မြန်မာနိုင်ငံမှ အမျိုးသမီးများကိုတရုတ် နိုင်ငံသားများနှင့် အဓမ္မထိမ်းမြားရန် လိင်ပိုင်းဆိုင်ရာ လူကုန်
ကူးရန် ဗြောင်ကျစွာ စည်းရုံးလာကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ ဒုတိယ ရဲမှူးကြီး
ညွန့်လှိုင်က ပြောကြားသည်။
ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို လူကုန်ကူးမှု ဥပဒေများနှင့်ပတ်သက်၍ စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ပန်ဒါ ဟိုတယ်၌ ပြုလုပ်သော အသိပညာပေး ဆွေးနွေးပွဲ အပြီးတွင်၎င်းက သတင်းထောက် များကို ပြောကြားခြင်း ဖြစ်သည်။
“တရုတ် အမျိုးသားနဲ့ လက်ထပ်ရမယ်။ ကလေးတစ်ယောက် မွေးပေးရမယ်။သိန်းသုံးဆယ် ရမယ်။ ပြီးရင် ပြန်လာ ရမယ်ဆိုပြီး သဘောတူညီချက် ယူပြီးလုပ်တာ အများကြီးပဲ” ဟု ၎င်းက ရှင်းပြသည်။
တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိ အမျိုးသား ဦးရေနှင့် အမျိုးသမီး ဦးရေကွာဟမှုကြောင့် မြန်မာနိုင်ငံမှ အမျိုးသမီးများသည် ဈေးကွက် တစ်ခုသဖွယ်ဖြစ်လာပြီး တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ လူကုန်ကူးမှု များတွင်တရုတ်အမျိုးသားများ အတွက် မြန်မာ အမျိုးသမီးများကို အဓမ္မ ထိမ်းမြားစေခြင်းမှာ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိ ရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့မှ သိရှိရသည်။
ယင်းလူကုန်ကူးမှုကိစ္စရပ်များ ကို
ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံမှ အဆင့်မြင့် အရာရှိများနှင့်တရုတ်သမ္မတ
နိုင်ငံမှ အဆင့်မြင့် အရာရှိများ အောက်တိုဘာလ အတွင်းတွင်
တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး ညွန့်လှိုင်က ဆိုသည်။
အဆိုပါ အမျိုးသမီးများကို တရုတ် အမျိုးသားများက ပိုက်ဆံပေးဝယ်ယူခြင်းကို တရုတ် ရဲတပ်ဖွဲ့ကလည်း အချိန်မရွေး ဖမ်းဆီးနိုင်သဖြင့် မည်သို့မျှ တရားမဝင်ကြောင်း၊ ယင်းသို့ လူကုန်ကူးမှုများမဖြစ်စေရန် မန္တလေး၊ လားရှိုး၊ မူဆယ် နယ်စပ်ဒေသတို့တွင် လိုက်လံတားဆီး နေကြောင်း ၎င်းက ရှင်းပြသည်။
စစ်မက် ဖြစ်ပွားနေသော ဒေသများတွင် အသက် ၁၄ နှစ်ခန့် အမျိုးသမီးငယ်များသည် တရုတ်သမ္မတ နိုင်ငံ သို့ လိင်ပိုင်းဆိုင်ရာ ရောင်းစားခြင်းခံနေရပြီး အချို့ မိန်းကလေးငယ်များမှာ မိသားစု အခြေအနေကြောင့်
မိမိကိုယ်တိုင် ရောင်းချမှု ရှိနေကြောင်း အလုပ်သမား အရေးများကိုဆောင်ရွက်သူတစ်ဦးဖြစ်သူ ဒေါ်ဘောက်ဂျာ က ပြောကြားသည်။
မြန်မာအစိုးရ၏ နိုင်ငံအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများကိုအမေရိကန် အစိုးရ က စောင့်ကြည့် အဆင့်လျှော့ ချ အသိအမှတ် ပြုခဲ့သည်။
Voice
ညွန့်လှိုင်က ပြောကြားသည်။
ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို လူကုန်ကူးမှု ဥပဒေများနှင့်ပတ်သက်၍ စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ပန်ဒါ ဟိုတယ်၌ ပြုလုပ်သော အသိပညာပေး ဆွေးနွေးပွဲ အပြီးတွင်၎င်းက သတင်းထောက် များကို ပြောကြားခြင်း ဖြစ်သည်။
“တရုတ် အမျိုးသားနဲ့ လက်ထပ်ရမယ်။ ကလေးတစ်ယောက် မွေးပေးရမယ်။သိန်းသုံးဆယ် ရမယ်။ ပြီးရင် ပြန်လာ ရမယ်ဆိုပြီး သဘောတူညီချက် ယူပြီးလုပ်တာ အများကြီးပဲ” ဟု ၎င်းက ရှင်းပြသည်။
တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိ အမျိုးသား ဦးရေနှင့် အမျိုးသမီး ဦးရေကွာဟမှုကြောင့် မြန်မာနိုင်ငံမှ အမျိုးသမီးများသည် ဈေးကွက် တစ်ခုသဖွယ်ဖြစ်လာပြီး တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ လူကုန်ကူးမှု များတွင်တရုတ်အမျိုးသားများ အတွက် မြန်မာ အမျိုးသမီးများကို အဓမ္မ ထိမ်းမြားစေခြင်းမှာ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိ ရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့မှ သိရှိရသည်။
ယင်းလူကုန်ကူးမှုကိစ္စရပ်များ
အဆိုပါ အမျိုးသမီးများကို တရုတ် အမျိုးသားများက ပိုက်ဆံပေးဝယ်ယူခြင်းကို တရုတ် ရဲတပ်ဖွဲ့ကလည်း အချိန်မရွေး ဖမ်းဆီးနိုင်သဖြင့် မည်သို့မျှ တရားမဝင်ကြောင်း၊ ယင်းသို့ လူကုန်ကူးမှုများမဖြစ်စေရန် မန္တလေး၊ လားရှိုး၊ မူဆယ် နယ်စပ်ဒေသတို့တွင် လိုက်လံတားဆီး နေကြောင်း ၎င်းက ရှင်းပြသည်။
စစ်မက် ဖြစ်ပွားနေသော ဒေသများတွင် အသက် ၁၄ နှစ်ခန့် အမျိုးသမီးငယ်များသည် တရုတ်သမ္မတ နိုင်ငံ သို့ လိင်ပိုင်းဆိုင်ရာ ရောင်းစားခြင်းခံနေရပြီး အချို့ မိန်းကလေးငယ်များမှာ မိသားစု အခြေအနေကြောင့်
မိမိကိုယ်တိုင် ရောင်းချမှု ရှိနေကြောင်း အလုပ်သမား အရေးများကိုဆောင်ရွက်သူတစ်ဦးဖြစ်သူ ဒေါ်ဘောက်ဂျာ က ပြောကြားသည်။
မြန်မာအစိုးရ၏ နိုင်ငံအတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများကိုအမေရိကန် အစိုးရ က စောင့်ကြည့် အဆင့်လျှော့ ချ အသိအမှတ် ပြုခဲ့သည်။
Voice
No comments:
Post a Comment