Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Saturday, 29 September 2012

တရုတ်နိုင်ငံ၏ ပထမဆုံး လေယာဉ်တင် သင်္ဘောတွင် တာဝန် ထမ်းဆောင်ရန် အမှုထမ်းများ စိစစ်ရွေးချယ်

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သို့ မကြာသေးမီက လွှဲ ပြောင်း ပေးအပ်ခဲ့သည့် ''လျောင်နင်း'' အမည်ရှိ နိုင်ငံ၏ ပထမဆုံး လေယာဉ်တင် သင်္ဘောတွင် တာဝန် ထမ်းဆောင်မည့် အမှုထမ်းများ ကို အာဏာပိုင် များက စိစစ်ရွေးချယ် ခဲ့ကြောင်း အင်တာ နက်သတင်း တစ်ရပ်အရ သိရသည်။


၎င်း သင်္ဘောတွင် တာဝန်ထမ်း ဆောင်မည့် သင်္ဘော ကပ္ပတိန်သည်
နိုင်ငံတကာမှ အတွေ့အကြုံ များအား ပိုင်ဆိုင် ထားရမည့် အပြင် အရည်အသွေး ပြည့်ဝပြီး ဘက်ပေါင်းစုံ၊ နေရာ ပေါင်းစုံမှ တာဝန် ထမ်းဆောင် နိုင်မည့် သူတစ်ဦး ဖြစ်ရမည် ဖြစ်ကြောင်း တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် ပါမောက္ခ ဖန်ပင်းက ပြောကြား ခဲ့သည် ဟု သိရသည်။

ထို့ကြောင့် အောက်ခြေ အဆင့်မှ တက်လာပြီး အတွေ့အကြုံ များစွာ ပိုင်ဆိုင် ထားသည့် ရေတပ်မှ ဗိုလ်မှူးကြီး ကျန်ချန်း ကို သင်္ဘော ကပ္ပတိန်အဖြစ်
ရွေးချယ် ထားကြောင်း သိရသည်။ ထို့အပြင် အမှုထမ်း များအဖြစ် တာဝန် ထမ်းဆောင်ရန် အတွက်လည်း ဘွဲ့ရ ပညာတတ် ၉၈ ရာခိုင်နှုန်း ကျော် ကို ရွေးချယ်ထားပြီး ၄င်းတို့ အနက်မှ အနည်းဆုံး ၅ဝ ဦးသည် ပါရဂူဘွဲ့ရ များဖြစ် ကြောင်း သိရ သည်။

ရွေးချယ် ထားသည့် သင်္ဘောအမှု ထမ်းများထဲတွင် အမျိုးသမီး အမှုထမ်း များလည်း ပါဝင်ကြောင်းသိရသည်။

မြ၀တီ

No comments:

Post a Comment