Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Friday, 28 September 2012

AB မြောက်ပိုင်းပြန်တွေ ..သူမတူ ခံစားခဲ့ရတဲ့ဒဏ်တွေနဲ့




အသက် ၉ဝ .. မထင်ပေါင်

၇ဝ နေ၇လျှင်ကံကောင်း ..

ဒါတောင် မှတ်ဥဏ် တဝက်နဲ့

Notes ခေါ်တဲ့ မှတ်စုတိုတွေရေးခဲ့မိလို့

တော်သေးရဲ့လို့ဆိုခြင် ..။


မဟုတ်လို့တော့ မောင်မင်းကြီးသားများ

ရက်စက်မှု့ သတ်ဖြတ်မှု့များမှ

ကင်းလွတ်သွားမှာလား ..။

သမိုင်းရဲ့ ဖြစ်စဉ် ပြန်အတွေးနက်

အမေ ရေ .. သမီးတို့အဖြစ်တွေခံရခက်

ကိုယ့်သမိုင်းစစ်ကို ရိုက်ချိုးချေဖျက်

ရက်ပေါင်းကြာရှည် .. သူတို့နှိပ်စက်

အော် ... Electric shock ၂ လုံး နဲ့

ခေါင်းမှာတခု ခြေမှာတခု… စစ်ကြောစဉ် ပြုခဲ့

တယောက်တချက် ရိုက်နှက်ကန်ကြောက်

ဒီဒဏ်ကို ခံစားရင်းနဲ့

အသက်ရှုမရ .. အမှောင်အတိကျ ..

ဘာမှ အသိ သတိမရ ..။

လင်းတဝက် မှောင်တဝက်

သိတချက် မသိတချက် ..

ထိုည အဲ့ဒီည တသက်လုံးအတွက်မေ့မရ ..

ချရေးပေးတဲ့ နာမည် .. တန်းစီနေသည် ..

မှားကုန်ပါပြီ .. ကျမကြောက်ပါသည်..

ငိုကြွေးကာ တောင်းပန်လဲမရ .

မျိုးဝင်းမှပြောတဲ့စကား

မင်းသူတို့ကိုမကြောက်နဲ့ ..မင်းကြောက်ရမှာကငါ..တဲ့ ။

မလုပ်ပါနဲ့ ကျမလဲမဟုတ် .. ဘယ်သူမှမဟုတ်..

စဉ်းစားကြပါ .. တောင်းပန်ပါသည် .. မှားကုန်ပါပြီ ..

ဆိုသော်ငြားလည်း ..

နှိပ်စက်မှု့တွေ တကြော့ပြန်ဝင် ..

ဟုတ်တယ်..ဟုတ်တယ် ..ဟုတ်တယ် ..

မဟုတ်ဘူး..မဟုတ်ဘူး ..မဟုတ်ဘူး ..

ကယောင်ကတမ်း ထွက်ချက်

အသက်ရှုရတချက် မရှုရတချက်

လည်စပ်နားက electric shock ရဲ့ပြင်းထန်ချက် ..

ဇော်ဇော်မင်း ရဲ့ကန်ချက်ကပြင်း ..

လှဆိုင်းရဲ့ ရိုက်ချက်ကစင်း ..

တော်ပါတော့ .. ရပ်ပါတော့ ..

လိုင်းတင်ပေးတဲ့ နာမည်တွေကို .. အဆုံးမတော့ ..

ဟုတ်ပါသည်.. မှန်ပါသည် ..

သူတို့တတွေ ထောက်လှမ်းရေး ဖြစ်ကြပါသည် ..

နန်းအောင်ထွေးကြည် .. NIB ဟု ..

လက်မှတ်ရေးထိုးခဲ့ရပါသည် ..။

( ABSDF-NB အတွင်း ဖြတ်သန်းခဲ့ရသော ငရဲ နေ့ပေါင်းများစွာမှ စက်တင်ဘာလ ညတည၏ဖြစ်စဉ် )

ကျေးဇူးတင်ပါသည်
နန်းအောင်ထွေးကြည်

No comments:

Post a Comment