Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Saturday, 29 September 2012

မြစ်ဝကျွန်းပေါ်နှင့် ဧရာဝတီမြစ်ရိုးတစ်လျှောက် ဆိပ်ခံတံတားနှင့် ဂိုဒေါင်များ ဆောက်လုပ်ကာ ကုန်စည်ထိန်းသိမ်းမည်



Saturday, September 29, 2012

ဧရာဝတီမြစ်ကြောင်း တစ်လျှောက်နှင့် မြစ်ဝကျွန်းပေါ်ဒေသ တစ်ဝန်းတွင် ဆိပ်ခံတံတားနှင့် သိုလှောင်ဂိုဒေါင်များ ဆောက်လုပ်သွားရန်ရှိကြောင်း
မြန်မာနိုင်ငံ ပဲမျိုး စုံနှင့် နှမ်းကုန်သည်လုပ်ငန်းရှင်များ အသင်းမှ သိရှိရသည်။

“အဓိကကတော့ ပဲမျိုးစုံစိုက်ပျိုးတဲ့ တောင်သူတွေ၊ ကုန်သည်တွေအတွက် စနစ်တကျနဲ့ ကုန်စည်ကို ထိန်းသိမ်းထားနိုင်အောင် ရည်ရွယ်ပါတယ်။
နေရာအထားအသို ကောင်းမွန်ပြီး သယ်ယူမှု လွယ်ကူလာရင် ကုန်စည်တွေ ဈေးနှုန်းတည်ငြိမ်လာမှာ ဖြစ်ပါတယ်။ ဒါဟာ အလားအလာကောင်းတွေ ဖြစ်ပါတယ်” ဟု အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုကဲ့သို့ သိုလှောင်မှုစနစ် မြှင့်တင်နိုင်ပါက ပြည်ပသို့ တင်ပို့ရာ၌လည်း အလေအလွင့် နည်းပါးသွားပြီး ဈေးကွက်မျက်နှာပန်း လှလာနိုင်ကြောင်း သိရှိရသည်။ အဆိုပါ ဆိပ်ခံတံတားများနှင့် ဂိုဒေါင်များ ဆောက်လုပ်မည့် လုပ်ငန်းစဉ်များကို စတင်အကောင်အထည်ဖော်လျက်ရှိပြီး ကုန်စည်များအား နီးစပ်ရာ ကုန်စည်စုဆောင်းထားရှိမည့် ဂိုဒေါင်များတွင် အပ်နှံ
ထားနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

“တည်ဆောက်မှု အပိုင်းမှာတော့ ကြံ့ခိုင်မှု၊ သန့်ရှင်းမှုနဲ့ စနစ်တကျ သိုလှောင်နိုင်မှုအတွက် နိုင်ငံတကာက အဆင့်အတန်း စစ်ဆေးရေး
အဖွဲ့တွေနဲ့ စစ်ဆေးတည်ဆောက်သွားဖို့ ရှိပါတယ်။ ဆိပ်ခံတံတားတွေ
ကိုလည်း လိုအပ်တဲ့ ဒေသတစ်လျှောက်မှာ အလုံအလောက်ထားရှိနိုင်ဖို့ တည်ဆောက်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ ဧရာဝတီမြစ်ရိုးတစ်လျှောက်မှာ စတင်တည်ဆောက်သွားမယ်” ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

Khit Lu Nge

No comments:

Post a Comment