Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Friday, 28 September 2012

မြောက်ပိုင်းမြေမှပုံရိပ်များ အပိုင်း - ( ၅ )




ဒီလိုရက်ရက်စက်စက်စစ်ဆေးခဲ့ကြတယ်

တစ်ရက်မှာကျနော်တို့လူ( ၂၀ )လောက်ကို မျိုးဝင်းတဲဘေးကကွပ်လပ်မှာခေါ်ပြီး ၀ိုင်းထိုင်ခိုင်းထားတယ်… လက်တွေမှာတော့ မိုင်းမှာသုံးတဲ့ ဒီတိုနေတာ တွေကိုချည်ထားခံရပါတယ်….မှတ်မိသလောက်က ကိုကျော်နိုင်ဦး၊ နန်းအောင်ထွေးကြည်၊မခင်ချိုဦး၊ကိုညီညီ၊ကိုချိုကြီး၊ ကိုထွန်းအောင်ကျော်၊ ရန်အောင်၊ ကိုသက်နိုင်၊တို့ပါ….ကိုမျိုးဝင်း၊ကိုလှဆိုင်း၊ကိုသံချောင်း၊သန်းဇော်၊ ဇော်ဇော်မင်း၊ကျော်ထင်ဦးတို့ရှိတယ်….
တစ်ခြားရဲဘော်တွေရှိတယ်. အလယ်ခေါင်မှာ ကိုကျော်ဝေကိုလက်ကောက်ဝတ်မှာဒီတိုနေတာချည်ပြီး ၀ါယာကြိုးနှစ်ပင်ကို ဓာတ်ခဲ(၂)လုံးနဲ့ တွဲထားတယ်….ခုံပေါ်မှာနာရီတစ်လုံးတင်ထား တယ်…ဘေးမှာစင့် တုံးတစ်တုံးနဲ့ ဓားမတစ်ချောင်းချထားတယ်…


          ဆေးဆရာမသိမ့်ဆွေကိုလည်းအသင့်ခေါ်ထားတယ်…..မျိုးဝင်း၊လှဆိုင်း၊သန်းဇော်တို့က ၀ှက်ထား တဲ့ အဆိပ်တွေ(၅)မိနစ်အတွင်း ပေးရမယ်….မပေးရင် ဒီတိုနေတာ ကိုရှော့တိုက်ပြီးခွဲမယ်တဲ့ …..အချိန် စမှတ်ပြီးတော့(၅)မိနစ်အတွင်းပေးဘို့ပြောတယ်…..ကိုကျော်ဝေကမရှိပါဘူးလို့ပြောတယ်….အချိန်စေ့တော့
မယ် ခွဲတော့မယ်လို့ ပြောတယ်….. ခွဲတော့မယ်ဆိုတော့ ကိုကျော်ဝေအံကြိတ်ထားတယ်…. သူ့လက်ကောက်ဝတ်ကဒီတိုနေတာကိုကြည့်ပြီး သူ့လက်တဆတ်ဆတ်တုန်ေ နတယ် …..ခွဲဆိုတဲ့ အသံထွက်လာတယ် ….ဖေါင်းကနဲအသံကြီးထွက်ပြီးမီးခိုးငွေ့နဲနဲထွက်လာတယ်… ကိုကျော်ဝေသူ့ ဘယ်လက် နဲ့….သူ့ညာဘက်လက်ကိုဆုပ်ထားတယ်….လက်ကောက်ဝတ်တစ်ဝက်ကျော်လောက်ပြတ် ပြီး သွေးတွေသဲပေါ်မှာဖြာထွက်သွားတယ်…..ကိုကျော်ဝေအံကြိတ်ထားတယ်…..

          ဆေးဆရာမသိမ့်ဆွေ+၁ ၀င်လာပြီး တဲတဲဖြစ်နေတဲ့လက်ကိုစင့်တုံးပေါ်တင်ပြီး ဖြတ်ထုတ် လိုက်တယ်…. ကတ်ကျေးနဲ့လား၊ဓားမနဲ့လား မမှတ်မိတော့ပါ…..ပြီးတော့ အရေပြားနှစ်ခုကိုတွဲပြီးချုပ် တယ်….ပတ်တီးစည်းပေး လိုက်တယ်…..ပြီးတော့ကိုယ့်နေရာကိုယ်ပြန်ကြရတယ်…..တစ်ချို့ကLECTURE HALLအချုပ်ဆောင်….ကျနော်ကစစ်ရုံးမှာဘဲနေရသေးတယ်ထင်တယ်….ကိုထွန်းအောင်ကျော်လည်း စစ်ရုံးနောက် ခန်းထဲမှာဘဲထားသေးတယ်..

          ရက်ပိုင်းလောက်ပဲခြားမယ်ထင်ပါတယ်… ကိုအေးသက်လတ်(ခ)ကိုအောင်ဖိုးကို အဲဒီနေရာမှာ ဘဲ ခြေထောက်ကိုဒီတိုနေတာချည်ပြီးအဆိပ်တွေပေးဘို့တောင်းကြပြန်တယ်…..ကျနော်တို့တွေအားလုံး အရင်လိုဘဲ လက်မှာဒီတိုနေတာတွေချည်ပြီး ၀ိုင်းထိုင်ကြည့်နေရတယ်….ကိုအောင်ဖိုးခြေချောင်းတွေ မဖြတ်ခင်က လက်တစ်ဖက်က ဖြတ်ခံထားရပြီးပါပြီ…..ကြိုးဖြေတယ်ဆိုပြီး သူ့ လက်ကို ထလရ က ကျော်ထင်ဦးက ထီးရိုးနဲ့အချက်ပေါင်းများစွာရိုက်ခဲ့တာပါ….နောက်တော့ပြည်တည်လှိုက်စား ပြီး လက်ကောက်ဝတ်ကနေ ဖြတ်ပစ်ခဲ့ရတာပါ….

          ကိုကျော်ဝေတုံးကလိုဘဲ(၅)မိနစ်အချိန်ပေးပြီးအဆိပ်တွေထုတ်ပေးဘို့တောင်းကြတာပါ….မပေးနိုင်တဲ့ အခါကျတော့ ဓာတ်ခဲနဲ့ပူးပြီးဒီတိုနေတာကိုခွဲခဲ့ကြပါတယ်….ကိုအောင်ဖိုးလည်း သူ့ခြေထောက်မှာ ချည်ထား တဲ့ ဒီတိုနေတာကိုကြည့်ပြီး အံကြိတ်ခံပါတယ်…ခွဲတော့မယ့်အချိန်စက္ကန့်ပိုင်းကိုစောင့်ရင်း …တဆတ်ဆတ်တုန်ရင်းအံကြိတ်ခံပါတယ်….ဖေါင်းကနဲအသံနဲ့အတူမီးခိုးတွေထွက်တယ်….သွေးတွေက သဲပေါ်ကိုဖြာဆင်းသွားတယ်… ခြေမ၊ခြေညှိုး၊ခြေခလယ်၊ပြတ်ပါသွားပါတယ်…..တစ်ချို့နေရာကအရေပြား အပိုင်းအစတွေကတန်းလန်း….

ခြေမနေရာမှာအဖြူရောင်ဂေါ်လီလုံးအရိုးကဖွေးပြီးပေါ်နေတာခုထိမှတ်မိပါတယ်….ဆေးဆရာမသိမ့်ဆွေက မလိုတာတွေဖြတ်တောက်….ချုပ်လို့ရတဲ့နေရာကိုပြန်ချုပ်….ပတ်တီးစည်းပေးခဲ့ပါတယ်….ကိုကျော်ဝေ၊

ကိုအောင်ဖိုးတို့ကို ရက်ရက်စက်စက်လုပ်တဲ့ကိစ္စမှာ ကိုသံချောင်း၊ကိုမျိုးဝင်း၊ လှဆိုင်း၊သန်းဇော်တို့ဦးစီးပြီး အမိန့်ပေးစေခိုင်း ခဲ့ကြပါတယ်…. ဒီတိုနေတာကိုဓာတ်ခဲနဲ့ပူးပြီးဖေါက်ခွဲခဲ့သူကတော့ ခင်မောင်ဇော်(ခ)ခိုဖြူလေးပါ….အစပိုင်းမှာထောက်လှမ်းရေးလို့စွတ်စွဲပြီးဖမ်းခံခဲ့ရတယ်…. နောက်တော့
ကိုမျိုးဝင်းကပြန်လွှတ်ပေးပြီး ဖမ်းထားတဲ့ကျနော်တို့ ထဲကတစ်ချို့ကို ပြန်စစ်ဆေးခိုင်းခဲ့တယ်…. ဗန်းမော်ခရိုင်ဘက်ခေါ်သွားပြီး ဖမ်းထားတဲ့တစ်ချို့ကျောင်းသားတွေကို  သူကစစ်ပေးခဲ့ရတယ်….

          ကိုအောင်ဖိုးခြေထောက် မဖြတ်ခင်မှာ ကိုသက်နိုင်ကို ကိုသံချောင်းကစစ်မေးတာ တစ်ခုလုပ်ခဲ့ပါ တယ်…. စိတ်မရှည်ဖြစ်ပြီး ကိုသက်နိုင်နားရွက်ကို M 20 ပစ္စတိုနဲ့ပစ်ဖေါက်ခဲ့ ပါတယ်..အားလုံးရှေ့မှာဖြစ် ခဲ့တာပါ…..

          နားရွက်မှာပြားစေ့နီးပါးအပေါက်ဖြစ်သွားတယ်….မီးခိုးစွဲသွေးစို့နေတဲ့အပေါက်မှာ သစ်ကိုင်းစ (သို့)  ဆေးလိပ်တို တစ်ခု ထိုးထားခဲ့ကြတယ်…..တစ်ပတ်လောက်နေတော့အနာကျက်ခဲ့ပေမယ့် (၁၂.၂.၁၉၉၂)အသတ် ခံရတဲ့အထိ အဲဒီနားတစ်ဖက်ဟာ လုံးဝမကြားရတော့ပါဘူး …..အောက် အချုပ်ဆောင်( LECTURE HALL ) မှာကျနော်တို့အတူနေကြရ တုံးကသူ့နားရွက်ကိုပြခဲ့တာလည်း မှတ်မိနေပါ တယ်….ကိုသက်နိုင်ကအပတ်စဉ်(၅) ဆန္ဒပြပြီး ဒါဘာပွဲလုပ်တော့ ကိုမောင်မောင်ကြွယ်၊ ကိုဋ္ဌေးမြင့်ဝင်း၊ကိုရန်အောင်၊ကိုရန်ရှင်းတို့လိုဘဲ မျိုးဝင်းတို့ကို

မေးခွန်းတွေမေးပြီး အဖွဲ့အစည်းကောင်းဘို့အတွက် ပြောခဲ့တဲ့သူတစ်ဦးပေါ့….. မိသားစုက မင်္ဂလာဒုံဈေး ထဲမှာအုန်းသီးငှက်ပျောသီးဆိုင်ဖွင့်တယ်လို့ပြောတာမှတ်မိတယ်….တပ်မိသားစုဝင်တစ်ဦးလို့ ထင်ပါ တယ်…..ဆက်စစ်ဘို့လုပ်နေကြတုံး KIA ကဗိုလ်မှူးပန်းအောင်နဲ့တစ်ချို့ကုန်းပေါ် တက်လာတာတွေ့ တယ်… ကျနော်တို့အားလုံးကိုပြန်ခိုင်းလိုက်ပြီး ကိုသံချောင်း၊ကိုအောင်နိုင်တို့က KIAက ဗိုလ်မှူးပန်းအောင်ကို ကြိုကြပြီး သူတို့၂ ယောက်ရဲ့တဲကိုခေါ်သွားတာတွေ့လိုက်ရပါတယ်….

          ကျနော်တို့အားလုံးလည်း ကိုယ့်နေရာကိုယ်ပြန်ခဲ့ကြရပါတယ်… အဲဒီအချိန်မှာ ကျနော်တို့ ဘယ်လို ခံစားခဲ့ကြရသလဲဆိုတာကို…စကားလုံးတွေနဲ့ဖေါ်ပြဘို့ မလုံလောက် ပါဘူး…..

          စက်တင်ဘာ(၁၇)ရက်နေ့မှာ ကျနော့်ကို အောက်အချုပ်ဆောင်(LECTURE HALL) ကိုရွှေ့ပြောင်းပေးခဲ့ ပါတယ်….အချုပ်ဆောင်မှူးတာဝန်ယူထားတာကတပ်ကြပ်ကြီးအောင်မင်းပါ….KIA တပ်စိတ်တစ်စိတ်လည်း လုံခြုံရေးတွဲယူ ပေးနေပါတယ်….အဲဒီအချုပ်ဆောင်ထဲမှာ အဖမ်းခံနေရ သူပေါင်း(၄၀)လောက်ရှိနေပါပြီ…. ကိုထွန်းအောင်ကျော်နဲ့ကျနော်တို့အသုတ်မှာတင်လူ(၂၀)ကျော် တစ်ရက်တည်းအဖမ်းခံခဲ့ရတယ်…. ကိုထွန်းအောင်ကျော်၊ကိုချိုကြီး၊ဦးစိန်တို့ကို အပေါ်တဲတွေမှာ ဘဲထားပါသေး တယ်…..

          ရင်ပေါင်ကြမ်းလို့ခေါ်တဲ့ ကဒ်ထူစက္ကူကို ကတ္တရာလောင်းထားတဲ့ အမဲရောင်ကဒ်ပြား အပိုင်း အစလေးတွေ ခင်း အိပ်ရတယ်…..ခြုံရတာက စောင်အပိုင်းအစသေးသေးလေးတွေပါ…. တချို့လည်းခြုံ အိပ်စရာ လုံ လုံ လောက်လောက် မရှိပါဘူး…..စားရတာကထမင်းနဲ့ ဆားပါ….. ထမင်းစားပြီး ရင်တော့ရေသောက်လို့ရတယ်….

          လက်ပြန်ကြိုးတုတ်ထားပြီး မျက်လုံးကိုအ၀တ်ပိုင်းနဲ့စည်းပြီးအမြဲပိတ်ထားတယ်…ထမင်းစားချိန်ဘဲ ဖွင့်ရတယ်…ထထိုင်ရတယ်….ညဘက်မှာတော့လုံခြုံရေးတာဝန်ကျတွေက မထင်ရင်မထင်သလို ရိုက်နှက်တာမျိုး တွေရှိတယ်….ကိုယ်တိုင်ခံရတာကတော့ တစ်ညမှာ အချုပ်ဆောင်မှူးအောင်မင်း (တပ်ကြပ်ကြီး)ရဲ့ သတ္တိပြတာကို ခံရတာပါ….G3 ဒင်နဲ့ခေါင်းကိုဆောင့်တယ်… နားထင်ကိုဆောင့်တယ် … သေနတ်ပြောင်းနဲ့ မေးစေ့ကိုရိုက်တယ်… နာရီဝက်ကျော်အစွမ်းပြတယ်…. ၁၀နေရာလောက်ကွဲပါတယ် ….၆နေရာလောက်ချုပ်ရပါ တယ်…. မျက်နှာစည်းကျွတ်လို့ အောက်ငုံ့ကြည့်တော့…သွေးတွေကခြုံအိပ်တဲ့ ဇာခြင်ထောင်အပိုင်းပေါ်မှာ အပုံ လိုက်ခဲနေတယ် …..ခေါင်းတစ်ခုလုံး လေထဲလွင့်နေ သလိုပါဘဲ… .ချုပ်ပေး သူက ဆရာမသိမ့်ဆွေလား၊ဘောက်မိုင် လား၊ဆေးတပ်သား( ဗျောက်သောက် ) လားမမှတ် မိတော့…… ကျန်သူတွေလည်းတော်တော်များများ အရိုက်အနှက်ခံရလို့ ကွဲကြ ချုပ်ကြနဲ့ ကြားသိနေ ရပါတယ်….

          ကင်းစောင့်တဲ့ KIA ရဲဘော်တစ်ယောက်က အားပေးစကားလာပြောတာ….သွေးတွေသုပ်ပေးတာ မှတ်မိတယ်… ရက်ခြားဆိုသလို အဖမ်းခံရသူတွေတိုးလာပါတယ်…. ထလရတွေနဲ့မတဲ့သူတွေ…. နဲနဲ မသင်္ကာ ခံ ရသူတွေ….အဖွဲ့အစည်းမှာအတိုက်အခံလုပ်သူတွေ…..….သိမ်းကြုံးဖမ်းတယ်လို့မြင်ပါတယ်….

မခံနိုင်တော့လို့ကိုယ်လည်းဝန်ခံ နောက်တစ်ယောက်လည်းဆွဲထည့်လိုက်လို့ အဖမ်းခံရသူတွေ လည်းရှိ တယ်…          ထလရ တွေက သူတို့မသင်္ကာသူတွေ…ဖမ်းချင်သူတွေကို လိုင်းတင်မေး လို့..….. ဖြေခဲ့ရ သူတွေလည်းရှိတယ်….တစ်ချို့ကလည်း အသစ်ဖမ်းခံရသူရောက်လာရင် မနက် အပေါ့အလေးသွား ချိန်တွေမှာ အနားရအောင်ကပ်ပြီး မြန်မြန်ဝန်ခံလိုက်ဖို့အကြံပေးကြတယ်….ဘုမသိဘမသိ ၀န်မခံရင်   သေသွားမှာစိုးလို့ ဘယ်လိုဖြေ….ဘယ်ထောက်လှမ်းရေးကလို့ပြော….စသဖြင့် သင်ပေးကြသူတွေ လဲရှိတယ်..          ညဘက်ရောက်ရင်ဘယ်သူ့ကိုခေါ်သွားပြီ…ဘယ်တဲမှာဘယ်သူ့ကိုစစ်နေလို့ အော်နေတာ…စသဖြင့် သိနေရ…ကြားနေရတယ်….ငရဲပြည်ကို အရှင်လတ်လတ်ရောက်နေသလိုမျိုးပေါ့…. ကိုယ့်အလှည့်က ဘယ်တော့ပြန်လာဦးမလဲတွေးပြီး လန့်နေကြရတဲ့ အခြေအနေပေါ့…..      စက်တင်ဘာ တတိယပတ်   လောက်မှာ KIA က ကင်းတာဝန်ယူတာတွေ မရှိတော့ပါဘူး….

          အောက်တိုဘာလဆန်းလောက်ထင်ပါတယ်…ကိုညီညီကျော်(ဗဟိုကော်မတီ-ခရိုင်မှူး) ကိုစစ်ဖို့ ခေါ်သွားတာ..အဲဒီညပြန်လာမပို့ဘူး…. သူနဲ့ကျနော်က ကျောချင်းကပ် အတူထားတာ ….နောက်နေ့ညနေ ကိုမြင့်သိန်း(ကင်းသမား)က ကိုညီညီကျော်ထွက်ပြေးလွတ်မြောက်သွားကြောင်း တိုးတိုးကပ်ပြောသွားလို့ သိရတယ်...ကိုမြင့်သိန်းလည်းသိပ်မကြာခင်အဖမ်းခံရပါတယ်….နောက်ပိုင်း တန်းစီးဖြစ်ပြီး (၅၅)ယောက် ထွက်ပြေး လွတ်မြောက်အောင် ဦးဆောင်စီစဉ်သူထဲမှာ တစ်ဦးဖြစ် ခဲ့ပါတယ်….

          အောက်တိုဘာလကုန်မှာ အလုပ်တွေစခိုင်းနေပါပြီ….ကျောက်တုံးတွေကို မိုင်းခွဲပြီး လမ်းခင်းရတာပါ…ကျောက်တုံးထမ်းသူထမ်း…ခင်းသူခင်း….လှည်းနဲ့ဆွဲတဲ့သူတွေကဆွဲပေါ့….သံခြေ ကျင်းတွေဝယ်လာလို့တစ်ချို့ခြေထောက်မှာချည်နှောင်ခံထားရပါပြီ…..

          အဖမ်းအဆီးကလည်း ဆက်ရှိနေသေးပြီး….စစ်ကြောရေးလုပ်တာလည်းရှိနေတုံးပါဘဲ…..

တစ်ရက်မှာကိုထွန်းအောင်ကျော်ကိုစစ်ဆေးဘို့ အပေါ်ကုန်းကို ထမ်းတင်ပေးဘို့ လူလာခေါ်တော့ ကျနော်နဲ့ ကိုဘိုဘို၊နောက်နှစ်ဦး လိုက်သွားရတယ်….ကိုမျိုးဝင်းတဲဘေးကကွပ်လပ်မှာ ကိုချိုကြီး နဲ့ကိုထွန်းအောင်ကျော်ကို လက်ဝါးကပ်တိုင်တင်ပါတယ်….သံချောင်းက ခုံတစ်လုံးနဲ့ထိုင်ပြီးစစ်မေး ပါတယ်….နောက်တော့ သံချောင်းက ကိုထွန်းအောင်ကျော် လက်ဝါးတွေကို သံရိုက်ထည့်ဘို့ ရာဟု ဆိုတဲ့ရဲဘော်ကိုခိုင်းတယ်…ကွန်မန်ဒိုတပ်စုကပါ… ၄ လက္မသံနဲ့ လက်ဝါးနှစ်ဘက်လုံးကိုရိုက်ထည့် တာပါ….တူမရှိလို့ သစ်သားတုံးတစ်ခုနဲ့ရိုက်သွင်းပါတယ်…

ကိုထွန်းအောင်ကျော်ကနဲနဲညီးပြီးအောင့်ခံပါတယ်….၄၅မိနစ်လောက်စစ်ပြီးမှ ပြန်ဖြုတ်ပေးခဲ့တာပါ….
ကိုချိုကြီး ကိုတော့ ခြေထောက်ရှေ့မှာမီးဖိုထားပြီး မီးအပူဟပ်အောင်လုပ်ထားပါတယ် ….ပူလွန်းလို့ လှည့်ရင်း နဲ့ ခြေထောက် နဲ့ တိုင်နဲ့တွဲချည်ထားတဲ့ကြိုးလျော့ပြီး ခြေထောက် ကနောက်ဘက်ထိ လည်လည်ထွက်ပါတယ်…..

          ကျနော်၊ကိုဘိုဘို၊နဲ့နောက်၂ဦးကထိုင်ကြည့်ခဲ့ရတာပါ….ကင်းတာဝန်ကျကလက်သီး(ခ) ဇော်မြင့်ပါ…..

 ကျည်အိမ်ဖြုတ်…ကျည်ရှင်းပြီး G 3 နဲ့နားထင်ကိုချိန်ပြီး မောင်းဖြုတ်ချတာမျိုးလည်း ကျနော့်ကိုသူက လုပ်ပါတယ်..အပြင်းပြေလုပ်တဲ့သဘောမျိုးပေါ့….အရင်က အချုပ်ဆောင်ထဲမှာ ကင်းမှူးအောင်မင်း ကလည်း အဲဒီလိုလုပ်ဘူးပါတယ်….အချုပ်ဆောင်ထဲမှာ ကျနော်တို့က မျက်နှာကိုအ၀တ်စည်း ခံထားရတာပါ….နဖူးကိုG 3နဲ့တေ့ပြီး ကြောက်အောင်ပြောတယ်…. လှန့်တယ်ပေါ့….ကြွက်ကို ဖမ်းပြီး ကြောင်က ကစားနေသလိုမျိုးပေါ့……

အောက်တိုဘာလဆန်း လောက်မှာ ကိုခင်မောင်ဇော်ကို ကိုမျိုးဝင်းကပြန်လွှတ်ပေးလိုက်ပြီး ဗန်းမော်ခရိုင် ကိုခေါ်သွားပါတယ်….ဒုတိယပတ်လောက်မှာ ကုလား(ခ) (၀င်းနိုင်စိုး) ကို ကိုသံချောင်းအမိန့်နဲ့   ပြန်လွှတ် ပေးလိုက်ပါတယ်…..

အောက်တိုဘာလကုန်လောက်မှာ ကျနော်တို့အားလုံးကို အလံတိုင်ကုန်းနောက်က အပေါ် အချုပ်ဆောင် ကို ပြောင်းလိုက်ပါတယ်…..ဘားတိုက်ဟောင်းကြီးမို့ အကာတွေကိုလည်း အကျဉ်းသားတွေကဘဲ ၀ါးကပ်တွေကာ ကြရပါတယ်….အခင်းကမြေကြီးမှာဘဲ ရင်ဘောင်ကြမ်းအစုပ်တွေ ခင်းအိပ်ကြရ တယ်… အဲဒီကိုရောက်ပြီး သိပ်မ ကြာခင် သီတင်းကျွတ်လပြည့်ကျော်( ၁ ) ရက်နေ့မှာ ဗဟိုကော်မတီဝင်ဦးစိန် (ရန်ကုန်) ကွယ်လွန်ခဲ့ပါတယ်….

          ဦးလေးစိန်ကအချုပ်ဆောင်မှာ ရက်ပိုင်းလောက်ပဲနေခဲ့ရတာပါ….သူ့အတွက်လုပ်ပေးထားတဲ့ ၀ါးကွပ်ပျစ် လေးပေါ်မှာဘဲ အိပ်နေရင်းကွယ်လွန်သွားခဲ့ပါတယ်…..စစ်ကြောရေးမှာ စစ်တာဆေး တာတွေတော့   ခံခဲ့ရပေမယ့်

ပြင်းထန်တဲ့ဒဏ်ရာဒဏ်ချက်တော့ မတွေ့ရပါဘူး….အသက်အရွယ်အရသော်၎င်း စိတ်ခံစားမှုများ ကြုံတွေ့ ခဲ့ရတဲ့ အတွက်၎င်း ကွယ်လွန်သွားခဲ့တယ်လို့ မြင်ပါတယ်…..အကျဉ်းသားများမှဘဲ သင်္ချုင်း မှာ  မြေမြှုတ် သင်္ဂြိုလ်  ခဲ့ပါတယ်….ဆွမ်းသွတ်အမျှပေးဝေခြင်းတော့ မရှိခဲ့ဘူးလို့ မှတ်မိပါတယ်…..

          နောက်ပိုင်း အဖျားအနာများတဲ့အတွက် ကိုစိုးလေး၊ကိုမြင့်သိန်းတို့မှ အစောင့်ဝန်ထမ်းများ ကိုပြောပြီး ၀ါး များခုတ်ကာ ၀ါးကွပ်ပျစ်များ လုပ်ခဲ့ကြရပါတယ်….အလုပ်လုပ်ရာမှာလည်း သူတို့၂ယောက် က ဦးဆောင်လုပ် ကြရ ရင်းနဲ့ နောက်ပိုင်းမှာတန်းစီး သဘောမျိုး ဖြစ်သွားကြပါတယ်….ရှေ့ပိုင်းမှာ မျိုးဇော်အောင်နဲ့ ၀င်းမြင့် တို့ကအကျဉ်းသားတွေကိစ္စလုပ်ပေးရရင်းနဲ့ တန်းစီးသဘောမျိုး ထားတာ ရှိပါတယ်…..မနန်းအောင်ထွေးကြည်….မနန်း စော ၊ မခင်ချိုဦး ၊ မတူးတူး တို့က ထမင်းချက်ပြီး အကျဉ်း သားတွေကို ကျွေးရပါတယ်…. အချုပ်ဆောင်နဲ့ ကပ်လျှက်အနိမ့်ပိုင်းလေးမှာ မီးဖိုကြီးထားပါတယ်….စားရ တာ က ထမင်းနဲ့ဆား၊ ထမင်းကို ဆန်ပြုတ် ဆမ်းပြီး ဆားနဲ့စားရပါတယ်…..

          အချုပ်ဆောင်နဲ့ကပ်လျှက် ဘားတိုက်မှာ ကင်းတပ်စိတ်ကိုထားပြီး (၂) နာရီခြား ကင်းသမား ၂ယောက်က နေ့ည ကင်းစောင့်ပါတယ်….၀င်ပေါက်တပေါက်ထဲရှိပြီး အဲဒီအပေါက်ဝမှာဘဲ အထဲဝင်စောင့် တာပါ….အချုပ်သား အားလုံးက ( ၇၀ ) လောက်ရှိပါတယ်…..နောက်ပိုင်းဗန်းမော်ခရိုင်က ( ၁၅ )ယောက်လောက်ရောက် လာပြီးမှ (၈၅) ယောက်လောက်ဖြစ်သွားပါတယ်….. သင်တန်းဆရာ ကိုဝင်းနောင် (လူ့ဘောင်သစ်- ဗဟန်း) ကို လမ်းမလျှောက်နိုင်တဲ့အတွက်သတ်ပစ်ခဲ့တယ်လို့ သိရပါတယ်….ရင်းမှူးအောင်သန်းမှ အချုပ်ဆောင်တွင်း ပစ်ခတ်မှုကြောင့် ဦးအောင်ကိုး (တပ်ကြပ်ကြီး)   သေနတ်မှန်သေဆုံးခဲ့တယ်လို့သိရပါတယ်….စိုးမင်းအောင်၊ ကိုအေးကျော်(မန္တလေး)၊ တို့ သေဆုံးခဲ့ တယ်လို့သိရပါတယ်…..

          မနက်၅း၀၀နာရီထ…. အပေါ့အလေးသွား….လူစစ်ပြီး အလုပ်တာဝန်တွေခွဲပါတယ်…. အလုပ် မလုပ်နိုင် တဲ့ နေမကောင်းသူတွေ…ခြေပြတ်လက်ပြတ်သူတွေ….အားနဲပြီး လမ်းမလျှောက်နိုင် သူတွေလောက် ပဲကျန်ပြီး အားလုံး အလုပ်လုပ်ရပါတယ်…..အစပိုင်းမှာတော့ မြေပေါက်… လမ်းပြင် …. ကျောက်တုံးတွေခင်း လုပ်ရပါတယ်…. နောက်ပိုင်းမှာတော့ ၀ါးခုတ်၊သစ်ခုတ်၊ အဆောက် အဦးဆောက်… ထင်း(ပင်စည်လုံး)တွေကို အပင်လိုက်ခုတ် ….ဖြတ်တောက်ပြီး ထမ်းပိုးသယ်ယူကြရ ပါတယ်… အချုပ်ဆောင်မီးဖိုကြီးအတွက် လုပ်ရတာလည်းရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ရှိသမျှ ရုံးအဖွဲ့ ….တပ်ဖွဲ့ဝင်တွေအားလုံး အတွက် ထင်းကိစ္စ၊ အဆောက်အဦးဆောက်တဲ့ကိစ္စ၊ ထရံယက်တဲ့ ကိစ္စတွေကို လုပ်ကြရပါတယ်…. အကျဉ်းသားအား လုံးနီးပါးလည်း သံခြေကျင်းတွေနဲ့ ဖြစ်ကုန်ပါပြီ….

          မနက်၈း၀၀နာရီထိတစ်ပိုင်း အလုပ်လုပ်ရပြီး မနက်စာစားရပါတယ်…..၉း၀၀နာရီလောက်ကနေ ညနေ၅း၀၀နာရီထိ ဆက်ပြီးအလုပ်လုပ်ရပါတယ်….ပြီးတော့ညနေစာစားကြရပါတယ်….

          အောက်အချုပ်ဆောင်မှာတင် ကင်းမှူး( ထောင်မှူး) တွေက ညနေ ၆း၃၀ လောက်ကစပြီး သီချင်းဆိုခိုင်း တာမျိုးတွေ ကြိုကြားကြိုကြား ရှိနေပါပြီ…..ကင်းမှူးတွေက အစပိုင်းမှာ တပ်ကြပ်ကြီးအောင်မင်း၊ ဆရာထိန်လွင် တို့ဖြစ်ပါတယ်…အပေါ်အချုပ်ဆောင်ရောက်တော့ ကိုစောမြအောင်….တပ်ကြပ်လှမျိုးအောင်တို့ ပါ…..

          ညနေစာစားပြီးရင် တစ်ဦးနဲ့တဦး လက်ကိုကြိုးချည်ပေးကြရတယ်…. မျက်နှာစည်းတွေ စည်းပေးကြရတယ်… ခြေထောက်မှာတော့ သံခြေကျင်းတွေနဲ့ပေါ့….တစ်ချို့(၅)ယောက်လောက်က ထိပ်တုံးနဲ့နေရတာရှိတယ်….ကိုထွန်းအောင်ကျော်က ထိပ်တုံးနဲ့နေရတာများပါတယ် …တာဝန်ကျ ကင်းသမား  တွေက လှဲနေဘို့မပြောသေးရင်တော့ ထိုင်နေလို့ ရသေးတယ်….

          နောက်ပိုင်းမှာတော့ အလှည့်ကျသီချင်းဆိုတာတွေ လုပ်ကြရတယ်….ကိုထိန်လင်းရဲ့ လူကက်ဆက် တွေဖြစ်သွားကြတာပေါ့….. ၈း၃၀လောက်ဆိုအိပ်ချိန်ပေးတယ်…အိပ်ချိန်ပေးပြီးနောက်ပိုင်း ကတော့ လှုပ်ချင်ရင်တောင် လှုပ်လို့ မရတော့ပါဘူး…..လှုပ်မိရင် တာဝန်ကျကင်းသမားရဲ့ ကန်တာဖြစ်ဖြစ်  ၊ သေနတ်ဒင်နဲ့ခေါင်းကိုဆောင့်တာဖြစ်ဖြစ် ခံရပါတယ်…တစ်ချို့ အိပ်ရင်းနဲ့ စိတ်ဂယောင်ချောက် ချားဖြစ်ပြီး ထထိုင် တာမျိုးတွေဖြစ်တာရှိတယ်…အဲဒီကျရင် ခံရချက်ကမသက်သာ ပါဘူး…..

          နောက်ပိုင်းကျတော့ လှုပ်ချင်ရင် တစ်ဖက်လှည့်ချင်ရင် အိပ်နေရင်းနဲ့…. လှည့်ချင်တယ်…. ဆိုပြီးကင်းသမားကို အော်ပြီးသတင်းပို့ရတယ်…သူကလှည့်ဆိုပြီးပြောမှ လှည့်ရတယ်…. အပေါ့သွားဘို့ အတွက် ဂလူးကို့စ် ပုလင်း (၂) လုံး ခြေရင်းမှာ ထားရတယ်….ည၁၂နာရီမှာတခါ၊ ၄နာရီမှာတခါ တန်းစီးတွေ က အပေါ့စွန့် ဘို့နှိုးတယ်…. မျက်နှာစည်းချွတ်ပြီး ပုလင်းထဲကို အပေါ့စွန့်ရတယ်…. လက်နှစ် ဘက်ပူးပြီး ကြိုးတုတ်ထား တာကိုမဖိတ်အောင် အပေါ့စွန့်ရတယ်….. ဖိတ်ကျရင် မနက်ကျ ကောင်းကောင်း အရိုက်ခံရပါတော့တယ်…..

          ညဘက်တွေမှာတော့ မကြာမကြာ လာရောက် ရိုက်နှက်တာတွေရှိပါတယ်….၂ယောက်စ ၃ယောက်စ အရိုက်ခံရတာရှိသလို အားလုံးထထိုင်ခိုင်းပြီး အကုန်လုံးကို ခေါင်းတွေကို ရိုက်တာလည်း ရှိပါတယ်….ကွဲကြ ပြဲကြပေါ့….. မူးလာပြီးရိုက်တာတစ်မျိုး….တော်လှန်ရေးဒေါသတွေ ပေါက်ကွဲပြီး လာရိုက်တာမျိုးတွေလည်း ရှိပါတယ်….

          တစ်ရက်မှာတော့ ရင်းမှူးအောင်သန်းနဲ့ အဖွဲ့မူးပြီးဝင်လာတဲ့အသံကြားရ တယ်….၉း၃၀လောက်ဖြစ် မယ် ထင်တယ်….အားလုံးထထိုင်ကြဘို့အော်ပြောတယ် …..ဘယ်ဘက်ထိပ် (ကိုထွန်းအောင်ကျော်တို့ဘက်)မှ စရိုက်လာတာ အနားကိုရောက်လာတယ်….မကွဲရင်နောက်တစ်ချက် ထပ်ရိုက်ဘို့ပြောပြီးရိုက်လာကြတာ…..

ခေါင်းနဲ့တုတ်နဲ့ထိမဲ့အချိန်ကိုစောင့်နေရတယ်…..ပထမတစ်ချက်ဒိန်းကနဲအရိုက်ခံရပြီး လင်းကနဲဖြစ်ပြီး ယိုင်သွား တယ်…..ခေါင်းကိုပြန်တည့်လိုက်တဲ့အချိန်မှာ ခုနနေရာကိုဘဲနောက်တစ်ချက်ထပ်ထိပြီး ယိုင်ကျ သွားတယ်…..           ခေါင်းကိုပြန်မတ်ဘို့လုပ်ရင်း ပူနွေးတဲ့အရည်တွေမျက်နှာပေါ်ကဖြတ်စီးနေတာ ထိတွေ့ခံစားရတယ်…. မျက်နှာစည်းချောင်ကျသွားလို့ အောက်ကိုငုံ့ကြည့်တော့ တင်ပလင်ခွေ ထိုင်နေ တဲ့ ပေါင်ပေါ်က စောင်ပေါ်မှာ သွေးတွေက အပုံလိုက် အခဲလိုက် မြင်နေရတယ်…. .ခေါင်းတခုလုံး လေထဲ လွင့်နေ တယ်…..မလဲသွားအောင်စိတ်ကိုစုစည်းပြီးနေရတယ် …..မိနစ်၂၀လောက်ကြာတော့   ဆေးတပ်သား (ဗျောက်သောက်) ရောက်လာပြီး ချုပ်ပေးတာမှတ်မိတယ်….. ၈ချက်လား၊၁၁ချက်လား ချုပ်တယ်ကြားတယ်…..ခဏနေတော့ မူးလာတယ်…..

လှဲအိပ်နေရင်းမူးလာတယ်…..အန်ချင်လာတယ်….ထထိုင်ပြီးအန်ချင်တယ်ပြောတော့ သစ်သားပုံးတခု တန်းစီး ၀င်းမြင့် ကယူလာပေးတယ်….စားထားသမျှထမင်းတွေ အကုန်ပြန်အန်ထွက် တယ်….အရမ်းမူး လာလို့ လှဲနေရင်းကနေ ဘာမှမသိတော့ဘူး၊သတိပြန်ရလာတဲ့ အချိန်မှာ အရင်နေရာမှာ မဟုတ်ဘဲ   နောက် တနေရာ ဖြစ်နေတယ်….၂ရက်သတိမေ့နေတယ်လို့နောက်မှသိရတယ်….
မခင်ချိုဦး က ဆန်ပြုတ်လာတိုက်တာ မှတ်မိတယ်…          ပထမတစ်ဇွန်းမှာတင် ပါးစပ်ထဲမှာ အရမ်းခါးနေတယ်….. အရမ်းမူးနေတယ်….အဲဒါဘဲ သတိရ လိုက်ပြီး ပြန်မေ့သွား တယ်…..နောက်ထမ်း စင်ပေါ်တင်နေတာသိလိုက်တယ်….ကိုစိုးလေးမျက်နှာကိုမြင် လိုက်တယ်.. သင်္ချိုင်းကုန်း အကွေ့ နားရောက်နေ တာသိလိုက်ပြီး မေ့သွားတယ်…..

သတိပြန်ရတော့ KIA ဆေးရုံမှာရောက်နေတယ်….ခေါင်းကဒဏ်ရာက အနာကျက်နေပြီ…. တစ်ပတ်လောက်မေ့နေတယ်လို့ ပြောကြတယ်….ခြေထောက်မှာသံခြေကျင်းနဲ့ဆိုတော့ KIA လူနာတွေ က စားစရာခိုးကျွေးကြတယ်….စည်သူ၊ ဖိုးနှောင်းးနဲ့ နိုင်စောတို့ လာစောင့်တာမှတ်မိတယ် ….လမ်းကောင်းကောင်း မလျှောက်နိုင်လို့လမ်းလျှောက်ပြန်ကျင့်ရတယ်….အားပြတ်သ လိုဖြစ် ပြီး ခြေထောက်ပေါ်ကြာကြာ မရပ်နိုင်ဘူး…

နောက်နေ့ကျတော့ ထလရသန်းဇော်လာခေါ်ပြီး အချုပ်ထောင်ကိုပြန်ပို့တယ်….

          ကိုအောင်ဖိုး(ခ)အေးသက်လတ်နဲ့ ဘေးချင်းကပ်နေရတယ်….ထမင်းစားတော့သူနဲ့ဘဲ ပလပ်စတစ်အခင်း လေးတခုပေါ်မှာ အတူစားရတယ်…. ကိုအောင်ဖိုးကပြောတယ်…. ကိုရဲလင်း ကျနော်နဲ့ အတူစားရတာ အစဉ်ပြေရဲ့လားတဲ့….ကျနော်ကဘာကိုပြောတာလည်း မေးတော့ သူ့ခြေထောက်နဲ့ လက်ကိုကြည့်နေတယ်….

          လက်တဖက်ကလည်းပြတ်နေတယ်….ခြေချောင်းတွေကလည်းပြတ်နေတယ်….သူ့ကိုရွံနေမှာကိုသူအား နာနေတာထင်တယ်….ကျနော်က…ဟာ…ဘာမှမဖြစ်ပါဘူးလို့ချက်ချင်းပြောလိုက်တယ်….သူဒီလိုအခြေ
အနေမျိုး ရောက်နေတာတောင်မှ ….ကိုအောင်ဖိုးရဲ့ အာနာတတ်တဲ့စိတ်…. နူးညံ့တဲ့စိတ်ဓာတ်ကို အမြဲ အမှတ်ရနေမှာပါ……

          အချုပ်ဆောင်ပြန်ရောက်ပြီး (၂)ရက်လောက် အလုပ်မလုပ်ရသေးဘဲ နေရတယ်…. တစ်ရက် အကျဉ်းသားတွေ အလုပ်သွားနေတုံး အချုပ်ဆောင်ရှေ့ကွပ်လပ်မှာ ခဏနေရတယ်…. ကိုထွန်းအောင်ကျော်   တို့လည်းအထဲပြန်မ၀င်ရသေးဘဲရှိနေကြတယ်….၂ပေလောက်ရှိပြီး လက်ကောက်ဝတ်လောက်တုတ်တဲ့ တုတ်တ ချောင်းနဲ့လမ်းလျှောက်နေရတဲ့ အခြေအနေ   ရောက်နေ ပါပြီ….ကျနော်ကို စကားပြောချင်နေပုံရတယ်….ထော့နဲ့ ထော့နဲ့ ကပ်လာတယ်….အစောင့်တွေလစ်တုံး ကျနော်ကို စကားနဲနဲပြောပါတယ်….. သူ့ကိုတော့ထားမှာမဟုတ်ဘူးတဲ့…..တစ်ချိန်ကျအခွင့်ကြုံရင် အဖြစ်မှန်တွေကို ဖေါ်ထုတ်ပေးပါတဲ့…..ကျနော် ခေါင်းညိတ်ပြခဲ့ပေမယ့်….ရှေ့ဘာဖြစ်မလဲဆိုတာမရေ ရာတော့ …..စကားတွေအများကြီး ပြန်မပြောနိုင်ခဲ့ပါဘူး…          နောက်ပိုင်းကျသိရတာက သူ့နားမှာနေ ခဲ့၊ အိပ်ခဲ့ရတဲ့ ကိုထိန်လင်း၊ကိုသိန်းထွန်း၊တို့အပြင် တော်တော် များများကို အဲဒီလိုမှာသွားခဲ့ပါ တယ်….တည်တည်ငြိမ်ငြိမ် နဲ့ဘဲ နောက်ဆုံးအချိန်တွေကို ဖြတ်သန်းသွားခဲ့တာပါ… နောက်ရက်တွေမှာ ကိုဘိုဘို၊ကိုစိုးလေး၊ကိုထိန်လင်းတို့က သူတို့အလုပ်လုပ်ရတဲ့ ထရံယက်ရတဲ့ ဆီမှာတွဲပြီးနေ ခိုင်းတယ်…. ၀ါးဖြတ်ရင်းနှီးဖြာတာသင်ရင်းပေါ့….အချုပ်ဆောင်ထဲမှာ အလုပ်မလုပ်ဘဲနေရင် ချိသွားတာ များတယ် …..ကိုထွန်းအောင်ကျော်၊ကိုချိုကြီးတို့ကိုတော့ တခြားသူတွေနဲ့ အဆက်အဆံမလုပ်အောင် သီးခြား ထားတယ်….စကားမပြောကြရဘူး……

          နောက်ပိုင်းအားပြန်ပြည့်လာတော့ တခြားသူတွေလိုဘဲ ၀ါးခုတ်၊ တိုင်ခုတ်၊ သစ်လုံးပိုင်းတွေသယ်နဲ့ လုပ်ရတယ်….ထရံယက်တဲ့အခါရက်ရတယ်…. ကြားထဲမှာ ၂ခါလောက် ကိုမျိုးဝင်း၊ကိုအောင်နိုင် တို့ က ခေါ်တွေ့တာရှိတယ်…. ထိုင်ခိုင်းထားပြီး ဘာမှမပြောဘဲနေကြတယ်….တစ်ရက်မှာတော့ ဘာပြောချင် သလဲဆိုတာ ကိုမျိုးဝင်းကမေးတယ်…..အကျဉ်းသားတွေအတွက် ရိက္ခာရာရှင် လုပ်ပေး ဘို့ပြောလိုက်တယ် ….နောက်ပိုင်းကျရင် လုပ်ပေးမယ်လို့ပြောတယ်…..

          အကျဉ်းသားတွေက အလုပ်လုပ်ရင်းနဲ့ စားလို့ရတဲ့အရွက်တွေခူးလာကြပြီး ထမင်းစားတဲ့ အခါ   ဝေမျှစားကြတယ်….အစိမ်းစားလို့ရတဲ့ အရွက်တွေက ရေကြက်သွန်၊ စိန်နဘော်ညွန့်၊ မုန်ညင်းရွက်လို အရွက်သေးနဲ့ အပင်လေးတွေပါ…. ဇန္န၀ါရီလောက်ကျမှ ရိက္ခာနဲနဲထုတ်ပေးတယ် ….အာလူး ကိုပါးပါး လှီးပြီးဟင်းရည်ပုံစံမျိုးစားရတယ်…စွန်တန်ဟင်းရည်စားရတယ်…မျှင်ငါးပိအရည်ကျိုစားရတယ်  …၃ရက်လောက်ဆို ကုန်ပြီ….ဟင်းပါတယ်ဆိုရုံစားကြရတာပါ….တစ်ပတ်တခါ အမဲသားကလက် တဆစ်လောက်စားရတယ်….

          နောက်ပိုင်းအကျဉ်းသားတွေက ရေချဉ်ပေါင်၊ အချစ်ပွင့်တွေခူးလာကြပြီး မီးဖိုကြီးကိုပေးပြီး ရိက္ခာလုပ်ကြ တယ်……အားလုံးစားကြတယ်…..

          ဒီလိုနဲ့အကျဉ်းသားဘ၀က အိပ်လိုက်၊စားလိုက်၊ အလုပ်လုပ်လိုက်နဲ့ စက်ရုပ်တွေလိုလို ….မျှော်လင့်ချက်မဲ့ တဲ့ဘ၀တွေအနေနဲ့တရက်ပြီးတစ်ရက်ကုန်သွား တယ်….မာနတွေမရှိတော့ဘူး ၊ခံစားချက်တွေမရှိတော့ဘူး….

တိရိစ္ဆာန်တွေလို ဘ၀မျိုးနဲ့ စခန်းသွားနေကြရတယ်….မျှော်လင့်ချက်တွေ မရှိတော့ဘူး…..

          ကြားထဲမှာ ကိုမိုးဇော်ထွန်း(ခ)ကိုမိုးကြီးကို လာခေါ်သွားပြီး ကိုမျိုးဝင်းအမိန့်နဲ့ လွှတ်လိုက်တယ်…. သူလိုဘဲအားလုံးက လွတ်ချင်ကြတယ်….အားကျကြတယ်…..မျှော်လင့်ကြတယ်…..

          ညဘက်တွေ အလှည့်ကျသီချင်းဆိုကြရတဲ့အခါမှာတော့ ကိုယ့်ခံစားချက်နဲ့ကိုယ် စိတ်ဖြေရာရ ခဲ့တာတွေ တော့ ရှိခဲ့ကြမှာပါ…..အရိုက်အနှက်မခံရဘူးဆိုရင်ပေါ့……

          အချုပ်ဆောင်ထဲမှာ အရှည်ကြီးဝင်းသိန်းဆုံးတာမှတ်မိတယ်….ကိုအောင်မင်း(ကိုထိန်လင်း) ကိုထောင်မှူး လှမျိုးအောင်က နံချပ်ကူနဲ့ လမိုင်းတင်တယ်ဆိုပြီး တညလုံး တနေ့လုံးရိုက်ခဲ့ လို့ သေဆုံး ခဲ့ရတာ မှတ်မိပါတယ်…..

          တစ်ချို့အကျဉ်းသားတွေ အာဟာရချို့တဲ့လို့လမ်းမလျှောက်နိုင်တာတွေ…. .ခြေလက်တွေဖေါယောင်   ပြီး လမ်းမလျှောက်နိုင်တာတွေဖြစ်ကြတယ်…..ဒေသအခေါ်ကတော့ ထုံဖြစ်တယ် လို့ပြောကြတယ်…..တကိုယ်လုံး သန်းကြီးမတွေတက်ပြီး ညဘက်ကောင်းကောင်း အိပ်မရ တဲ့အထိ ဒုက္ခရောက်ကြတယ်…..အလုပ်နားလို့သန်းကြီးမတွေ ရှာရင် ၁၅မိနစ်လောက်နဲ့ အကောင် ၁၀၀လောက် ရတယ်….ကုန်သွားတယ်ဆိုတာမရှိဘူး…..ညဘက်အိပ် ချိန်ကျမှ ကိုယ်ပေါ်မှာတ ရွရွနဲ့ပြေးကြတယ် ….ကိုက်ကြတယ်…..လောကငရဲတခုပေါ့….

by Ko Lin Wai Aung on Friday, September 28, 2012 at 4:56pm ·

No comments:

Post a Comment