Wednesday, 26 September 2012
တိုင်းပြည်ခြွတ်ခြုံကျတာ စီမံခန့်ခွဲမှုကြောင့်ဟုCNNအင်တာဗျူးတွင် ဒေါ်စုပြော
မြန်မာနိုင်ငံ၏ စီးပွားရေးခြွတ်ခြုံကျမှုသည် စီးပွားရေးပိတ်ဆို့မှုကြောင့်မဟုတ်ဘဲ စီမံခန့်ခွဲမှု ညံ့ဖျင်း ခြင်းကြောင့် သာဖြစ်ကြောင်း CNN နှင့် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
”မြန်မာ့စီးပွားရေး အကြီးအကျယ် ထိခိုက်ခဲ့တာ Sanction ကြောင့်လို့ မထင်ပါဘူး။ ကမ္ဘာ့ငွေကြေးအဖွဲ့ IMF ရဲ့ စစ်တမ်းတွေကို ကျွန်မ ကိုးကားပြီး ပြောလေ့ရှိပါတယ်။ မြန်မာ့စီးပွားရေး ချွတ်ခြုံကျရတာဟာ Sanction ကြောင့်မဟုတ်ဘဲ စီမံခန့်ခွဲညံ့ ဖျင်းခြင်းကြောင့်ပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူးတွင်ပြောကြား ခဲ့တာပါ။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်များသည် စီးပွားရေးပိတ်ဆို့မှု တစ်ခုတည်းကြောင့် ဖြစ်ပေါ်ခဲ့သည်မဟုတ်သော်လည်း နိုင်ငံရေးအရ အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်းလည်း သူမက ပြောဆိုခဲ့သည်။
အမေရိကန်သို့ တင်သွင်းသည့် မြန်မာ့ထွက်ကုန်များအပေါ် ပိတ်ဆို့ထားသည့် export sanction ကို ပယ်ဖျက်ပေးရန်အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က ”ရုပ်သိမ်းသင့်ပြီလို့ ထင်ပါတယ်။ လုံးဝရုပ်သိမ်းတာ မဟုတ်ရင်တောင်မှ လျော့ချတာမျိုး လုပ်လို့ ရပါတယ်။ အဲလိုလုပ်တာကို ကျွန်မအားပေးမှာပါ။ ကျွန်မတို့ ပြည်သူတွေကို သူတို့လုပ်နိုင်တာပြဖို့ အခွင့်အရေးပေးရမယ့် အချိန်ရောက်ပြီလို့ ထင်ပါတယ်”ဟု အင်တာဗျူးတွင် တိုက်တွန်းပြောကြားခဲ့သည်။
နေအိမ်အကျယ်ချုပ် ကျခံခဲ့ရမှုများနှင့် ပိတ်ဆို့မှုများသည် ပုဂ္ဂိုလ်ရေးအရ လုပ်ဆောင်ခြင်းဟု မယူ ဆကြောင်း၊ စစ်ဗိုလ်များကို သဘောကျကြောင်းနှင့် ဖခင်တည်ထောင်ခဲ့သော စစ်တပ်ဖြစ်သောကြောင့် လုပ်ရပ်များကို သဘောမကျလျှင်ပင် မေတ္တာရှိကြောင်း စစ်တပ်အပေါ်ထားသည့် သူမ၏ သဘောထားကို ဖြေကြားခဲ့သည်။
Source : EMG
ပုံရိပ်(burmesehearts.com)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment