Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Friday, 21 September 2012

ချယ်ရီကားများနေရာတွင် ဈေးကျလာသည့် ပရိုဘောက်အစားထိုးဝင်ရောက်

ကောင်းမြတ်ဖြိုး ( မြစ်မခ )
by Myit Makha Mediagroup on 21 Sep, 2012

ယခင်ခြောက်လခန့်က လူကြိုက်များခဲ့သောချယ်ရီဝက်ဂွန်ကားများမှာ ဟံသာဝတီကားရောင်းဝယ်ရေးစခန်းများတွင် အရောင်းအ၀ယ်နည်းပါး လာပြီး ချယ်ရီကဲ့သို့ တက္ကစီဆွဲ၍ရသော ပရိုဘောက် (Probox)ကားများမှာ ရေပန်းစားလျက်ရှိကြောင်း ကားအကျိုးတော်ဆောင်များထံက သိရသည်။

“Probox တွေက ဆီစားလည်း သက်သာတယ်၊ တက္ကစီအဖြစ်လည်း မောင်းလို့ရတယ်၊ အိမ်စီးကား အဖြစ်လည်း သုံးလို့ရတော့ များများတင်သွင်းလာကြတယ်” ဟု ဟံသာဝတီကားရောင်းဝယ်ရေးစခန်းမှ ကားပွဲစားလုပ်သက် (၂၀) ကျော်ခန့်ရှိသူ တစ်ဦးကပြောသည်။

Probox ကားများအား ဂျပန်နိုင်ငံမှတင်သွင်းခြင်းဖြစ်ပြီး Toyota ကားကုမ္ပဏီမှ ထုတ်လုပ်သော ကားအမျိုးအစားဖြစ်သည်။

မြန်မာနိုင်ငံတွင်းသို့ရောက်ရှိလာသော Probox ကားများမှာ ၂၀၀၇ မော်ဒယ်များဖြစ်ကြပြီး ဈေးနှုန်းမှာ ကျပ်သိန်း ၁၃၅-၁၄၀ ၀န်းကျင်တွင်ရှိပြီး ပြီးခဲ့သောတစ်လခန့်ကထက် ဆယ်သိန်းခန့် ဈေးကျလာ ကြောင်း သိရသည်။

၂၀၁၂ နှစ်ဆန်းပိုင်းမှစ၍ နှစ်လယ်ပိုင်းလောက်ထိမူ ချယ်ရီဝက်ဂွန်ကားများ ခေတ်စားခဲ့ပြီး ပေါက်ဈေးမှာ ကျပ်သိန်း (၈၀) အောက်တွင် ရှိနေကြသည်။

အဆိုပါ ချယ်ရီများမှာလည်း ဆီစားသက်သာပြီး အိမ်စီးကားအဖြစ်အသုံးပြုနိုင်သော်လည်း ယခုရောင်းအား ကောင်းနေသည့် Probox များနှင့်ယှဉ်လျှင်ကိုယ်လုံးကိုယ်ထည်သေးနေသောကြောင့် နောက်ပိုင်းတွင် Probox များအား လူကြိုက်များလာခြင်းဖြစ်သည်

ချယ်ရီကားများအရောင်းအ၀ယ်ပါးလာခြင်းအကြောင်းတစ်ရပ်မှာလည်း ချယ်ရီကားများတွင် အဆုတ်ကင်ဆာဖြစ်စေနိုင်သော ဓါတ်သတ္တုများပါဝင်နေသည်ဟူသော သတင်းတစ်ရပ်ကြောင့်လည်း ဖြစ်သည်ဟု ဝါရင့်ကားပွဲစားများက ပြောသည်။

ပြည်ပမှ တိုက်ရိုက်မှာယူတင်သွင်းနေသော မော်ဒယ်မြင့်ကားများထဲတွင် လူစီးများသော ကားများ အဖြစ် ကယ်ဒီးနား၊ အဲလဖတ် နှင့် မာခ့်တူး(ရွှေငါး) တို့အားတွေ့မြင်နေရပြီး၊ ဈေးနှုန်းမှာ ကျပ်သိန်း(၂၅၀) ၀န်းကျင်တွင်ရှိနေကြောင်းသိရသည်။

ပြည်ပမှ ကားမှာပေးနေသော် ကြားခံ ဝန်ဆောင်မှု ပေးနေသည့် ဈေးကွက်တစ်ခုတွင် တစ်လလျှင် ပျှမ်းမျှ ကားအစီး (၆၀)ဝန်းကျင်တွင်ရှိကြောင်းကိုလည်း အကျိုးဆောင်များထံက သိရသည်။

၂၀၁၁ သြဂုတ်လမှစ၍ ယခုအချိန်ထိ ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုနှင့် ကားသစ်တင်သွင်းမှုများမှာ အစီးရေ (၆၅၀၀၀)ကျော်ရှိပြီဖြစ်သည်။

No comments:

Post a Comment