Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Thursday, 27 September 2012

တရုတ်၏ ပထမဆုံး လေယာဉ်တင် သင်္ဘော စတင် တာဝန် ထမ်းဆောင်



အင်္ဂါနေ့က တရုတ် နိုင်ငံ၏ ပထမဆုံး လေယာဉ်တင် သင်္ဘောမှာ တာဝန် စတင် ထမ်းဆောင် လိုက်ပြီ ဖြစ်ကာ ဂျပန်နိုင်ငံနှင့် ကျွန်းပိုင်ဆိုင်မှု အရေးနှင့် ပတ်သက်ပြီး တင်းမာမှု အရှိန် မြင့် တက်လာ ချိန်တွင် ယခုလို လုပ်ဆောင် လိုက်ခြင်းလည်း ဖြစ်သည်။အဆိုပါ ပြဿနာမှာ ဂျပန်နိုင်ငံ အနေဖြင့် အငြင်း ပွား ကျွန်းများကို ဝယ်ယူပြီး နောက်ပိုင်းတွင် ပိုမို အရှိန်မြင့်လာခြင်း ဖြစ်ကာ တရုတ် နိုင်ငံမှာလည်း ယင်းကျွန်း များကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ဖြစ်ကြောင်း ကြွေးကျော်နေခြင်း ဖြစ်သည်။



တရုတ်နိုင်ငံ အနေဖြင့် ၎င်းတို့၏ ဂျပန်နိုင်ငံနှင့် သံတမန်ရေး အရ စတင် ဆက်သွယ်မှု နှစ် ၄၀ မြောက် အထိမ်းအမှတ် အဖြစ် အထိမ်းအမှတ်ပွဲ ကျင်းပမည့် ကိစ္စကိုလည်း ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။ အင်္ဂါနေ့က တရုတ် နိုင်ငံခြားရေး ဒုဝန်ကြီးဖြစ်သူ Zhang Zhijun မှ ပြောရာ၌တရုတ် နိုင်ငံနှင့် ဆွေးနွေး မှု ပြုခဲ့ ရာတွင် နိုင်ငံ၏ မြေအရေးအတွက် အချုပ်အချာ အာဏာပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ဂျပန် နိုင်ငံ ၏ နှစ်ဖက် လုပ်ဆောင်မှုများကို မည်သည့်နည်းနှင့်မှ သည်းခံမည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။ ယခုလို လေယာဉ်တင် သင်္ဘောနှင့် ပတ်သက်ပြီး အချို့က ပြောရာ၌ ပိုင်ဆိုင်မှု အငြင်းပွားကျွန်းများ အရေးနှင့် သက်ဆိုင်မှု မရှိကြောင်း ပြောဆို နေကြသော်လည်း ကျွမ်းကျင်သူ တစ်ဦး အပြောအရ တရုတ်နိုင်ငံ အနေဖြင့် ၎င်း၏ မဟာ ဗျူဟာကျ ရေတပ် စွမ်းရည်ကို တိုးတက် လုပ်ဆောင်ခြင်း တစ်ခုဖြစ်ကြောင်း ပြောခဲ့သည်။

source : reuters

No comments:

Post a Comment