skip to main |
skip to sidebar
ဦးထုပ်တွေ ဖမ်းတယ်နော်
ကျောက်ပန်းတောင်းမြို့မှာ မော်တော် ဆိုင်ကယ်စီးပြီး
ဆိုင်ကယ်စီးဦးထုပ်မဆောင်း တာ စစ်ဆေးရေးအဖွဲ့က တွေ့ရင် ဒဏ်ငွေ
တစ်သောင်းကျော် ရိုက်ပါတယ်။ ဆိုင်ကယ်သမားတွေ့ရင်
ဆိုင်ကယ်စီးဦးထုပ်ဆောင်းဖို့ လက်တို့ပြီး သတိပေးနေတဲ့အချိန်ပါ။
မြို့လယ်လမ်းမကြီးပေါ်က မဟာစားသောက်ဆိုင်မှာလည်း လာတဲ့ဧည့်သည်တိုင်းကို
ဆိုင်ရှင် ကိုသိန်းဝင်းက ‘ဦးထုပ်တွေ ဖမ်းနေတယ်နော် သတိထား’လို့ပြောပါတယ်။
ဆိုင်ကယ်ဦးထုပ်ကို မဆောင်းဘဲ လက်ကိုင်မှာ ချိတ်လာတဲ့ ကိုသန်းဆောင်ကိုလည်း
ဒီလိုပဲ သတိပေးလိုက်ပါတယ်။ အဲဒီကိုသန်းဆောင်ပါပဲ ဆိုင်ကယ်စီးလာတာ၊
ဦးထုပ်မဆောင်းတာ စစ်ဆေးရေးအဖွဲ့က တွေ့ပါလေရော။ ‘ဘာဖြစ်လို့
ဦးထုပ်မဆောင်းတာလဲ’ မေးတော့ ကိုသန်းဆောင်မဖြေဘူး။ ‘ဦးထုပ်မဆောင်းရင်
ဒဏ်ငွေဆောင်ရမယ်’ပြောမှ ကိုသန်းဆောင်က ပုဆိုးဟောင်းနဲ့ လုံလုံခြုံခြုံ
ထုပ်သိမ်းထားတဲ့ ဦးထုပ်ကိုထုတ်ဆောင်းတယ်။ ‘ဘာဖြစ်လို့ယခုမှဆောင်းရတာလဲ’
မေးတော့ ‘ဆိုင်ကယ်ဦးထုပ်တွေ ဖမ်းနေတယ်ကြားလို့ ဝှက်လာတာ’လို့ ကိုသန်းဆောင်က
ဖြေလိုက်တယ်။
Ref: Internet
No comments:
Post a Comment