Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Tuesday, 9 October 2012

ဖားကန့်တွင် တိုက်ပွဲဖြစ် ကျောင်းသား ၃၀၀ ခန့် ၃နာရီ ကျော်ကြာ ပိတ်မိ



ရန်ကုန် ၊ အောက်တိုဘာ ၉

ကျောက်စိမ်းများ ထွက်ရှိသော ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာတွင် တပ်မတော်နှင့် ကေအိုင်အေ တို့ အောက်တိုဘာလ ၉ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ် ဝန်းကျင်မှ စ၍ တစ်နာရီကျော်ကြာ တိုက်ပွဲ များ ဖြစ်ပွားခဲ့ပြီး ယင်းကျေးရွာရှိ အထက်တန်း ကျောင်းမှ ကျောင်း သား ၃၀၀ခန့် ၃နာရီ ကျော်ကြာ ပိတ်မိ ခဲ့ကြောင်း ဒေသခံ များက The Voice Weekly သို့ ပြောကြားသည်။


တပ်မတော် စစ်ကြောင်း ခမရ ၃၈၂ မှ တပ်သား အင်အား ၂၀၀ ခန့် နှင့်ကေအိုင်အေ တပ်မဟာ ၂ အောက်   တပ် ရင်း ၆ တို့ လုံးခင်း ကျေးရွာနှင့် လယ်ပြင် ကျေးရွာအကြား လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်ကြခြင်း ဖြစ်ကြောင်း ၄င်းတို့က ဆိုသည်။

"လက်နက်ကြီး အလုံး၂၀ ကျော် ထုတယ်။အိမ်ရှေ့မှာ တစ်လုံး ကျတယ်။ဘယ်ဖက်က ထုမှန်း မသိရဘူး" ဟု မှော်စီစာ ဘုရား အနီး နေထိုင်သော အမျိုးသား တစ်ဦးကဆိုသည်။

ယင်းတိုက်ပွဲ ဖြစ်ပွားချိန်သည် ကျောင်းသား များ ကျောင်း တက်ချိန် ဖြစ်သည့် အတွက် လုံးခင် ကျေးရွာ   ပေါ်ရှိ ကျောင်းသားများကို မိဘများ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သော်လည်း ပတ်ဝန်းကျင် ကျေးရွာများ မှ ကျောင်းသား များမှာ ပြန်နိုင်ခြင်း မရှိသောကြောင့် လုံးခင်းကျေးရွာ ငြိမ်းချမ်းသာယာ ရပ်ကွက် ဓဋိကာရာမ ကျောင်း တိုက်တွင် ကျောင်းသား ၃၀၀ကျော်ကို စောင့်ရှောက် ထားကြောင်း လုံးခင်ကျေးရွာ ရှိ ကျောင်းသား မိဘတစ်ဦးက ပြောကြားသည်။

" ကျောင်းနားက ကျောက်စိမ်းရုံးကို ကေအိုင်အေက လက်နက်ကြီးနဲ့ ထုတာ" ဟု ၄င်းက ဆိုသည် ။ ကေအိုင်အေ နှင့် နီးစပ်သူ တစ်ဦး ကမူ " ကေအိုင်အေ က ပြောက်ကျားနဲ့ တိုက်ပြီး ပြေးတာ ကို အစိုးရ တပ်တွေက လက်နက်ကြီးတွေ နဲ့ လိုက်ထုတာ" ဟု ဆိုသည်။

ယင်းကဲ့သို့ ကျေးရွာအတွင်းသို့ အပြန်အလှန် လက်နက်ကြီးများ ပစ်ခတ် ခဲ့ခြင်းကြောင့် လူငယ်တစ်ဦး   ကျောက်စိမ်း ရှာဖွေသော ကျင်းထဲသို့ ကျောက်ခဲများ ပိကာ သေဆုံး သွားကြောင်း ဒေသခံများက ဆိုသည်။

နောက်ဆုံးဆက်သွယ်မေးမြန်းချက်များအရ ညနေ ၆ နာရီ မိနစ် ၂၀ တွင် လက်နက်ကြီးများ အပြန်အလှန် ပစ်ခတ်မှု ပြန်လည် စတင်နေပြီ ဖြစ်ကြောင်း ဒေသ ခံများက ဆက်လက်ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment