Wednesday, 3 October 2012
ဘကကျောင်းနှင့်ပရဟိတသီလရှင်ကျောင်းများတွင် ဩဂဲနစ်စိုက်ခင်းများထူထောင်ပေးမည်
ရန်ကုန်မြို့ရှိဘုန်းတော်ကြီး သင်ပညာရေးကျောင်းများနှင့် ပရဟိတ သီလရှင်စာသင်တိုက်များကို ဩဂဲနစ် စိုက်ခင်းများ တည်ထောင်ပေးသွား မည်ဖြစ်ကြောင်း မြန်မာ့အစိမ်းရောင် ဖွံ့ဖြိုးမှုအသင်းမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။ အဆိုပါအသင်းသည် ဩဂုတ်လ ၂၉ရက်က ရွှေပြည်သာမြို့နယ်ရှိ ရွှေ ရတနာ ပရဟိတသီလရှင်စာသင်တိုက် တွင် ဩဂဲနစ်စိုက်ခင်းတစ်ခုကို ထူ ထောင်ပေးခဲ့သည်။
''ကျွန်မတို့ရန်ကုန်မြို့မှာရှိတဲ့ ဘုန်း တော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ သီလရှင်ကျောင်းတွေ ကို နေရာ နဲ့လို အပ်ချက်ကိုကြည့်ပြီး ဩဂဲနစ်စိုက်ခင်း တွေတည်ထောင်ပေးသွားမှာပါ''ဟု Myanmar Green Development မှ ဒေါ်ရှိန်းက ပြောသည်။
ယင်းအသင်းသည် ဩဂဲနစ်နည်း ပညာသင်တန်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း များတွင် ဩဂဲနစ် စိုက်ခင်းများ ထူထောင်ေ ပးနေကြောင်း သိရသည်။
''ကျွန်မတို့ အခုလိုလုပ်တယ်ဆို တာစားနပ်ရိက္ခာအပါ အဝင် ကျောင်း တွေရဲ့ပညာရေး၊ ကျန်းမာရေး၊ ပညာ ရေးကို တစ်ဖက်တစ်လမ်းက အထောက် အကူဖြစ်စေဖို့ပါ''ဟု ပြောသည်။အဆိုပါအသင်း သည် နိုဝင်ဘာလ တွင်း ပဲခူးတိုင်းဒေသကြီးရှိ ကျောက် တန်းကျေးရွာ၊ ဝေဠုဝန်ဘုန်းတော်ကြီး သင်ပညာရေးကျောင်း တွင် ဩဂဲနစ် စိုက်ခင်းတစ်ခု ထူထောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment