အမေရိကန်နိုင်ငံသို့ ရောက်ရှိနေ သော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည်စက်တင်ဘာလ ၂၆ ရက်(မြန်မာစံတော် ချိန် စက်တင်ဘာလ ၂၇ နံနက် ၁ နာရီ ဝန်းကျင်)တွင် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် ရှင်နာဝပ် အစရှိသူတို့ နှင့် နယူးယောက်မြို့ရှိတည်းခိုရာ ဟိုတယ်၌ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်
နိုင်ငံတော်သမ္မတသည် ထိုင်းဝန်ကြီးချုပ်နှင့်တွေ
(၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် အတွက် နယူးယောက်သို့ ရောက်ရှိနေသော နိုင်ငံတော် သမ္မတသည် စက်တင်ဘာလ ၂၅ ရက်နေ့ကလည်းဒေါ်အောင်ဆန်းစုကြည် နှင့်တည်းခိုရာ The Mark ဟို တယ်၌ ရင်းနှီးစွာ တွေ့ဆုံခဲ့ပြီးအဆိုပါ တွေ့ဆုံမှုမှာ အချိန် ၁၅ မိနစ်ခန့်ကြာ မြင့်ခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတသည် စက်တင် ဘာလ၂၇ရက်နေ့တွင်(၆၇)ကြိမ် မြောက်ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ General Debate အစီအစဉ်တွင် မိန့်ခွန်းပြော ကြားမည်ဖြစ်ပြီး စက်တင်ဘာ လ ၂၇ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် Asian Society ၌ မိန့်ခွန်းပြောကြားရန်စီစဉ်ထားပြီး အမေး၊ အဖြေအစီအစဉ် ကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။ ထို့အပြင် နယူးယောက်မြို့ရှိ မြန်မာမိသား စုများနှင့်လည်းတွေ့ဆုံရန် စီစဉ်ထား ကြောင်းသိရသည်။
လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ သို့ ရောက်ရှိနေသည့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်သည် စက်တင်ဘာလ ၂၆ ရက် နေ့က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဦးဆောင်ပြုလုပ်သည
Eleven Media Group
No comments:
Post a Comment