Saturday, 6 October 2012
မူဆယ်တွင် စစ်တပ်မှ အရာရှိ ဟန်ဆောင်ပြီး သေနတ်အတုဖြင့် ငွေတောင်းသူအား ဖမ်းမိ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းနောင်ရပ်ကွက် တွင်နေထိုင် သူ ဒေါ်နန်းစောရင် ၏ နေအိမ် သို့ သေ နတ် အတုဖြင့် စစ်တပ်မှ အရာရှိ ဟန်ဆောင်ကာ ကားနှင့်ငွေလိမ်လည်တောင်းသူအား ဖမ်းမိ ခဲ့ကြောင်း သိရပါတယ်။ ဒေါ်နန်းစောရင်သည် ခင်ပွန်းသည် သေဆုံးပြီး အမှုရင်ဆိုင်နေရတဲ့ တရားလို တစ်ဦးဖြစ်ပါတယ်။ ခင်ပွန်း သည်ဟာ အောက်တိုဘာ ၂ ရက်နေ့ နေ့လည်ပိုင်းက မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်အနီးရှိ ၀ိန်းပိုင်ရွာတွင် အမည်မသိလူတစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်ခြင်း ခံခဲ့ရ သူဖြစ်ပါတယ်။ အမှုအတွက် လိုအပ်တဲ့ အချက်အလက် တွေကို မေးမြန်းဖို့ရောက်လာတဲ့ ရဲအုပ် တင်အောင် နဲ့အဖွဲ့ကို ဒေါ်နန်းစောရင်မှ သတင်းပို့ပြောပြ ခဲ့တာကြောင့် အထက်ပါ လိမ်လည်သူ ၃ ဦးကို ဖမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
`` နေ့လည် ၁ နာရီလောက်မှာ စစ်တပ်က အရာရှိ အ၀တ်အစားနဲ့ တစ်ယောက်၊ ဆိုင်ကယ်မောင်းသူ တစ်ယောက်၊ ပေါင်း နှစ်ယောက်ဟာ ကျွန်မအိမ်ထဲကိုရောက်လာပါတယ်။ အရာရှိအ၀တ်အစားနဲ့လူက ဗိုလ်ကြီး ရန်နောင်စိုး ဖြစ်ကြောင်းနဲ့ နေပြည်တော်မှ စေလွှတ်လိုက်တဲ့သ ဖြစ်ကြောင်း ပြောပြီး အမှုအ တွက် ငွေ ၅သိန်းတောင်း သွားပါတယ်။ ညနေ ၅ နာရီခွဲလောက်မှာ အရပ်ဝတ်နဲ့ နောက်တစ်ခါပြန်လာပြီး သွားလာရေးအဆင် ပြေစေဖို့ဆိုပြီး ကားတစ်စီးထပ်တောင်းပါတယ်။ ည ၈ နာရီလောက်မှာ တစ်ခေါက်ပြန် လာပြီး အိမ်ကို လုံခြုံ ရေးလုပ်ပေးမယ်လို့ပြောပြီး ပြန်ထွက်သွားပါတယ်။ ကျွန်မလည်း ခင်ပွန်းသည် အမှု အတွက် အဆင်ပြေမယ်ထင်ပြီး သူတို့တောင်းဆိုတာတွေကို ဆောင်ရွက်ပေးခဲ့တာပါလို့ ´´ ဒေါ်နန်းစောရင် က ပြောပြခဲ့ ပါတယ်။
မူဆယ်ခရိုင်မှူး၊ စရဖအဖွဲ့၊ မြို့နယ်ရဲ အဖွဲ့တွေ ပူးပေါင်းပြီး ည ၁၁ နာရီခွဲလောက်မှာ ဒေါ်နန်းစောရင်အိမ် အနီးမှာ သွားရောက် စောင့်ဆိုင်းနေစဉ် ပါရာဒိုကား(နံ့သာရောင်) ဖြင့် လူ ၃ ဦးရောက်ရှိလာပြီး ဒေါ်နန်းစောရင် အိမ်အတွင်း သို့ ၀င်ရောက်လာသဖြင့် လုံးထွေးပြီးဖမ်းဆီးနိုင်ခဲ့ပါတယ်။ ၄င်းအရာရှိ ဟန်ဆောင် ထားသူမှာ ရန်နောင်စိုး ဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှဖြစ်ပါတယ်။
၎င်းကိုင်ဆောင်သည့် သေနတ်မှာ ပစ္စတိုအတု ဖြစ်ကြောင်းလည်း သိရပါတယ်။ ၄င်းအမှုကို မူဆယ် ရဲစခန်းမှ ဆက်လက် စစ်ဆေးစုံစမ်းမှု တွေ ပြုလုပ်နေ တယ်လို့သိရပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment