Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Thursday, 27 September 2012

ကာကွယ်ရေးဦးစီးချုပ်က ဂျာနယ်ထုတ်ဝေရန်စီစဉ်နေကြောင်း သတင်းများထွက်ပေါ် -


ရန်ကုန်၊ စက်တင်ဘာ ၂၇။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကသတင်းဂျာနယ် တစ်စောင် ထုတ်ဝေရန်စီစဉ်လျက်ရှိကြောင်း ယခု ရက်ပိုင်းအတွင်း မီဒီယာလောကတွင် သတင်းများ ထွက်ပေါ်လျက် ရှိသည်
ယခင်စစ်ထောက်လှမ်ရေး ဗိုလ်မှူးဟောင်းတစ်ဦးကို ဒုတိယဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ခေါ်ယူတွေ့ ဆုံ၍စီစဉ်ခိုင်းခဲ့ကြောင်း ယင်း ဗိုလ်မှူး၏ ဂျာနယ်ထုတ်ဝေရေးတာဝန်ယူပေးရန် ကမ်းလှမ်းခြင်းခံရသူ သတင်းအယ်ဒီတာတစ်ဦးက ဆိုသည်။

"သူက သိန်း ၃ထောင်လောက်ဆို ဖြစ်မလား၊ သတင်အဖွဲ့တွေကအစ တာဝန်ယူနိုင်မလားမေးတယ်"ဟု ၎င်းကဆိုသည်။

ယခင် စစ်အစိုးရခေါင်းဆောင်ဟောင်း အသိုင်းအဝိုင်းတွင် ကိုယ်ပိုင်ဂျာနယ်ထုတ်ဝေခြင်းမှာ ခေတ်စား လျက်ရှိကြောင်းကြံခိုင်ရေးပါတီခေါင်း ဆောင်တစ်ဦးက ပြောကြားသည်။လက်ရှိရေးဆွဲလျက်ရှိသော မီဒီယာဥပဒေတွင် သတင်းမီဒီယာဌာနများ၏ ပိုင်ရှင်များကို တရားဝင် ထုတ်ဖော်ရန်ဆိုသည့်အချက် ကို ထည့်သွင်း ရန် မီဒီယာဥပဒေအလုပ်ရုံဆွေးနွေးပွဲများတွင်သတင်းစာဆရာများက ထောက်ပြဆွေးနွေး ခဲ့ကြသည်။

ယခုလက်ရှိတွင် ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်း၏ street views ဂျာနယ်၊ကြံ့ခိုင်ရေးပါတီ ၏ ငွေကြေး အထောက်အပံ့နှင့်ရပ်တည်နေသော အင်ပါယာဂျာနယ်နှင့် ဗိုလ်မှူးချုပ်ဟောင်း အောင်သိန်းလင်း ၏ My Way ဂျာနယ်တို့မှာ ထုတ်ဝေလျက်ရှိသည်ကို တွေ့ရသည်။

by Yangon Chronicle on Thursday, September 27, 2012

No comments:

Post a Comment