Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Wednesday, 26 September 2012

ရုရှားအရှေ့ဖျားတွင် ငါးမိုးရွာကျမှုကြောင့် ဒေသခံပြည်သူများ အံ့အားသင့်

Like This PageLiked · Yesterday


မော်စကို စက်တင်ဘာ ၂၅

ရုရှားနိုင်ငံအရှေ့ဖျား ဒေသရှိ လာဇာနာရာမြို့ကမ်းခြေတွင် ကောင်းကင်ယံမှ ငါးများ၊ ကမာကောင်များနှင့် ကဏန်းများ မိုးရွာသကဲ့သို့ ရွာကျလာခြင်း ကြောင့်ဒေသခံ ပြည်သူများမှာ အလွန် အံ့အားသင့်ဝမ်းသာခဲ့ရ သည်ဟု သိရ သည်။
ယင်းကဲ့သို့ ငါးမိုးရွာကျခြင်းသည် ဘိုလာဗန်မုန်တိုင်း တိုက်ခတ်မှုကြောင့် ပင်လယ်အတွင်းမှ ရေသတ္တဝါ များသည် မုန်တိုင်းနှင့်အတူ ရောနှော လိုက်ပါလာပြီး ကုန်းမြေပေါ်သို့ ပြန်ကျလာခြင်းဖြစ် ကြောင်း သိရသည်။
ငါးမိုးရွာကျ ခြင်းကြောင့် အဆိုပါဒေသမှ ပြည်သူများ ပျော်ရွှင်နေချိန်တွင် အိမ်နီးချင်း မြောက်ကိုရီးယား နိုင်ငံ၌ ဘိုလာဗန် မုန်တိုင်းကြောင့် အိမ်များ၊ လမ်းများ၊ ရေလွှမ်းမိုးခဲ့ရကြောင်း၊ မြေပြိုကျမှုများဖြစ်ပွားပြီး ရထားလမ်းများ မြေကြီးအတွင်းသို့ မြုပ်သွားခဲ့ရကြောင်းနှင့် ကောက်ပဲသီးနှံ ဧကပေါင်း များစွာမှာလည်း ပျက်စီးခဲ့ သည်ဟု သိရသည်။
 
မြဝတီ

No comments:

Post a Comment