Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Wednesday, 3 October 2012

ဦးတေဇတူ လူရမ်းကားအား ဖမ်းမိပြီ


ဆေးကျောင်းသားတစ်ဦးကိုကားတိုက်ပြီးထွက်ပြေးသွားသူကိုထူးကုမ္ပဏီ၏အကြီးအကဲဖြစ်သူဦးတေဇ ရဲ့နေအိမ်တွက်ဖမ်းမိအင်းလျားလိပ်ဟိုတယ်ဝင်းအတွင်းရှိ ဒီဂျေဘားရှေ့တွင်အောက်တာဘာ ၃ရက်နေ့ မနက်၂နာရီဝန်းကျငlandcruiser်အနက်ရောင်ကားမောင်းနှင်သူသည် အသက်၂၀ အရွယ်ဆေးကျောင်းသား  တစ်ဦးကို ကားဖြင့်တိုက်ပြီးထွက်ပြေးသွားရာ ထိုသူကို ထူးကုမ္ပဏီ၏ အကြီးအကဲဖြစ်သူဦးတေဇရဲ့နေအိမ်ခြံအတွင်းမှဖမ်းမိခဲ့ပါသည်။


" အဲ့ဒီလူက ကလပ်ထဲကိုတစ်ယောက်ထဲရောက်လာတာပါ။ရောက်ပြီးခဏနေတော့ကလပ်ထဲက လုံခြုံရေးသမားတွေကသူ့ကိုအပြင်ထွက်လိုက်ကြတယ်။သူ့ကားက ကျနော်တို့သူငယ်ချင်း
တစ်ယောက် ရဲ့ကားရှေ့မှာပိတ်ရပ်ထားတယ်။အဲ့ဒါကြောင့်ကားထွက်ဖို့ရှေ့ကဖယ်ပေးဖို့သွားပြော
တယ်။သူကဘာမှပြန်မပြောဘူးမှန်တင်လိုက်တယ်။ခဏနေတော့ လီလာကိုတအားနင်းပြီးရှေ့က
ကားကိုဝင်တိုက်တယ်။ပြီးတော့ကျနော်တို့သူငယ်ချင်း၅ယောက်ရှိနေတဲလူအုပ်ထဲကိုထိုးဝင်လာ
တယ်။အဲ့မှာ ဝေအောင်က နံရံနဲ့ညှပ်ပြီးလဲသွားတယ်။

သူ့ကားမောင်းထွက်သွားတဲ့နောက်ကို ကျနော်တို့သူငယ်ချင်း၃ယောက်လောက်လိုက်ကြည့်ပြီး ကျနော်ကဝေအောင်ကိုဆေးရုံပို့ခဲ့တယ်။အဲ့မှာဦးတေဇရဲ့ခြံထဲကိုဝင်သွား တယ်။အဲ့ဒါနဲ့၇ဲခေါ်ပြီးခြံ ထဲမှာသူ့ကိုဝင်ဖမ်းတော့ဦးတေဇရဲ့တူဆိုတာသိတယ်။" ဟု ကားဖြင့်တိုက်ခံရသူဝေအောင် ရဲ့သူငယ်ချင်းကပြောပြခဲ့ပါတယ်။

အရေးပေါ်ဌာနရှဲုဦးနှောက်နဲ့အာရံ့ကြောဌာနကိုရောက်ရှိနေသူ ဝေအောင်မှာ ၈၈မျိုးဆက်ကျောင်း သားခေါင်းဆောင်တစ်ဦးရဲ့တူဖြစ်သည်ဟုသိရသည်.။ကားဖြင့်တိုက်ခဲ့သူကို မရမ်းကုန်းရဲစခန်း တွင် ဖမ်းဆီးထားတယ်လို့မရမ်းကုန်းမြို့နယ်ရဲစခန်းမှတာဝန်မှုးကတယ်လီဖုန်းနဲ့ဖြေကြားခဲ့ပါတယ်။

" ညဖက်ဆိုရင် ခရိုနီအသိုင်းအ၀ိုင်းက သားသမီးတွေကကားအကောင်းစားတွေစီးပြီးကားချင်းပြိုင်မောင်း  တာတွေလုပ်တယ်။ကလပ်တွေမှာဆိုလည်းသူတို့ကရမ်းကားတာတွေအမြဲလုပ်တယ်။ပိုက်ဆံရှိသားသမီး ပဲဖြစ်ဖြစ်၊လူကြီးသားသမီးပဲဖြစ်ဖြစ်တရားဥပဒေမဲ့စွာရမ်းကားချင်တိုင်းရမ်းကားလို့တော့မရပါ ဘူး ။ဥပဒေကတပြေးညီဖြစ်ဖို့လိုတယ်။ညဘက် ပြိုင်ကားတွေနဲ့လမ်းမပေါ်မှာ ကားပြိုင်မောင်းတာတွေကို လည်း ထိထိရောက်ရောက်အရေးယူဖို့လိုတယ်။သာမန်ပြည်သူတွေကိုထိခိုက်မှုတွေဖြစ်  လာပြီ "ဟုသတင်းစာတစ်ဦးကဆိုသည်။

ယုဇန(DVB)

No comments:

Post a Comment