Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Wednesday, 26 September 2012

သမိုင်းတွင်သွားပြီ ဖြစ်သည့် ဥပဒေချိုးဖောက်မှု၊


ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ပြည်သူ့လွှတ်တော်သို့ တင်ပြသည့် အစီရင်ခံစာနှင့် ခုံရုံအား စွပ်စွဲပြစ်တင်ချက်ကို ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံသူ ၃၀၇ ဦးရှိပြီး ထောက်ခံသူ ဦးရေမှာ သုံးပုံနှစ်ပုံကျော်လွန်သည့်အတွက် စွပ်စွဲပြစ်တင်မှု အထမြောက်ကြောင်းပြည်သူ့လွှတ်တော်ဥက္ကဌ မှ ဆုံးဖြတ်ခဲ့သည်။ အဆိုပါ ထောက်ခံသူ ၃၀၇ ဦးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်အစည်းအဝေးတက်ရောက်ရန် ပျက်ကွက်သည့် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး၏ သဘော ဆန္ဒ မပါဝင်ကြောင်း သိရသည်။
အဆိုပါ ထောက်ခံသူ ၃၀၇ ဦးသည် ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအား စွပ်စွဲပြစ် တင်မှု အဆိုတင်သွင်းရန် လက်မှတ်ရေးထိုးထောက်ခံထား သူများ ၏ ဆန္ဒသဘောထား များဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဌက ဆက်လက်ပြောကြားရာတွင်"စွပ်စွဲပြစ်တင်ခြင်း ကိစ္စကို လွယ်လွယ် နှင့် မပြုလုပ်နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားပါတယ်။ ထိုကိစ္စကို မိမိအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ အမှန်တကယ် ဆောင်ရွက်လိုခြင်းမရှိပါ။ သို့ရာတွင် လွှဲရှောင်မရသည့် အခြေအနေသို့ ရောက်ရှိလာသည့်အတွက် စိတ်မကောင်းဖွယ်ရာဖြစ်ပါတယ်။ မိမိတို့သည် နိုင်ငံနှင့် နိုင်ငံ သားများ အကျိုးစီးပွားအတွက် တာဝန်နှင့် လုပ်ပိုင်ခွင့်များ ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းတွေလည်း ရှိဖို့လိုပါတယ်။

ဒီလိုသမိုင်းတွင်မယ့်ကိစ္စမှာ မိမိလွှတ်တော်ဥက္ကဌသည်လည်း ထောက်ခံသူဖြစ်သည့်အတွက် ထောက်ခံသူ အရေအတွက် ၃၀၇ ဦးမှာ မိမိကိုလည်းထပ်မံစာရင်းသွင်း လိုပါတယ်။ ဒါ့ကြောင့်စုစုပေါင်းထောက်ခံသူ အရေ အတွက် ၃၀၈ ဦးရှိကြောင်း ကြေညာပါတယ်"ဟု ပြည်သူ့လွှတ်တော် ဥက္ကဌက ခုံရုံးအား စွပ်စွဲပြစ် တင်ခြင်း မဲခွဲဆုံးဖြတ်မှုအပြီးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

သူရဦးရွှေမန်းက “ဒီလိုသမိုင်းတွင်မယ့်ကိစ္စမှာ မိမိလွှတ်တော်ဥက္ကဌသည်လည်း ထောက်ခံသူဖြစ်သည့် အတွက် ထောက်ခံသူအရေအတွက် ၃၀၇ ဦးမှာ မိမိကိုလည်း ထပ်မံစာရင်းသွင်း လိုပါတယ်။ ဒါ့ကြောင့် စုစုပေါင်းထောက်ခံသူအရေအတွက် ၃၀၈ ဦးရှိကြောင်း ကြေညာပါတယ်" ဟူ၍ ကြေညာသွားခဲ့ပါသည်။
 ဟုတ်ပါသည်။ သမိုင်းတွင်သွားပါပြီ။ မည်သို့ သမိုင်းတွင်သည်ကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်

(၁) ဖွဲ့စည်းပုံအခြေခံဥပဒေကို ပထမဦးဆုံး ချိုးဖောက်လိုက်ခြင်း (ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၄)

(၂) ယင်းတို့ ကိုယ်တိုင် ပြည်ထောင်စုအဆင့်ဟူ၍ အခိုင်အမာ သက်သေထားသော ပြည်သူ့လွှတ်တော် ဥပဒေကို ချိုးဖောက်လိုက်ခြင်း(ပြည်သူ့လွှတ်တော်ဥပဒေ ပုဒ်မ ၄၂ နှင့် ၄၃)

(၃) ပြည်သူ့လူထုအကျိုးမပါဘဲ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ထင်ရှားသည့်အပြင် ယင်းတို့ကိုယ်တိုင် အသေအလဲဆုပ်ကိုင်ထားသော ပြည်သူ့လွှတ်တော်ဥပဒေအရ ဥက္ကဌသည် နှုတ်ထွက်ပြီး ဖြစ်နေသဖြင့် ပြည်သူ့လွှတ်တော်အစည်းအဝေးများသည်လည်းကောင်း၊ ယခုဆွေးနွေးဆုံးဖြတ်ချက်များသည်လည်း ကောင်း ဥပဒေနှင့် မညီညွတ်ဘဲ ချိုးဖောက်နေခြင်း၊ (ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ရပ်ရပ် (အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၊ လွှတ်တော်ကော်မတီ၊ ကော်မရှင်များ) (ပြည်သူ့လွှတ်တော် ဥပဒေ ပုဒ်မ ၁၇)

(၄) အထက်အပိုဒ်(၃)ပါ အချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့ ချက်ချင်း နှုတ်ထွက် ပေးရပါမည်။ ထွက်မပေးလျှင် ၄င်းတို့ကိုယ်တိုင် ဥပဒေချိုးဖောက်သူများ ဖြစ်နေသောကြောင့် ပြည်သူ လူထုက ဖြုတ်ချရတော့မည် ဖြစ်ပါသည်။

ကြည်ညိုလေးစား ရိုသေရပါသော ပြည်သူ့လွှတ်တော်ဥက္ကဌကြီးခင်ဗျား-
အထက်ဖော်ပြပါ ဥပဒေပုဒ်မများအရ မိမိကိုယ်တိုင် ဥပဒေချိုးဖောက်မှုများကို တာဝန်သိသိ၊ သတ္တိရှိရှိ ခံယူ၍ ချက်ချင်းနှုတ်ထွက်ပေးပါရန် တောင်းဆိုလိုက်ပါသည်။

(ရဲဘော် ဝေဠု ရေးသည်)
Eleven Media Group မှ ဖော်ပြချက်-

No comments:

Post a Comment