သမ္မတဦးသိန်းစိန်မှ ( ၆၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း
ယခင်ကနိုင်ငံရေးအဓိကအတိုက်အ ခံအင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တို င်လည်း
လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့်သာမက ယခုအခါမှာ တရား
ဥပဒေစိုးမိုးရေးဆိုင်ရာ လွှတ်တော်ကော်မတီ၏ ဥက္ကဋ္ဌဌအနေနဲ့လွှတ်တော် စင်မြင့်ကနေ
ပါဝင်ဆောင်ရွက်နေပြီဖြစ်ပါတ ယ်။ ဒီရက်သတ္တပတ် အတွင်းမှာ တော့ သူမအနေနဲ့ နယူးယောက်မြို့ မှာရှိနေပါတယ်။သူမရဲ့ဒီမိုကရေစီ ကြိုးပမ်းမှုများအတွက်အမေရိက န်ပြည်ထောင်စုမှာဂုဏ်ပြုခံေ နရတာတွေ ကို လည်း မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော် ဝမ်းမြောက် ဂုဏ်ယူပါတယ်။
အထွေထွေညီလာခံ သဘာပတိကြီး၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်နှင့်တကွ ကြွရောက်လြာ က တဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးများ ခင်ဗျား-
အဆွေတော်အား (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးရဲ့ သဘာပတိအဖြစ် ထိုက်ထိုက်တန်တန် ရွေးချယ်တင်မြောက်ခြင်း ခံရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ဆားဘီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့ဟာ ကာလရှည်ကြာစွာကပင် ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံများ ဖြစ်ကြပါတယ်။ ယနေ့ကမ္ဘာကြီးက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖြေရှင်းဖို့ အဆွေတော် ဦးစီးဦးရွက်ပြုတဲ့ အထွေထွေညီလာခံကြီးကစဉ်းစားေ ဆွးနွေး ဆောင်ရွက်သွားလျက်ရှိပါတယ်။
အဆွေတော်ရဲ့ ဉာဏ်ပညာ ကြီးမြင့်မှု၊ အတွေ့အကြုံ ကြွယ်ဝမှု၊ သံတမန်ရေးရာ
လိမ္မာပါးနပ်မှုတို့ကြောင့် ကျွန်တော်တို့ရဲ့ ဒီလိုဆွေးနွေးမှုတွေဟာ
မျှော်မှန်းတဲ့ရလဒ်များ ပေါ်ထွက်လာမယ်လို့ အလေးအနက် ယုံကြည် ပါတယ်။
အလားတူပဲ (၆၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးရဲ့ သဘာပတိအဖြစ် အဆွေတော် ရဲ့ရှေ့က ဆောင်ရွက်ခဲ့တဲ့မစ္စတာနာဇီးအယ်လ်နာဆာကိုလည်း ပြောင်မြောက်စွာ ခေါင်းဆောင်မှု ပေးနိုင်ခဲ့ခြင်းအတွက် တန်ဖိုးထားကျေးဇူးတင်ရှိပါေ ကြာင်း ပြောကြားလိုပါတယ်။
သဘာပတိကြီးခင်ဗျား-
မြန်မာနိုင်ငံဟာ လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို စဉ်ဆက်မပြတ် ကျင့်သုံးလာခဲ့ပါတယ်။ ယင်းနိုင်ငံခြားရေးမူဝါဒရဲ့
အခြေခံမူကြီးများထဲမှာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို
ထိန်းသိမ်းရေး အတွက် တက်ကြွစွာပါဝင် ဆောင်ရွက်သွားရန် ပြဋ္ဌဌာန်းထားပါတယ်။
ဒီလို ထိန်းသိမ်းရာမှာ နိုင်ငံများ အကြား ပေါ်ပေါက်လေ့ရှိတဲ့ သဘောထား
ကွဲလွဲမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးကိုအားပေး အားမြှောက်
ပြုသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ယင်းရပ်တည်ချက် သဘောထားဟာ ယခု
အထွေထွေ ညီလာခံကြီးအတွင်း အဆင့်မြင့် ပုဂ္ဂိုလ်များ အဆင့်
ဆွေးနွေးမှုများအတွက် အဆွေတော်မှ အဆိုပြု ချမှတ်ခဲ့တဲ့ ဘာသာရပ်
ခေါင်းစဉ်ဖြစ်တဲ့ “နိုင်ငံတကာ အငြင်းပွားမှုများနဲ့ အရေးအခင်း များ ကို
ငြိမ်းချမ်းသော နည်းလမ်းဖြင့် ညှိနှိုင်း သွားရန် သို့မဟုတ်
ဖြေရှင်းသွားရန်” ဆိုတဲ့ ခေါင်းစဉ်ရဲ့ အနှစ် သာရနဲ့ ကိုက်ညီမှုရှိကြောင်း
တွေ့ရှိရပါတယ်။
သဘာပတိကြီးခင်ဗျား-
ယခုနှစ် ဇွန်လအတွင်းမှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Rio+20 အစည်းအဝေး ရလဒ်နှင့် ပတ်သက်ပြီး သဘောထားနဲ့ သုံးသပ်မှုတွေ အမျိုးမျိုး ပေါ်ထွက်ခဲ့ ပါတယ်။ ယင်းအစည်းအဝေးကြီးမှာ ယခင်ကတိကဝတ်များကို ထပ်လောင်းအတည်ပြုနိုင်ခဲ့ခြ င်း၊
ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ဖော်ထုတ်လျက်
ထောင်စုနှစ် ရည်မှန်းချက်များနှင့် ဆက်စပ် နိုင်ခြင်း၊ ရေရှည်တည်တံ့မည့်
စွမ်းအင်ဆိုင်ရာ ကတိကဝတ်များ ရရှိခဲ့ခြင်း၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး
အတွက် နိုင်ငံတကာ လုပ်ဆောင်ချက် များကို ညှိနှိုင်းဖော်ထုတ်နိုင်မည့် 
အစီအမံများ ချမှတ်နိုင်ခဲ့ခြင်းစတဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်များကို
ချမှတ်နိုင်ခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံ အားလုံးအနေနဲ့
ယင်းဆုံးဖြတ်ချက်များပါ ကတိကဝတ်များကို လက်တွေ့ဆောင်ရွက်ချက်များအြ ဖစ်
ပြောင်းလဲဆောင်ရွက်သွားရန် လိုအပ်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ရဲ့
နောင်လာမယ့် သားစဉ်မြေးဆက်များအတွက် ဘေးကင်းပြီး ရေရှည်ဖွံ့ဖြိုး
တိုးတက်မှုရရှိနိုင်တဲ့ ပတ်ဝန်းကျင် ကောင်းတစ်ခုကို လက်ဆင့်ကမ်း
နိုင်မှာဖြစ်ပါတယ်။
သဘာပတိကြီးခင်ဗျား-
ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂတည်ထောင်စဉ်ကတည်းက ထားရှိခဲ့တဲ့ အခြေခံမူ များကို ဖေါ်ဆောင်ရာမှာ တက်ကြွတဲ့ ခြေလှမ်းများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့  ဒီညီလာခံကြီးမှာ ပါဝင် တက်ရောက်လာခြင်း ဖြစ်ပါတယ်။
ယနေ့အချိန်မှာ ကမ္ဘာကြီးမှာ အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်နေသလို စိမ်ခေါ်မှုများနှင့်လည်း ကြုံတွေ့နေ ရပါတယ်၊ မြို့ပြ တည်ဆောက်မှုတွေ၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာ သမိုင်း တင်လောက်တဲ့ နှုန်းထားနဲ့ဖြစ်ပေါ် တိုးတက်နေပါတယ်။ ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုး တိုးတက် မှုဟာလည်း ကမ္ဘာမြေကို ပိုမိုသေးငယ်စေယောင် ထင်ရပါတယ်။ တချိန်တည်းမှာ ဆိုသလို သဘာဝ ပတ်ဝန်းကျင်ဟာလည်း မကြုံဘူးတဲ့ ချိန်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်၊ ခြုံငုံပြီး ပြောရရင် ကမ္ဘာကြီး ဟာ ယခင်ကာလများမှာ မရှိခဲ့တဲ့နှုန်းနဲ့ ပိုမိုလျင်မြန်စွာ ပြောင်းလဲလျက် ရှိနေပါတယ်။
ယခုကျင်းပတဲ့ညီလာခံကြီးမှာ ၂၀၁၅ ခုနှစ်အလွန် ဖွံ့ဖြိုးတိုးတက်ရေး လျာထားချက်များ ဖော်ထုတ်ရေး၊ တရားဥပဒေ စိုးမိုးရေးစတဲ့ ကိစ္စရပ်များကို အလေးထား ဆွေးနွေး ဆောင်ရွက်ခြင်းဟာ အချိန်အခါနဲ့ သင့်မြတ် လျော်ကန်မှုရှိကြောင်း ပြောကြားလိုပါတယ်။
သဘာပတိကြီးခင်ဗျား-
မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာမှာ တိုးတက် အောင်မြင်မှုအချို့ ရရှိနေပါတယ်။ ဒီအောင်မြင်မှုတွေကို လွယ်လွယ်ကူကူနဲ့ ရရှိတာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အတွေ့အကြုံ တွေကို မျှဝေပြောကြားလိုပါတယ်။
ယခုအချိန်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာအခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်နေသလို စိမ်ခေါ်မှုအသစ်တွေနဲ့လည်း ရင်ဆိုင်နေရတဲ့အချိန် ဖြစ်ပါတယ်။ တိုတောင်းတဲ့ အချိန်ကာလတွင်းမှာ မြန်မာနိုင်ငံပြည်သူများဟာ အံ့အားသင့်ဖွယ် အပြောင်းအလဲများကို ဆောင်ကျဉ်းနိုင် ခဲ့ကြပါတယ်။ ကျွန်တော်အနေနဲ့ ယခုလိုသမိုင်းဝင် အချိန်မှာ မိဘပြည်သူများအတွက် မြန်မာနိုင်ငံသမ္မတ အဖြစ်နဲ့ တာဝန်များ ထမ်းရွက်ပေးနေရခြင်းကိုလည်း များစွာ ဂုဏ်ယူမိပါတယ်။
ကျွန်တော်တို့ အစိုးရသစ် အနေနဲ့ လွန်ခဲ့တဲ့ (၁)နှစ်ခွဲခန့်က စတင် တာဝန်ယူခဲ့တဲ့အချိန်မှ စပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များကို လွှတ်တော်၊ တရားရေး မဏ္ဍဍိုင်၊ တပ်မတော်၊ တိုင်းရင်းသားအင်အားစုများ၊
နိုင်ငံရေးပါတီများ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများနဲ့ အဓိက အားဖြင့်
ပြည်သူများနဲ့အတူ တက်ညီလက်ညီ နောက်ပြန် မလှည့်စတမ်း ပုံဖော်ခဲ့ကြပါတယ်။
ယခင်က အာဏာ(၃)ရပ်ကို တစ်ပေါင်းတည်းကျင့်သုံးခဲ့တဲ့
အာဏာပိုင် အစိုးရစနစ်ကနေ ဒီမိုကရေစီ နည်းလမ်း ကျပြီး
အပြန်အလှန်ထိန်းကြောင်းမှု စနစ်တွေ ပါတဲ့ နိုင်ငံရေး ဖြစ်စဉ်ကို
ဖော်ဆောင်နိုင်ခဲ့ပါတယ်။
စိန်ခေါ်မှုတွေ အများအပြား ရှိနေပေမယ့်လည်း ဂုဏ်ယူဖွယ် အားတက်ဖွယ် ထင်ရှား တဲ့ အောင်မြင် မှုတွေ ပေါ်ထွက်လာနေပြီဖြစ်ပါတယ်။ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်း၊ ပြည်ပမှာရောက်နေတဲ့ မြန်မာ့နိုင်ငံရေး အင်အားစုများကို သိက္ခာရှိစွာ ပြန်လည် ဝင်ရောက် ခွင့် ပေးခဲ့ခြင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို အထူး သန့်သန့်ရှင်းရှင်းအောင်မြင်စွာ
ကျင်းပပေးနိုင်ခြင်း၊ စတုတ္ထမဏ္ဍဍိုင်လို့ ခေါ်ဆိုရမယ့် သတင်းမီဒီယာအတွက်
ကန့်သတ်ထားတဲ့ စာပေ စိစစ်ရေးကို ပယ်ဖျက်ပေးခြင်း၊ အင်တာနက် လွတ်လပ်စွာ
အသုံးပြုခွင့်ပေးခြင်း၊ အလုပ်သမားနှင့် အလုပ်ရှင် အသင်းအဖွဲ့များ ဖွဲ့စည်း
တည်ထောင်ခွင့်နှင့် ပြည်သူများ နိုင်ငံရေးမှာ လွတ်လပ်စွာ
ပါဝင် ခွင့်ပေးခြင်းစတဲ့ ဆောင်ရွက် ချက်များကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။
လက်ရှိရောက်ရှိနေတဲ့ နိုင်ငံရေးဖြစ်စဉ်ဟာဆိုလျှင်
မတူညီသော နိုင်ငံရေးအင်အားစုများ ပိုမို ပါဝင်လာပြီး ယင်းတို့အကြား
စိတ်ရှည် သည်းခံနိုင်စွမ်း၊ သဘောထားကြီးနိုင်စွမ်း မြင့်မားလာမှု
နိုင်ငံရေးမှာ ပါဝင် လုပ်ဆောင်နိုင်သည့်နယ် ပယ် ချဲ့ထွင်နိုင်မှု၊ ပြည်သူလူထု အများစုကို တိုးမြှင့်ကိုယ်စားပြုနိုင် မှု၊
တာဝန်ခံမှု ပိုမိုမြင့်မားလာမှုစတဲ့ ဒီမိုကရေစီရဲ့ အခြေခံ လက္ခဏာများ
ပိုမိုပေါ်ထွန်း လာနေပါတယ်။ ကျွန်တော်တို့ အစိုးရနဲ့ သက်ဆိုင်သူ
အားလုံးအကြား နိုင်ငံရေး သည်းခံမှု ရှိရှိဖြင့် မျက်နှာစုံညီ
ဆွေးနွေးအဖြေ ရှာခြင်း ဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှု ဓလေ့သစ်ကို စတင် ပုံဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။
သဘာပတိကြီးခင်ဗျား-
ယခင်ကနိုင်ငံရေးအဓိကအတိုက်အ ခံအင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တို င်လည်း
လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့်သာမက ယခုအခါမှာ တရား
ဥပဒေစိုးမိုးရေးဆိုင်ရာ လွှတ်တော်ကော်မတီ၏ ဥက္ကဋ္ဌဌအနေနဲ့ လွှတ်တော်
စင်မြင့်ကနေ ပါဝင်ဆောင်ရွက်နေပြီဖြစ်ပါတ ယ်။ ဒီရက်သတ္တပတ် အတွင်းမှာ တော့ သူမအနေနဲ့ နယူးယောက်မြို့မှာ ရှိနေပါတယ်။ သူမရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှုများအတွက်အမေရိက န်ပြည်ထောင်စုမှာဂုဏ်ပြုခံေ နရတာတွေကိုလည်း မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော် ဝမ်းမြောက် ဂုဏ်ယူပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးဂုဏ်သရေ ကို မြှင့်တင်ခြင်းဖြစ်ပါတယ်။ ဒီလိုမြှင့်တင် နိုင်မှုကြောင့် အခြေခံနိုင်ငံရေး တည်ငြိမ်မှုကို တည်ဆောက် နိုင်ပြီး ပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်ရေးအတွက် အထူးလိုအပ်တဲ့ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်း လဲရေး လုပ်ငန်းတွေကို အာမခံ ဆောင်ကျဉ်း ပေးနိုင်မှာ ဖြစ်ပါတယ်။
သဘာပတိကြီးခင်ဗျား-
ဥပဒေပြုရေးမဏ္ဍဍိုင်ကို ကြည့်လျှင် လွှတ်တော်အစည်းအဝေးများမှာ တစ်ကြိမ်ထက် တစ်ကြိမ် ပိုမို ထိရောက် စွာ ဆောင်ရွက်လာနိုင်ပြီး၊ အရေးကြီးတဲ့ ဥပဒေများကို ဒီမိုကရေစီ နည်းကျကျ အတည်ပြုပြ ဌာန်းလာ နိုင်ပြီ ဖြစ်ပါတယ်။
ဆင်းရဲချမ်းသာကွာဟမှု ကြီးမားတဲ့ စီးပွားရေးဖွံ့ဖြိုးမှုစနစ် တစ်ရပ်သို့ ဦးတည်သွားခြင်း မရှိစေရန်၊ အမျိုးသားအကျိုးစီးပွားနှင့် 
ကိုက်ညီစေရန်၊ မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေး ဆုံးရှုံးမှု မရှိစေရန်၊
သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေရန်၊ နိုင်ငံတကာ အလုပ်သမား အခွင့်အရေး
တွေနဲ့အညီ ရရှိစေရန်တို့ အတွက် လိုအပ်တဲ့ ဥပဒေများ၊ လုပ်ထုံးလုပ်နည်း များ
ပြဋ္ဌဌာန်းလျက် အကာအကွယ်ပေး ဆောင်ရွက် လျက် ရှိနေပါတယ်။ အထူးသဖြင့်
မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍဍ ကဲ့သို့သော သဘာဝ သယံဇာတတွေ ထုတ်ယူသုံးစွဲတဲ့
ကဏ္ဍဍမှာ ပွင့်လင်း မြင်သာပြီး ဘက်လိုက်မှုကင်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ေ အာင် ဆောင်ရွက်နေပါတယ်။
သဘာပတိကြီးခင်ဗျား-
စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ဆောက်နိုင်ဖို့ဆိုရင် လက်နက်ကိုင် ပဋိပက္ခများအားလုံး ချုပ်ငြိမ်း သွားအောင် ဦးစွာ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ရှေရှည် တည်တံ့ တဲ့ ငြိမ်းချမ်းရေး တစ်ရပ်ရရှိဖို့ကိုလည်း ကျွန်တော်တို့ အလေးထား ဆောင်ရွက်နေပါတယ်။ တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်းများစွာ အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာကို အဆုံးသတ်နိုင်ဖို့ စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီသို့ (From War To Peace) ဆိုတဲ့ ကျွန်တော်တို့ ရဲ့ ဆောင်ပုဒ်နဲ့အညီ ကြိုးပမ်းဆောင်ရွက် နေပါတယ်။ ယခုအခါမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၀)ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိပြီးဖြစ်ပါတယ်။ နှစ်ဖက် အပြန် အလှန် ယုံကြည်မှု တွေကို ကြိုးပမ်းတည်ဆောက်လျက် နှစ်ဖက် ဆွေးနွေးပွဲတွေကို ဆက်လက် ပြု လုပ်သွား မှာ ဖြစ်ပါတယ်။ အမျိုးသားအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်သွားပြီး တိုက်ခိုက်မှုတွေ လုံးဝ အဆုံးသတ်စေမည့် အပြီးသတ် သဘောတူညီမှု ရအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းေ ဒသမှာ
လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ကုစားနိုင်ဖို့အတွက် အစိုးရ ငြိမ်းချမ်းရေး
ဖေါ်ဆောင်ရေးလုပ်ငန်း ကော်မတီ ခေါင်းဆောင်များနဲ့ ကချင် တိုင်းရင်းသား
လက်နက် ကိုင်တို့အကြား အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးမှုများ၊ ယုံကြည်မှု
တည်ဆောက် မှုများ ဆောင်ရွက်နေပါတယ်။ လက်နက်ကိုင် ပဋိပက္ခကြောင့်
မည်သည်ဘက်ကဖြစ်စေ အသက်နှင့် အိုးအိမ် ပစ္စည်း ဆုံးရှုံးမှုရှိရင်
မြန်မာနိုင်ငံအတွက် ဆုံးရှုံးခြင်းပဲဖြစ်တယ်လို့ ခံယူထား ပါတယ်။
သဘာပတိကြီးခင်ဗျား-
အထက်မှာ ပြောကြားခဲ့တဲ့အတိုင်း ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်း လဲမှုတွေကို မမှိတ်မသုံ လုပ်ဆောင်နေချိန်မှာပဲ မျှော်လင့်မထားခဲ့တဲ့ အခက်အခဲ အချို့လည်း ပေါ်ပေါက်ခဲ့ပါတယ်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စနှင့်စပ်လျဉ်းလို့ပထမ ဆုံး ပြောလိုတဲ့အချက်ကတော့ကျွန်ေ တ်ာတို့
မြန်မာနိုင်ငံအတွင်း မှာ နေထိုင်ကြ တဲ့ ပြည်သူအားလုံး လူမျိုးမရွေး၊
ဘာသာမရွေး၊ ကျား/မ မခွဲဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုံလုံခြုံခြုံ
နေထိုင်နိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ စပ်လျဉ်းလို့လည်း ဘက်လိုက်မှုကင်းဖို့ အာမခံချက် ပေးထားတဲ့ လွတ်လပ်သော အမျိုးသားအဆင့် စုံစမ်းရေးကော်မရှင် တစ်ရပ်ကို ကဏ္ဍဍနယ်ပယ်အသီးသီးနဲ့ ဟိန္ဒူ၊ မူဆလင်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာပေါင်းစုံမှ ပြည်သူများ လေးစားသည့်ပုဂ္ဂိုလ်များနဲ့ဖွဲ့စည်းပေးပြီးဖြစ်ပါ တယ်။ ဆောင်ရွက်သင့်တဲ့ အကြံပြုချက်တွေကိုလည်း ဤ ကော်မရှင်အနေနဲ့ ကျွန်တော်ဆီကို တင်ပြလာမှာ ဖြစ်ပါတယ်။
ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့စပ်လျဉ်းလို့ ထင်သာမြင်သာရှိစေရန်နဲ့ မိမိတို့ အနေနဲ့ အလေး ထား ဆောင်ရွက်နေကြောင်း သိရှိကြစေရန် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
(OIC) ကိုယ်စားလှယ်အဖွဲ့နဲ့ အာဆီယံ၊ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊
နိုင်ငံတကာ သံတမန်များစတဲ့ ကိုယ်စားလှယ်အဖွဲ့များကို ရခိုင်ပြည်နယ်ကို
မျက်မြင်ကိုယ်တွေ့ သွားရောက် လေ့လာဖို့ စီစဉ်ပေးခဲ့ပါတယ်။
ကူညီထောက်ပံ့လိုတဲ့ အဖွဲ့များကိုလည်း ゞင်းတို့အနေနဲ့ အသိုက်အဝန်း
နှစ်ခုစလုံးကို ခွဲခြားမှု မရှိဘဲ အကူအညီ ပေးအပ်မည်ဆိုပါက
ကူညီထောက်ပံ့နိုင်အောင် ဆောင်ရွက် ပေးထားပါတယ်။
ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စဟာ နေ့ချင်းညချင်းအဖြေရှာနိုင် တဲ့
ကိစ္စမျိုး မဟုတ်ပါဘူး။ မိမိတို့ အစိုးရ အနေနဲ့ ရေတိုရေ ရှည် စီမံချက်များ
ချမှတ်ပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရှုထောင့်ပေါင်းစုံက ချဉ်းကပ်
ဖြေရှင်းသွား မှာ ဖြစ်ပါ တယ်။ လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်တဲ့
နိုင်ငံတစ်နိုင်ငံ အနေနဲ့ မိမိနယ်စပ်မျဉ်းတွေ လုံခြုံဖို့ ဆောင်ရွက်ခွင့်၊
နိုင်ငံ အချုပ်အခြာ အာဏာကို ကာကွယ်ပိုင်ခွင့်နှင့် ကာကွယ်နိုင်ခွင့်
ရှိတယ်လို့ လည်း ကျွန်တော်တို့ အနေနဲ့ ရိုးသားစွာ ယုံကြည်ပါတယ်။ ဒီကိစ္စကို
အပြည်ပြည်ဆိုင်ရာ စံနှုန်းကျင့်ထုံးများ နှင့် ကိုက်ညီအောင် အတတ်နိုင်ဆုံး
ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြား လိုပါတယ်။
သဘာပတိကြီးခင်ဗျား-
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ အလွန်နက်နဲခက်ခဲပြီး စိတ်ရှည်ဖို့လို အပ်တယ်ဆိုတာ
ကျွန်တော် ကောင်းစွာ သတိပြုမိပါတယ်။ တစ်ချိန်တည်းမှာပဲ ကုလသမဂ္ဂနဲ့
အဖွဲ့ဝင်နိုင်ငံ များ၊ နိုင်ငံတကာ အသိုက်အဝန်း တစ်ရပ်လုံးအနေနဲ့
မြန်မာပြည်သူများရဲ့ ဒီလုပ်ငန်းစဉ်ကို နားလည်ထောက်ခံ မှုနဲ့
အကူအညီများပေးဖို့ လိုအပ်ပါ တယ်။ မြန်မာနိုင်ငံကို ချဉ်းကပ်နည်း အသစ်တွေနဲ့
ရှုမြင်ချဉ်းကပ်ဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် ပိုမို လုပ်သာကိုင်သာရှိတဲ့
ပတ်ဝန်းကျင်တစ်ခုကို ဝိုင်းဝန်း ဖန်တီးပေးဖို့လည်း လိုအပ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြင်ပအကူအညီများ အပေါ် သက်သက် မှီခိုရ ပ် တည်ခြင်းထက်
မိတ်ဖက်နိုင်ငံ တစ်နိုင်ငံအနေနဲ့ ပူးပေါင်းလက်တွဲ လုပ်ဆောင်ဖို့
ဆန္ဒရှိပါတယ်။
သဘာပတိကြီးခင်ဗျား-
မြန်မာနိုင်ငံဟာ ယခုဆိုရင်ခေတ်သစ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ မိသားစုဝင်နိုင်ငံအဖြစ် ကဏ္ဍဍပေါင်းစုံမှာ ပိုမို ကျယ်ပြန့် နက်ရှိုင်းစွာ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများ အလယ်မှာ တာဝန်သိတဲ့၊ ဂုဏ်သရေရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်ရင်း ၂၁ ရာစုရဲ့ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းသွားမယ်ဖြစ်ကြောင်း ပြောကြားလို ပါတယ်။
လက်ရှိ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအနေနဲ့ ဒုတိယအကြိမ် အထွေအထွေ အတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခြင်းခံရသည့်အပြင် ゞင်း၏ အောင်မြင်သည့် လုပ်ဆောင်မှုများအတွက် ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။
သဘာပတိကြီးခင်ဗျား-
ကျွန်တော်ရဲ့ မိန့်ခွန်းကို အဆုံးမသတ်ခင်မှာ အရေးကြီးတဲ့ အကြောင်း အရာ တစ်ရပ်ကို ပြောကြား ခွင့်ပြုစေလို ပါတယ် ။
အဲဒါကတော့ ကုလသမဂ္ဂရဲ့ တတိယမြောက် အတွင်းရေးမှူးချုပ်အဖြစ် ထမ်းဆောင် ခဲ့တဲ့
မြန်မာ့သားကောင်း ဦးသန့်အကြောင်းပဲ ဖြစ်ပါတယ်။ ဦးသန့်အနေနဲ့ အဲဒီတုန်းကပဲ
“တစ်ခုတည်းသော ကမ္ဘာ” (One World) ဟူသော အမြင် ကြိုတင်ရှိထားပြီး ဖြစ်ပါတယ်။
ဦးသန့်အနေနဲ့ ဒီကမ္ဘာကြီးကို ငြိမ်းချမ်း စွာ အတူယှဉ်တွဲ နေထိုင်နိုင်ပြီး
မတူ ကွဲပြား ခြားနားမှုများရှိနေသော်လည်း
လုံခြုံဘေးကင်းတဲ့ ကမ္ဘာကြီးအဖြစ် မျှော်မှန်းထားပါတယ်။ ဒါ့အပြင်
ကမ္ဘာ့ပြည်သူ အားလုံးဟာ ကိုယ်ချင်းစာ တရား၊ နားလည်မှု၊ ပူးပေါင်း
ဆောင်ရွက်မှု၊ သည်းခံ ခွင့်လွှတ်မှုတို့ကို လိုက်နာကျင့်သုံး
နိုင်ကြမယ်လို့လည်း ဦးတည် မျှော်မှန်းထားပါတယ်။ ဒီအမြော်အမြင်အရ
လိုက်နာကျင့်သုံး နိုင်မယ်ဆိုရင် ပိုမိုငြိမ်းချမ်းပြီး သာယာဝပြောတဲ့
ကမ္ဘာကြီးအဖြစ်သို့ ပိုမိုလျင်မြန်စွာ ရောက်ရှိနိုင်မယ်လို့ ယုံကြည်မိပါတယ်။
ကျွန်တော့အနေနဲ့ မြန်မာပြည်သူများ အနေနဲ့ ဦးသန့်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ အောင်မြင်မှုတွေကို ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်ဘဲ၊ အစဉ်ထာဝရချီးကျူးဂုဏ်ယူနေမည် ဖြစ်ပါကြောင်း ပြောကြား ရင်း နိဂုံးချုပ်ပါတယ်။
ယခင်ကနိုင်ငံရေးအဓိကအတိုက်အ
အထွေထွေညီလာခံ သဘာပတိကြီး၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်နှင့်တကွ
အဆွေတော်အား (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးရဲ့ သဘာပတိအဖြစ် ထိုက်ထိုက်တန်တန် ရွေးချယ်တင်မြောက်ခြင်း ခံရတဲ့အတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ ဆားဘီးယားနိုင်ငံနှင့် မြန်မာနိုင်ငံတို့ဟာ ကာလရှည်ကြာစွာကပင် ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံများ ဖြစ်ကြပါတယ်။ ယနေ့ကမ္ဘာကြီးက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ဖြေရှင်းဖို့ အဆွေတော် ဦးစီးဦးရွက်ပြုတဲ့ အထွေထွေညီလာခံကြီးကစဉ်းစားေ
အလားတူပဲ (၆၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကြီးရ
သဘာပတိကြီးခင်ဗျား-
မြန်မာနိုင်ငံဟာ လွတ်လပ်၍ တက်ကြွသော နိုင်ငံခြားရေးမူဝါဒကို စဉ်ဆက်မပြတ် ကျင့်သုံးလာခဲ့ပါတယ်။ ယင်းနိုင်ငံခြားရေးမူဝါဒရဲ့
သဘာပတိကြီးခင်ဗျား-
ယခုနှစ် ဇွန်လအတွင်းမှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Rio+20 အစည်းအဝေး ရလဒ်နှင့် ပတ်သက်ပြီး သဘောထားနဲ့ သုံးသပ်မှုတွေ အမျိုးမျိုး ပေါ်ထွက်ခဲ့ ပါတယ်။ ယင်းအစည်းအဝေးကြီးမှာ ယခင်ကတိကဝတ်များကို ထပ်လောင်းအတည်ပြုနိုင်ခဲ့ခြ
သဘာပတိကြီးခင်ဗျား-
ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂတည်ထောင်စဉ်ကတည်းက ထားရှိခဲ့တဲ့ အခြေခံမူ များကို ဖေါ်ဆောင်ရာမှာ တက်ကြွတဲ့ ခြေလှမ်းများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို
ယနေ့အချိန်မှာ ကမ္ဘာကြီးမှာ အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်နေသလို စိမ်ခေါ်မှုများနှင့်လည်း ကြုံတွေ့နေ ရပါတယ်၊ မြို့ပြ တည်ဆောက်မှုတွေ၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာ သမိုင်း တင်လောက်တဲ့ နှုန်းထားနဲ့ဖြစ်ပေါ် တိုးတက်နေပါတယ်။ ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုး တိုးတက် မှုဟာလည်း ကမ္ဘာမြေကို ပိုမိုသေးငယ်စေယောင် ထင်ရပါတယ်။ တချိန်တည်းမှာ ဆိုသလို သဘာဝ ပတ်ဝန်းကျင်ဟာလည်း မကြုံဘူးတဲ့ ချိန်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်၊ ခြုံငုံပြီး ပြောရရင် ကမ္ဘာကြီး ဟာ ယခင်ကာလများမှာ မရှိခဲ့တဲ့နှုန်းနဲ့ ပိုမိုလျင်မြန်စွာ ပြောင်းလဲလျက် ရှိနေပါတယ်။
ယခုကျင်းပတဲ့ညီလာခံကြီးမှာ ၂၀၁၅ ခုနှစ်အလွန် ဖွံ့ဖြိုးတိုးတက်ရေး လျာထားချက်များ ဖော်ထုတ်ရေး၊ တရားဥပဒေ စိုးမိုးရေးစတဲ့ ကိစ္စရပ်များကို အလေးထား ဆွေးနွေး ဆောင်ရွက်ခြင်းဟာ အချိန်အခါနဲ့ သင့်မြတ် လျော်ကန်မှုရှိကြောင်း ပြောကြားလိုပါတယ်။
သဘာပတိကြီးခင်ဗျား-
မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာမှာ တိုးတက် အောင်မြင်မှုအချို့ ရရှိနေပါတယ်။ ဒီအောင်မြင်မှုတွေကို လွယ်လွယ်ကူကူနဲ့ ရရှိတာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အတွေ့အကြုံ တွေကို မျှဝေပြောကြားလိုပါတယ်။
ယခုအချိန်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာအခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်နေသလို စိမ်ခေါ်မှုအသစ်တွေနဲ့လည်း ရင်ဆိုင်နေရတဲ့အချိန် ဖြစ်ပါတယ်။ တိုတောင်းတဲ့ အချိန်ကာလတွင်းမှာ မြန်မာနိုင်ငံပြည်သူများဟာ အံ့အားသင့်ဖွယ် အပြောင်းအလဲများကို ဆောင်ကျဉ်းနိုင် ခဲ့ကြပါတယ်။
ကျွန်တော်တို့ အစိုးရသစ် အနေနဲ့ လွန်ခဲ့တဲ့ (၁)နှစ်ခွဲခန့်က စတင် တာဝန်ယူခဲ့တဲ့အချိန်မှ စပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်မျာ
စိန်ခေါ်မှုတွေ အများအပြား ရှိနေပေမယ့်လည်း ဂုဏ်ယူဖွယ် အားတက်ဖွယ် ထင်ရှား တဲ့ အောင်မြင် မှုတွေ ပေါ်ထွက်လာနေပြီဖြစ်ပါတယ်။ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခြင်း၊ ပြည်ပမှာရောက်နေတဲ့ မြန်မာ့နိုင်ငံရေး အင်အားစုများကို သိက္ခာရှိစွာ ပြန်လည် ဝင်ရောက် ခွင့် ပေးခဲ့ခြင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို အထူး သန့်သန့်ရှင်းရှင်းအောင်မြင
လက်ရှိရောက်ရှိနေတဲ့ နိုင်ငံရေးဖြစ်စဉ်ဟာဆိုလျှင
သဘာပတိကြီးခင်ဗျား-
ယခင်ကနိုင်ငံရေးအဓိကအတိုက်အ
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးဂုဏ်သရေ ကို မြှင့်တင်ခြင်းဖြစ်ပါတယ်။ ဒီလိုမြှင့်တင် နိုင်မှုကြောင့် အခြေခံနိုင်ငံရေး တည်ငြိမ်မှုကို တည်ဆောက် နိုင်ပြီး ပြည်သူများ၏ လူနေမှုဘဝ မြှင့်တင်ရေးအတွက် အထူးလိုအပ်တဲ့ စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်း လဲရေး လုပ်ငန်းတွေကို အာမခံ ဆောင်ကျဉ်း ပေးနိုင်မှာ ဖြစ်ပါတယ်။
သဘာပတိကြီးခင်ဗျား-
ဥပဒေပြုရေးမဏ္ဍဍိုင်ကို ကြည့်လျှင် လွှတ်တော်အစည်းအဝေးများမှာ တစ်ကြိမ်ထက် တစ်ကြိမ် ပိုမို ထိရောက် စွာ ဆောင်ရွက်လာနိုင်ပြီး၊ အရေးကြီးတဲ့ ဥပဒေများကို ဒီမိုကရေစီ နည်းကျကျ အတည်ပြုပြ ဌာန်းလာ နိုင်ပြီ ဖြစ်ပါတယ်။
ဆင်းရဲချမ်းသာကွာဟမှု ကြီးမားတဲ့ စီးပွားရေးဖွံ့ဖြိုးမှုစနစ် တစ်ရပ်သို့ ဦးတည်သွားခြင်း မရှိစေရန်၊ အမျိုးသားအကျိုးစီးပွားနှင်
သဘာပတိကြီးခင်ဗျား-
စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ဆောက်နိုင်ဖို့ဆိုရင် လက်နက်ကိုင် ပဋိပက္ခများအားလုံး ချုပ်ငြိမ်း သွားအောင် ဦးစွာ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ရှေရှည် တည်တံ့ တဲ့ ငြိမ်းချမ်းရေး တစ်ရပ်ရရှိဖို့ကိုလည်း ကျွန်တော်တို့ အလေးထား ဆောင်ရွက်နေပါတယ်။ တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်းများစွာ အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာကို အဆုံးသတ်နိုင်ဖို့ စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီသို့ (From War To Peace) ဆိုတဲ့ ကျွန်တော်တို့ ရဲ့ ဆောင်ပုဒ်နဲ့အညီ ကြိုးပမ်းဆောင်ရွက် နေပါတယ်။ ယခုအခါမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၀)ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိပြီးဖြစ်ပါတယ်။ နှစ်ဖက် အပြန် အလှန် ယုံကြည်မှု တွေကို ကြိုးပမ်းတည်ဆောက်လျက် နှစ်ဖက် ဆွေးနွေးပွဲတွေကို ဆက်လက် ပြု လုပ်သွား မှာ ဖြစ်ပါတယ်။ အမျိုးသားအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်သွားပြီး တိုက်ခိုက်မှုတွေ လုံးဝ အဆုံးသတ်စေမည့် အပြီးသတ် သဘောတူညီမှု ရအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းေ
သဘာပတိကြီးခင်ဗျား-
အထက်မှာ ပြောကြားခဲ့တဲ့အတိုင်း ကျွန်တော်တို့ အစိုးရအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်း လဲမှုတွေကို မမှိတ်မသုံ လုပ်ဆောင်နေချိန်မှာပဲ မျှော်လင့်မထားခဲ့တဲ့ အခက်အခဲ အချို့လည်း ပေါ်ပေါက်ခဲ့ပါတယ်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စနှင့်စပ်လျဉ်းလို့ပထမ
ဒီကိစ္စနဲ့ စပ်လျဉ်းလို့လည်း ဘက်လိုက်မှုကင်းဖို့ အာမခံချက် ပေးထားတဲ့ လွတ်လပ်သော အမျိုးသားအဆင့် စုံစမ်းရေးကော်မရှင် တစ်ရပ်ကို ကဏ္ဍဍနယ်ပယ်အသီးသီးနဲ့ ဟိန္ဒူ၊ မူဆလင်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာပေါင်းစုံမှ ပြည်သူများ လေးစားသည့်ပုဂ္ဂိုလ်များနဲ့ဖ
ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့စပ်လျဉ်းလို့ ထင်သာမြင်သာရှိစေရန်နဲ့ မိမိတို့ အနေနဲ့ အလေး ထား ဆောင်ရွက်နေကြောင်း သိရှိကြစေရန် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စဟာ နေ့ချင်းညချင်းအဖြေရှာနိုင်
သဘာပတိကြီးခင်ဗျား-
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်
သဘာပတိကြီးခင်ဗျား-
မြန်မာနိုင်ငံဟာ ယခုဆိုရင်ခေတ်သစ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ မိသားစုဝင်နိုင်ငံအဖြစ် ကဏ္ဍဍပေါင်းစုံမှာ ပိုမို ကျယ်ပြန့် နက်ရှိုင်းစွာ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံများ အလယ်မှာ တာဝန်သိတဲ့၊ ဂုဏ်သရေရှိတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်ရင်း ၂၁ ရာစုရဲ့ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းသွားမယ်ဖြစ
လက်ရှိ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းအနေနဲ့ ဒုတိယအကြိမ် အထွေအထွေ အတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခြင်းခံရသည့်အပြင် ゞင်း၏ အောင်မြင်သည့် လုပ်ဆောင်မှုများအတွက် ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။
သဘာပတိကြီးခင်ဗျား-
ကျွန်တော်ရဲ့ မိန့်ခွန်းကို အဆုံးမသတ်ခင်မှာ အရေးကြီးတဲ့ အကြောင်း အရာ တစ်ရပ်ကို ပြောကြား ခွင့်ပြုစေလို ပါတယ်
ကျွန်တော့အနေနဲ့ မြန်မာပြည်သူများ အနေနဲ့ ဦးသန့်ရဲ့ ဆောင်ရွက်ချက်တွေနဲ့ အောင်မြင်မှုတွေကို ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်ဘဲ၊ အစဉ်ထာဝရချီးကျူးဂုဏ်ယူနေမည် ဖြစ်ပါကြောင်း ပြောကြား ရင်း နိဂုံးချုပ်ပါတယ်။
No comments:
Post a Comment