Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Friday, 21 September 2012

KIA အသုံးချတာခံနေရတဲ့ ABSDF မြောက်ပိုင်းအဖွဲ့



KIA ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာနဲ့ ၅ မိုင်အကွာမှာ KIA ဌာနချုပ်ကိုကာထားတဲ့ စစ်ရေးအခေါ် နဲ့ပြောမယ်ဆိုရင် KIA ရဲ့ရှေ့ဆုံးခံစစ်စည်း(ပထမခံစစ်စည်း)မှာ စက်တင်ဘာလ ၁၇ ရက်နေ့က အစိုးရ စစ်တပ်နဲ့ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ် ပွားခဲ့တယ်။ လဂျားယန်နားမှာ ABSDF (မြောက်ပိုင်း) ကျောင်းသား အဖွဲ့ကို KIA ကရှေ့ဆုံးကနေ ကာကွယ်ဖို့နေရာချထား ခဲ့တာဖြစ်တယ်။ အစိုးရတပ်က ပစ်တဲ့အမြောက် ကြောင့် ABSDF တပ်ဖွဲ့က မောင်ရှင်းကျဆုံးခဲ့ရတယ်။ ဒါကိုကြည့်ရင်မဖြစ်သင့် တဲ့ကိစ္စပါ။ ကချင်ပြည်နယ်မှာ တစ်ဖွဲ့တည်းသာ ကျန်ရှိနေတဲ့ ABSDF ကို KIA ကအသုံးချလိုက်တာပဲ။ အစိုးရနဲ့အရင်ဆုံး ထိပ်တိုက် တွေ့ရမဲ့နေရာတွေမှာ KIA တပ်တွေပဲရှိသင့်တယ်။ KIA ရဲ့ပြောရေးဆိုခွင့်ရှိတဲ့ ဦးလနန်ကသာ တောင်ပြော မြောက်ပြော ပြောနေတာ။ တိုက်ပွဲဖြစ်တိုင်း အစိုးရတပ်က ဘယ်လောက်ကျ သွားတယ်။ KIA ကတော့ အထိအခိုက်မရှိဘူး။ ထာဝရငြိမ်းချမ်းရေးအတွက်ဆိုပြီး အသံကောင်းဟစ်နေတာ။ အစိုးရစစ်တပ်က အထိအခိုက်ရှိသလို KIA ဘက်က ပိုပြီးတော့များလိမ့်မယ်။ KIA ရဲ့လက်ခုပ်ထဲက မြေစာ ဖြစ်သွားရတဲ့ ကချင် တိုင်းရင်းသားအရေအတွက်ဟာ မနည်းလှတော့ဘူးထင်တယ်။ မုဆိုးမအဖြစ်ကျန်ရစ်တဲ့ ကချင်တိုင်းရင်းသူ တွေကိုစစ်တမ်းကောက်ကြည့်ရင် သိနိုင်ပါတယ်။ ဘယ်ဘက်က ဘယ်လောက်ထိခိုက် ကျဆုံးပြီး ဘယ်သူတွေ အတိဒုက္ခရောက်နေရတယ်ဆိုတာ ကျွန်တော်တို့ဒေသခံတွေလောက် ဘယ်သူမှ မသိနိုင်ပါဘူး။ သေချာစွာ စာရင်းလုပ်ကြည့်လိုက်တော့ ဘယ်သူမှမမြတ်ဘဲ ဆုံးရှုံးနေတာကိုတွေ့ရမှာပါ။ အစိုးရတပ်က KIA ဌာနချုပ်နဲ့ ငါးမိုင်လောက် အကွာအဝေးထိ ရောက်နေတာ ဌာနချုပ်ကိုဝင်သိမ်းမယ်ဆိုရင် သိမ်းပိုက်နိုင်တဲ့အနေအထားကို ရောက်နေတာ ဘာကြောင့်မသိမ်းပိုက်သေးတာလဲဆိုတာစဉ်းစားစရာပါ။ နိုင်ငံရေး အရ ဖြစ်လိမ့်မယ်။ ဦးလနန်ရဲ့လေလုံးတွေကြောင့် ဖြစ်မယ်ထင်တယ်။

စက်တင်ဘာလ ၃ ရက်နေ့က ဖားကန့်ကိုကျောက်သွားတူးတဲ့ ကချင်၊ ရှမ်း လူအယောက် ၃၀ ကို KIA က အတင်းအဓမ္မဖမ်းပြီး လူသစ်စုသွားတယ်။ ပြန်ပေးဆွဲသွားတယ်လို့ပြောရင် ပိုမှန်လိမ့်မယ်။ မိဘတွေက သွားရွေးတော့ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့မိန်းကလေးငယ်တွေ ၁၂ယောက်ကို တစ်ယောက် ၂၅၀၀၀ စီတောင်းပြီး ပြန်လွှတ်ပေးလိုက်တယ်။ ဒါတွေဟာအခုမှမဟုတ်ဘူး။ KIA ရဲ့ဓါးပြလို၊ အကြမ်းဖက် သမားလိုလုပ်ဆောင်နေတာကြာခဲ့ပါပြီ။ NLD အဖွဲ့ဝင်တွေ ပါလာလို့သာအင်တာနက်သတင်းပေါ်ရောက်လာ ရတာပါ။ ကချင်လူမျိုးကောင်းစားရေးလို့ ကြွေးကြော်နေပေမယ့် အတင်းအဓမ္မဖမ်းခေါ်တဲ့ကိစ္စတွေ၊ ဓါးပြတိုက်၊ လူသတ်တဲ့ကိစ္စတွေ၊ ဆက်ကြေးတောင်းတဲ့ကိစ္စတွေ၊ ရှမ်းမိန်းကလေးတွေကို KIA စစ်သားတွေ အတင်း အဓမ္မမယားလုပ်ခိုင်းတာတွေ၊ စည်းမဲ့ကမ်းမဲ့ရွာဘေးမှာမိုင်းထောင်တာတွေ၊ လမ်းတံတားတွေမိုင်းခွဲဖျက်ဆီး လို့ သေကြေပျက်စီးဆုံးရှုံးရတာတွေ၊ အဖျက်လုပ်ငန်းမျိုးစုံကို ရက်စက်မှုကမ်းကုန်အောင် ကျူးလွန်နေကြတာ တွေဟာ ကချင်ပြည်နယ်က တိုင်းရင်းသားတွေကြိတ်မှိတ်ခံစားနေရတဲ့ ဒုက္ခတွေပါ။

KIO/KIA ဆိုတာ ၁၉၆၀ ခုနှစ်က လားရှိုးငွေတိုက်ကို ဓါးပြတိုက်ပြီးရတဲ့ ပိုက်ဆံနဲ့ အဖွဲ့အစည်း ကိုစဖွဲ့ခဲ့တာပါ။ အဲဒီနောက်ပိုင်းကစပြီး ဒီနေ့အထိလည်း ပြည်သူတွေဆီက လူသတ်၊ ခြိမ်းခြောက်ပြီးမှ ရလာတဲ့ မသထာရေစာတွေနဲ့ ရပ်တည်လာခဲ့တာပါ။ စက်တင်ဘာလ ၁ ရက်နေ့ကလည်း မိုးကောင်း၊ နမ္မတီး ရွာက မဂျာဒွဲနူးဆိုတဲ့ ကိုယ်ဝန်သည်အမျိုးသမီးကို လူသစ်အဖြစ်နဲ့ စုသွားတယ်။ ဗိုက်ထဲကကလေးလေးက လူ့လောကထဲတောင်မရောက်သေးဘူး။ ကိုယ်ဝန်သုံးလနဲ့တပ်သားသစ်အစုခံရတာ တော်တော်အကြံ ပက်စက်တဲ့ KIA တွေပါပဲ။ KIO/KIA ဟာ ကချင်ပြည်နယ်၊ ကချင်လူမျိုးကောင်းစားရေးအတွက်လို့ ပြောနေ တာဟာ လက်တွေ့နဲ့တခြားစီဖြစ်နေပါပြီ။ ကချင်လူမျိုးရဲ့ဘ၀နဲ့ဆန္ဒတွေကို ကိုယ်စားမပြုဘဲ ထင်ရာစိုင်း ဒုက္ခပေးနေကြသူတွေဖြစ်ပါတယ်။ တစ်အူထုံ့ဆင်းညီအစ်ကိုအရင်းတွေမို့ နွေးနွေးထွေးထွေးနဲ့ ညိနှိုင်း ဆွေးနွေးအဖြေရှာတာကို လက်မခံနားမ၀င်တာမို့ ကျွဲပါးစောင်းတီးသလို အချိန်တွေကုန်လွန်းလှပါတယ်။ ဒီအချိန်တွေ၊ အနိဋ္ဌာရုံတွေကို လက်တွေ့ခံစားနေရတဲ့ ကျွန်တော်တို့မှာတော့ အရှင်လတ်လတ်ငရဲကျနေ တာပါပဲ။ ၈၈ မျိုးဆက်အဖွဲ့တွေ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေနဲ့ UNFC အဖွဲ့တွေက ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေကြတော့မှာလား။ အဆိပ်ပင်ကိုရေလောင်းမြေသြဇာကျွေးသလိုဖြစ်နေပါပြီ။ အရေးကြုံ လာရင်တော့ ပြည်ထောင်စုတပ်မတော်ကြီးကိုပဲ အားကိုးရတော့မယ်။ KIA က ဘီလူးဆိုင်းတီးနေမှတော့ ဘီလူးက ကလို့ လိုင်ဇာဌာနချုပ်ကိုသာမြန်မြန်သိမ်းပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ပြီး ကျူပင်ခုတ် ကျူငုတ်မကျန်အောင် တွယ်ပေးပါတော့လား။ ကျွန်တော်တို့ ပြည်သူတွေ ဘေးကင်းရာကိုရွှေ့ပေးပါ့မယ်။

မနောမောင်

No comments:

Post a Comment