Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Wednesday, 3 October 2012

စတိတ်ရှိုးကြည့်ရှုရန် မက်ဒေါနားဖိတ်ကြားမှု လေဒီဂါဂါ ငြင်းပယ်

သူမ၏ စတိတ်ရှိုးကို လာရောက် ကြည့်ရှုပါရန် မက်ဒေါနားက ဖိတ်ကြားခဲ့မှုကို လေဒီဂါဂါ က ငြင်းပယ် ခဲ့ကြောင်း သိရှိရသည်။ Popဂီတ လောက၏ ဘုရင်မကြီးအဖြစ် တင်စားခံရသူ မက်ဒေါနားက သူမအတွက် တက်လူတစ်ဦးအဖြစ် ပြိုင်ဆိုင်လာသည့် ဂါဂါကို ပြီးခဲ့သည့် လက ဖိတ်ကြားခဲ့သော်လည်း Born This Wayစတား အဆိုတော်က ငြင်းဆိုခဲ့ခြင်းဟု သတင်းများက ဆိုသည်။
ဂါဂါက သူမသည် နယူးယော့ခ်မြို့ရှိ Yankee အားကစားကွင်းကြီးတွင် ပြုလုပ်သော မက်ဒေါနား၏ ဖျော်ဖြေပွဲသို့ တက်ရောက်လိုသည့်တိုင် အလုပ်များလွန်းသဖြင့် မအားလပ်ပါဟု အကြောင်းပြန်ခဲ့ကြောင်း သိရှိရသည်။ ထိုအချိန်တွင် ဂါဂါသည် Born this Way ကမ္ဘာလှည့် ဖျော်ဖြေပွဲအတွက် စီစဉ်နေကြောင်း သူမ၏ မန်နေဂျာ ဗင်းဆင့် ဟားဘတ်က ဆိုသည်။

ဟားဘတ်က “မက်ဒေါနားက ဂါဂါကို နယူးယော့ခ် ဖျော်ဖြေပွဲအတွက် ဖိတ်ခဲ့တာပါ။ မက်ဒေါနားရဲ့ မန်နေဂျာက ကျွန်တော်တို့ကို ဆက်သွယ်လာပါတယ်။ မက်ဒေါနားက ဖြစ်နိုင်ရင် ဂါဂါကို သူနဲ့အတူတွဲပြီး ဖျော်ဖြေပေးတာမျိုးတောင် ကူညီစေချင်တယ်လို့ ပြောပါတယ်”ဟု ဖွင့်ဟခဲ့သည်။ ၎င်းက ဆက်လက်၍ “ဂါဂါက အဲဒီကို သွားချင်ပါတယ်၊ ဒါပေမဲ့ ဘယ်လိုမှ မအားလပ်ဘူး ဖြစ်နေတယ်။ မက်ဒေါနားက ဒီဖျော်ဖြေပွဲက အကျိုးအမြတ် တချို့ကို ရန်ပုံငွေအဖွဲ့တွေမှာ လှူဖို့လည်း ပြောတာကြောင့် သူက စိတ်ဝင်စားတာပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ ကိုယ့်ဖျော်ဖြေပွဲ အစီအစဉ်အတွက်ပဲ အာရုံစိုက်ဖြစ်သွားတယ်”ဟုလည်း ပြောကြားခဲ့သည်။

ဂါဂါနှင့် မက်ဒေါနားတို့ကြား ဆက်ဆံရေးသည် Born This Wayကို ဂါဂါက ပြီးခဲ့သည့်နှစ်တွင် ဖြန့်ချီခဲ့ပြီး ကတည်းက အတန်ငယ် အေးစက်နေခဲ့ပြီး မက်ဒေါနားက ထိုအယ်လ်ဘမ်ကို သူမ၏ (၁၉၈၉)ခုနှစ်က Express Yourselfအား တုပထားသည့် သဘောမျိုး ပြောဆိုခဲ့ခြင်းအတွက် ဂါဂါက မကျေ မနပ် ဖြစ်နေကြောင်း သိရသည်။
 myanmar1

No comments:

Post a Comment