစ်ပါတယ်…ဒါကြောင့်စစ်ခုံရုံးအဖွဲ့မှာထည့်လိုက်တယ်ထင်တယ်….
ဦးစိန်ကို ဥက္ကဋ္ဌကိုထွန်းအောင်ကျော်က သေသေချာချာမှာပါတယ်…ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်တဲ မှာပါ… ဇော်ကိုရဲ့အသက်ကို တတ်နိုင်သမျှကယ်ပါတဲ့… ဦးစိန်ကညနေကျတော့ကျွန်တော့်ကိုပြောတယ်….
ဘယ်လိုမှကယ်လို့မရတော့ဘူးတဲ့….သေဒဏ်ဆုံးဖြတ်ချက် ချလိုက်ကြတယ်လို့ သိရတယ်… ဒီအချိန်က အပြစ်တစ်ခုရှိရင် စစ်ခုံရုံးဖွဲ့ပြီး ဆုံးဖြတ်ကြတယ်… ဗဟိုကော်မတီက မဆုံးဖြတ်ဘူး… သက်ဆိုင်ရာ တပ်မှူး၊ စစ်ရုံးတာဝန်ခံနဲ့၊စခန်းမှူး ၊ ထောက်လှမ်းရေးတွေနဲ့ခုံရုံးဖွဲ့လေ့ရှိတယ်… မဲခွဲခဲ့မယ်ဆိုရင်တောင် ဦးစိန်ရှုံးမှာသေချာပါတယ်…
ခုံရုံးမှာကတပ်ကသူတွေအများစုနဲ့ဖွဲ့ထားတာဖြစ်နေတယ်… ဇော်ကိုရဲ့ပြစ်ချက်တွေကတော်တော်များတယ် လို့လည်း ဦးစိန်ပြောခဲ့တာရှိသလို… တပ်ဖွဲ့ဝင်တော်တော်များက ဇော်ကို ကိုအပြစ်ရှိသူတယောက် အနေနဲ့မြင်ခဲ့ကြပါတယ်…
၁၉၉၀-စက်တင်္ဘာလောက်မှာထောက်လှမ်းရေးအဖွဲ့တွေကို ပြင်ဆင်တိုးချဲ့ထားတာ ရှိနေပါပြီ… တာဝန်ခံက သန်းဇော်(မန္တလေး)ပါ….ဇော်ဇော်မင်း(နမ္မား)၊ အောင်စိုးမြင့်(မိုးညှင်း)၊ကျော်ထင်ဦး(မိုးညှင်း)၊ ဗညား(မိုးကောင်း)၊နောက်ပိုင်းပါလာသူတွေက သက်လင်း(ဗန်းမော်)၊ဖိုးနှောင်း၊တို့ပါ…
ကွန်မန်ဒိုသင်တန်းKIAကဖွင့်လို့ တပ်စုတစ်စုစာသင်တန်းတက်နေကြတယ် …အောက်တိုဘာလောက် မှာတပ်ရင်း(၇၀၂)တိုးချဲ့ဖွဲ့စည်းတာရှိလာပါပြီ….ဗန်းမော်ခရိုင်ဘက်မှာစည်းရုံးရေးလုပ်ငန်းတွေ အောင်မြင် မှုတွေစရနေပါပြီ….ကိုညီညီကျော်က ဗန်းမော်ခရိုင်မှာတာဝန်ယူတာပါ…
ရွေးကောက်ပွဲနှောင်းပိုင်း ကာလမို့ လူသစ်တွေဆက်လက်ဝင်ရောက် တာတွေရှိလာပါ ပြီ… အောက်တိုဘာလဆန်းလောက်ကျွန်တော်တို့ ရှေ့တန်းနယ်မြေပြန်ထွက်ကြရတယ်…ကိုမြင့်ကျော်၊ ကိုအောင်ကြီး၊ကိုသိုက်ထွန်းဦး(၅၀၁)၊ပါတယ်…(၇၀၂)ရင်းမှူးအောင်သန်း၊နဲ့ကိုမျိုးဝင်းလည်းပါတယ်… ကိုမျိုးဝင်းက စစ်ကြောင်းသွားလာရာမှာ မြင်းတစ်ကောင်ကို စီးပြီးခရီးစဉ်တလျှောက် သွားခဲ့တာမို့ ရဲဘော်တွေရဲ့ မျက်စေ့စပါးမွှေးစူးတာခံရပါတယ်…
KIA တပ်ရင်း(၅)နယ်မြေမိုးညှင်းခရိုင်မှာကိုမျိုးဝင်း၊ကိုစိန်အေးတို့ကျန်ခဲ့ပြီး ၊ကိုအောင်ကြီး၊ ကိုသိုက်ထွန်းဦးနဲ့ ကျွန်တော်ကKIAရင်း(၁၁)နယ်မြေ မိုးကောင်းခရိုင်ကိုသွားကြတယ်… ကိုမြင့်ကျော် (ဗဟိုကော်မတီဝင်) က ပြည်တွင်းကို ပြန်ဝင် ရတာပါ…
နောက်ပိုင်းကိုမြင့်ကျော် အဖမ်းခံရပြီး နန်းတွင်းထောင်မှာ(၂)နှစ်နေခဲ့ရတယ်လို့ သိရပါတယ်… ကိုသိုက်နဲ့ကိုအောင်ကြီးတို့ဖားကန့်ဘက်ထွက်ဘို့လမ်းခွဲသွားကြတယ်…ရင်း(၁၁)နယ်မြေမှာကျွန်တော် ကျန်ခဲ့တယ်….နေက်ပိုင်း ၁၉၉၀-ဒီဇင်ဘာလောက်ထင်ပါတယ်…စစ်ကြောင်းတွေထိုးလာတော့ ရင်း(၁၁) အထိုင်ကခွာ ကြရပြီး တောတောင်တွေထဲမှာဘဲ နေရာရွှေ့ရွှေ့ပြီး နေရတယ်…မကြာခင် ရင်း(၅) နယ်မြေကနေ ကိုသန်းထွန်း စိုးရောက်လာပြီး သူ့ကိုဗဟိုကိုပြန်ဘို့ ကိုမျိုးဝင်းက လွှတ်လိုက်တာဆိုတာ သိရတယ်…ကျွန်တော်လည်း မောင်မောင်ဆိုတဲ့ကျန်းမာရေးမကောင်းတဲ့ ရဲဘော်ကို သူနဲ့အတူ ထည့်ပေး လိုက်တယ်…နောင်ရာပါစခန်းမှာ ဆေးကုရအောင်ပါ…KIA လူခံတစ်ယောက်နဲ့ ဧရာဝတီမြစ် တစ်ဖက် ထိပို့ဘို့စီစဉ်ပါတယ်…
နောက်နေ့ KIA ဒုရင်းမှူးကခေါ်တွေ့ပြီး ဆင်ဘိုအထက်နားမှာ ဆင်ဘိုကလာတဲ့စစ်ကြောင်းက ဖမ်းမိသွားတယ်ပြောပါတယ်… တောင်ယာတဲမှာညအိပ်နေတုံး ဖြစ်တာပါ…KIA လူခံကတဲပေါ်ကခုန်ချပြီး ထွက်အပြေးမှာ ခါးကိုသေနတ်မှန်ပါသေးတယ်…. အဲဒီဒဏ်ရာကိုပြလို့ကြည့်ခဲ့ရတာမှတ်မိတယ်…
နောက်တော့ကိုသန်းထွန်းစိုးနဲ့မြို့ပေါ်မှာ ပြန်ဆုံတယ်…မြစ်ကြီးနားထောင်မှာ(၂)နှစ် နေခဲ့ရတယ်တဲ့ … ကံကောင်းပါတယ်လို့နောက်ပိုင်းမှာဆက်ရှိနေမယ်ဆိုရင် သေစာရင်းထဲပါမှာလို့ပြောတော့- အဲဒီတုံးက ကိုမျိုးဝင်းရေးပေးလိုက်တဲ့စာထဲမှာ သူ့ကိုရှင်းပစ်လိုက်လို့ ရေးထားတယ်တဲ့…အဲလိုပြောတယ်…
၁၉၉၁ဧပြီလောက်ထိ ရင်း(၁၁)နယ်မြေထဲမှာ စစ်ကြောင်းတွေကို ရှောင်ရှားနေခဲ့ရတယ်…KIA ရုံးအဖွဲ့ ၊ ကျောင်းသားရုံးအဖွဲ့၊တွေဘဲရှိတော့တယ်…တိုက်ခိုက်ရေးအဖွဲ့တွေက သံလမ်းအနောက် ဖက်ရောက်ကုန်ပြီ … နောက်တော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) က အတွင်းရေးမှူးနဲ့ (၇)ယောက် ရောက်လာကြတယ်…
ဖားကန့်ဘက်ကနေ ရခိုင်ပြည်နယ်မြောက်ပိုင်း ကိုခရီးဆက်ကြမှာပါ… KIA တပ်ရင်း(၁၁) ရင်းမှူးအသစ် နဲ့အတူဗဟိုကနေလာခဲ့တာပါ…ကရင်ပြည်နယ်ကနေလာခဲ့ကြတာတဲ့…မြန်မာပြည်မြေပုံအတိုင်းတစ်ပတ် ပတ်နေသလားထင်ရလောက်ပါတယ်… လေးစားချီးကျူးမိပါတယ်…XING XING စီးကရက်တွေသွားပေးပြီး စကားပြော မိတ်ဆက်ခဲ့တာမှတ်မိပါတယ်…နောက်တော့ သူတို့လည်းခရီးဆက်ထွက်သွားကြတယ်… KIA စည်းရုံရေးမှူး အဖွဲ့လည်း ပါသွားကြတယ်.
ဒါနဲ့ရင်း(၅)နယ်မြေကအဖွဲ့နဲ့ပေါင်းနိုင်အောင် မိုးညှင်းခရိုင် မြေနီတောင်ဘက်ထွက်ခဲ့ပါတယ်… မြေနီတောင် မရောက်ခင်မှာဘဲ ဒုအရာခံဗိုလ်အောင်ရဲစိုး တို့အဖွဲ့နဲ့ဆုံတယ်… လူသစ်တွေ တော်တော်လေး ပါလာတာတွေ့တယ်… တစ်ချို့ကယာယီစစ်သင်တန်းတက်ပြီးတာသိ ရတယ် .. နောက်တစ်ပတ်လောက်နေတော့
ကိုစိန်အေး(ခရိုင်မှူး) တို့အဖွဲ့တွေနဲ့ဆုံကြတယ်…ရန်ကုန်မှာအတူနေခဲ့တဲ့ ကျော်ဝဏ္ဏ(စမ်းချောင်း- အကသ)မြေနုစခန်းမှာ ကျသွားတာသိရတယ်…
စစ်ကြောင်းတွေထိုးတော့ခရိုင်ရုံးအဖွဲ့(၂)ဖွဲ့ရော လူသစ်တွေရော ပြောင်းရရွှေ့ရနဲ့ တနေရာမှာ(၂)ရက် ထက် ပိုမနေရခဲ့ဘူး…မှတ်မိတာတစ်ခုက- စစ်ကြောင်းတွေရှောင်ရင်း ၆၀ဒီဂရီလောက်မတ် တဲ့တောင်ကြော တစ်ခုကိုတက်နေကြတာ….အဲဒီမှာရဲဘော်တစ်ယောက် အိုလမ်ပီယာ(OLYMPIA) လက်နှိပ်စက်ကြီးကို တရုပ်ကျော ပိုး အိပ်နဲ့လွယ်ပြီးတက်နေတာ... မာန်တင်းပြီးတက်နေတာ… နဲနဲမေးကြည့်တော့ရုံးအဖွဲ့မှာပါတာတဲ့…မိုးညှင်းခရိုင်ရုံး
အဖွဲ့မှာ ၀င်လုပ်ပေးနေတာတဲ့…အိန္ဒိယ CAMP ကနေ မြောက်ပိုင်းကိုစိတ်ဝင်စားလို့ လာခဲ့တာတဲ့…..
ကိုထိန်လင်း…ပါတဲ့…နောက်ပိုင်းကျမှပန်းချီဆရာ၊အနုပညာသမားတစ်ဦးမှန်းသိရတယ်…နောက်ပိုင်း ကိုမျိုးဝင်း ရင်း(၅)နယ်မြေကိုတစ်ခေါက်ပြန်ဆင်းလာပါတယ်… VCS (ဒုစစ်ရေးတာဝန်ခံ)အဖြစ်နဲ့ပါ…
ဗဟိုကျမှဘဲအကျိုးအကြောင်းမေးမယ်လို့စဉ်းစားမိတယ်…မြင်းကိုဂျိုတပ်လိုက်ကြတာလို့အဲဒီတုံးကမြင် တယ် …တွဲ-အတွင်းရေးမှူး(၁) မှာတင် ထောက်လှမ်းရေးရော….ကွန်မန်ဒိုတပ်ခွဲကောကိုင်ထားတာပါ…
KIA ကဗိုလ်မှူးလဇိန်ဘောက်လည်းရောက်လာကြတယ်…DAB အစီအစဉ်နဲ့ တစ်နိုင်ငံလုံးမှာ စစ်ကြောင်း တွေဖွဲ့ပြီး လှုပ်ရှားမှုတွေလုပ်ဖို့တဲ့… ကျွန်တော်တို့ဆီကစစ်ကြောင်း(၂)လို့ထင်တယ်… အစည်းဝေးတွေထိုင်၊ တာဝန်တွေခွဲကြနဲ့ အလုပ်များသွားကြတာမှတ်မိပါတယ်…
၁၉၉၁-ဇူလိုင်တတိယပတ်လောက်ထိ ကောက်ကွေ့ချောင်းဝန်းကျင်၊မြေနီတောင်တ၀ိုက်၊ရင်း(၅)နယ်မြေ၊ ရင်း(၁၁)နယ်မြေတွေမှာလှည့်သွားနေခဲ့ရတယ်…တော်တော်လေးဆင်းရဲပင်ပန်းကြပါတယ်… နောက်တော့ ဗဟိုကိုပြန်တက်ကြဘို့ ကိုစိန်အေး၊KIA အဖွဲကတစ်ချို့နဲ့တိုင်ပင်ပြီး ဗန်းမော်အထက်ဘက်ကနေ ဧရာဝတီကိုကူးပြီးနားလုံ အနီးကနေ နောင်ရာပါစခန်း ကိုရောက်ကြပါတယ်…၁၉၉၁- ဇူလိုင်လကုန် လို့မှတ်မိတယ်…
နောင်ရာပါစခန်းရောက်တော့ မြင်ကွင်းကမလှတော့ပါဘူး…KIA စခန်းရော၊ကျောင်းသား စခန်းရော ရေကြီးလို့ မမှတ်မိလောက်အောင်ပျက်စီးနေတာတွေ့ရပါတယ် …သင်တန်းဋ္ဌာနတွေနဲ့အမြဲ စည်ကားနေခဲ့တာ…
စခန်းဘေးမှာမိုးလဲချောင်းဆိုတာရှိတယ်….စခန်းအလယ်မှာ စမ်းချောင်းသေးသေးလေး ရှိတယ် …တောင်ကျရေ တွေစီးလာပြီး ချောင်းနှစ်ခုပေါင်းပြီး ချောင်းအကြီးကြီးဖြစ်သွားတယ်…အလယ်မှာရှိတဲ့ စခန်းတွေ၊တဲတွေအကုန်ပါသွားတယ်…ညဘက်ကြီးဖြစ်တယ်လို့သိရပါတယ်… ကျောင်းသားရဲဘော် (၁၁)ယောက်ရေထဲပါပြီး ကွယ်လွန်ခဲ့ကြပါတယ်…ရန်ကုန်မှာအတူနေခဲ့တဲ့ ကိုမိုးဟိန်း(စမ်းချောင်း- အကသ) လည်းပါသွားခဲ့တယ်… ညီအစ်ကို တွေလိုနေလာခဲ့တာပါ… KIAရဲဘော်(၃၀)ကျော်လောက်လ ည်း ပါသွား တယ်လို့သိရတယ်…
နောင်ရာပါရွာထဲက ရေထဲမပါဘဲကျန်ခဲ့တဲ့ အိမ်မြင့်လေးတွေမှာတစ်ရက်နားကြတယ်….. ကျမ်းစာအုပ် တွေဖယိုဖရဲရေစိုနေတာတွေ၊ခေါင်မိုးလောက်ထိရေတွေဖြတ်စီးသွားလို့ ရွှံ့နှစ်တွေနံရံ မှာပေကျံနေတာတွေ-စိတ်မကောင်းစွာတွေ့ရပါတယ်….
နောက်နေ့မနက်အစော မကဒတ(မပ)ဗဟိုလိုင်စင်စခန်းကိုဆက်ထွက်ခဲ့ကြပါတော့ တယ်…အမြင့်ပေ ၆၀၀၀ကျော်ရှိပါတယ်…ပုံမှန်သွားရင်လမ်းမှာတစ်ညအိပ်ရတယ်….ညနေပိုင်းမှာတော့ အားလုံး ဗဟိုကိုပြန်ရောက်ကြပါပြီ…ဗဟိုဆိုတာ ရဲဘော်အားလုံးရဲ့ အနွေးထွေးဆုံးသောနေရာ ဖြစ်စေချင်ကြတာ ခံစားဘူးသူများသိကြမှာပါ…..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment