International Myanmar ICT Exhibition 2012 ပြပွဲကို အောက်တိုဘာလ ၁၂ ရက်မှ ၁၄ ရက်အထိ ရန်ကုန်မြို့ ဦ၀ိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယင်းပြပွဲကို မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း နှင့် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင် အသင်း တို့မှ ကြီးမှူး၍ ကျင်းပခြင်းဖြစ်ပြီး တစ်နေ့လျှင် လာရောက် လေ့လာသူ ပျမ်းမျှ ၃၅၀၀၀ အထိ ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်းလည်း သိရသည်။
ပြပွဲတွင် အဓိက ပါဝင်ပြသမည့် ပစ္စည်းများမှာ ကွန်ပျူတာ နှင့် ဆက်စပ်ပစ္စည်းများ ၊ မိုဘိုင်း Device များ ၊ မိုဘိုင်း Application များ ၊ IT Solution များ ၊ ပညာရေး ၊ ကျန်းမာရေး ၊ ဘဏ်စနစ်များ နှင့် လုံခြုံရေး နည်းပညာသုံး ပစ္စည်းများ ၊ ICT နှင့် ပတ်သက်သည့် ထုတ်ကုန်များကို ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment