Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Tuesday, 9 October 2012

ဘဏ်ငွေထုတ်လာသူ အမျိုးသမီးထံမှ ငွေထုတ်လုယက်သူကို မကွေးတိုင်းရဲတပ်ဖွဲ့မှ (၂၄)နာရီအတွင်းဖော်ထုတ်နိုင်ခဲ့

Tuesday, October 9, 2012

မကွေးတိုင်းဒေသကြီးမကွေး ခရိုင်မကွေးမြို့ ကမ္ဘောဇဘဏ်မှ ငွေထုတ်ပြီးပြန်လာ သူမိန်းကလေး နှစ်ဦးထံ မှ လမ်း မှဖြတ်၍ ငွေ ထုပ်အားအမည်မသိ ဆိုင်ကယ် စီးယောင်္ကျားသားတစ်ဦးက လုယူထွက်ပြေး သွားမှု အား မြန်မာနိုင်ငံရဲတပ်ဖွဲ့ အထက်ဌာန အဆင့်ဆင့်တို့၏စီမံ ညွှန်ကြားကွပ်ကဲ ဆောင်ရွက်မှု များကြောင့်   ငွေထုပ်လုယူသွား သူအမည်မသိ အမျိုးသားအား (၂၄)နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ (၄.၁၀.၂၀၁၂) နေ့ နေ့လည်(၁၁း၀၀)ကျော် ခန့်က မကွေးမြို့ဆုံရပ် (၁၃) လမ်းနေ (ဘ) ဦးဖိုးတာ ၏ သမီး မထက်ထက်ခိုင် (၂၅)နှစ်နှင့် သူငယ်ချင်းဖြစ်သူအောင်စေတနာ ရပ်ဟိုက်ကလပ်ကဖေး အနီးနေ (ဘ)ဦးမောင်သန်း၏ သမီးမခိုင် ရွှေရည်ဦးတို့သူငယ်နှင်းနှစ်ဦး သည် ငွေကျပ်(၁၅)သိန်းအား ရန်မျိုးအောင်ရပ်ပြည်တော်သာ လမ်းမပေါ်ရှိကမ္ဘောဇဘဏ်မှ ထုတ်ယူပြီး စူပါကတ်မော်တော် ဆိုင်ကယ်ရှေ့ခြင်းထဲသို့ထည့်၍ ပြန်လာခဲ့ရာပြည်တော်သာ လမ်းနှင့် သစ်္စာလမ်းထောင့် အရောက် တွင် ဆိုင်ကယ်စီးအမည် မသိယောက်ျားသားတစ်ဦးက ညာဘက်မှကပ်ပြီး ရန်ကင်းဈေး ဘယ်နားမှာ လဲ ဟု မေးယောင် ပြုကာဆိုင်ကယ်ခြင်းထဲရှိ ပလတ်စတစ်အိတ်ဖြင့်ထည့်ထား သော ငွေ(၁၅)သိန်း ထုတ် အား နှိုက်ယူထွက်ပြေးသွားခဲ့သည် ဆို၏။

ယင်းသို့ လုယူသွားစဉ် ပြည်တော်သာလမ်းအတိုင်း အနောက် မှလိုက်ကာပတ်ဝန်းကျင် သို့အော်ဟစ် အကူအညီတောင်း လိုက်သော်လည်း မရရှိခဲ့ကြောင်း၊ ဗိုလ်ချုပ်လမ်း မအနောက်ရှိယာဉ် ထိန်းရဲ မှ ကျော် လွန် သွားသော ဆိုင်ကယ်စီးသူ၏ ဦးထုပ်အရောင် အား အမှတ်အသားပြု၍ အရှေ့ ဂိတ်အာရှဓါတ်ပုံအနီး ရှိယာဉ်ထိန်း တို့အား စက်ဖြင့်အကြောင်းကြား သော်လည်းအမည်မသိဆိုင်ကယ် စီးအမျိုးသားမှ ဦးထုပ်အား လွှင့်ပစ် ထားခဲ့ခြင်း၊ အပေါ်အင်္ကျီချွတ်ပစ် ထားခဲ့ခြင်း၊ ဗိုလ်ချုပ်ကြေးရုပ် မြောက်ဘက်မှ ရုံးကြီးအရှေ့ ဘက် လူသွားလမ်းသို့ချိုးကွေ့ လွတ်မြောက်သွားခဲ့သည်ဆို၏။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မကွေးမြို့ အမှတ်(၁)ရဲစခန်းမှ (ပ)၂၄၀/၂၀၁၂ ပြစ်မှုပုဒ်မ (၃၈၂)ဖြင့် အမှုဖွင့်လှစ်ထားခဲ့ သည်။ ယင်းနောက်မကွေး အမှတ်(၁)ရဲစခန်းမှ စခန်းမှူး ရဲအုပ်ရဲလွင်က အခင်းဖြစ်ပွားမှု များအား မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင် ရဲတပ်ဖွဲ့မှူး၊ တိုင်းရဲတပ်ဖွဲ့မှူးတို့ထံ အချိန်နှင့် တပြေးညီတင်ပြခဲ့ သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မကွေးတိုင်း ရဲတပ် ဖွဲ့မှူးဦးဝင်းကြည်၏ စီမံညွှန်ကြား မှု ခရိုင်ရဲတပ်ဖွဲ့မှူး ဦးသိန်းဝင်း၏ အနီးကပ် ကွပ်ကဲဆောင်ရွက်မှု မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးတင်မျိုး အောင်နှင့် ရဲအုပ်စခန်းမှူး ရဲလွင် တို့မှ ကိုယ်တိုင်ဦးစီး၍နယ်မြေ အတွင်းရပ်ကင်း/လှည့်ကင်း/ ၀ပ်ကင်းများ နေရာအနှံ့ချမှတ် ထားပြီး မြို့ဝင်/မြို့ထွက် လမ်း များ ပိတ်ဆို့ခြင်းနီးစပ်ရာမြို့များ မှရဲစခန်းများအားအကြောင်းကြား ပိတ်ဆို့စေခြင်း များ ပြုလုပ်ပြီး ဒုစရိုက်သမားများအတွက်နေရာ မရှိစေရ၊ ရဲတပ်ဖွဲ့၏ဆောင်ပုဒ်နှင့် အညီဒုစရိုက် သမားနောက် သို့ ခြေရာကောက်နောက်ကြောင်းခံ၍ နယ်မြေအတွင်းအသွင်အမျိုးမျိုး ဖြင့် စုံစမ်းထောက် လှမ်း ရာမှ အမည်မသိဆိုင်ကယ်စီး ငွေထုတ် လုယူသွားသူ ကျော်သူ (၂၆)နှစ် (ဘ)ဦးစိုးမြင့် ပြည်ကြီးတံခွန် (ဘ-၁၃)ရပ်ကွက် မန္တလေးမြို့နေသူ အား(၂၄)နာရီအတွင်းလက်ရဖမ်း ဆီးနိုင်ခဲ့ပြီး သက်သေခံလုယူ သွားသော ငွေ(၁၅)သိန်းအား အချိန်မီ သိမ်းဆည်းနိုင်ခဲ့သည်။

ယင်းအမှုအားမကွေးအမှတ် (၁)ရဲစခန်းမှ ဆက်လက်စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း မကွေး မြို့နယ်ရဲတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူရဲအရာရှိတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ဟင်္သာ (တောင်တွင်းကြီး)

From -HotNewsJournal

No comments:

Post a Comment