Wednesday, 3 October 2012
အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ကာဘော်လစ်ဆီသောက် သေဆုံး
သံလျင် မြို့နယ် ဖားကူး ကျေးရွာတွင်အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကာဘွန်လစ်ဆီ သောက် ၍ သေဆုံးခဲ့သော ဖြစ်စဉ်တစ်ခု အောက်တိုဘာလ၁ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း
ဒေသကြီး ရဲတပ်ဖွဲ့မှူးထံမှ စုံစမ်းသိရှိရသည်။
အဆိုပါမိန်းကလေးမှာ ဖားကူးကျေးရွာတွင်နေထိုင်ကာ ဈေးရောင်း လုပ်ကိုင်သူတစ်ဦး ဖြစ်ပြီး၊ ချစ်သူဖြစ်သူ က မကြာခင်ရက်ပိုင်းအတွင်းက လမ်းခွဲခဲ့ကြောင်း၊အလုပ်လုပ်ကိုင်သော ကုန်စုံဆိုင်မှ ကာဘွန်လစ်ဆီ ပုလင်းအား ယူ၍ နေအိမ်တွင် သောက်သုံးခဲ့ခြင်း ဖြစ်သည်ဟု မှုခင်း မှတ်တမ်းများအရသိရသည်။
အဆိုပါ သေဆုံးမှုကို သေမှုသေခင်းအမှတ် ၃/၁၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်းသရက်ပင်ချောင် ရဲစခန်းထံမှ သိရသည်။
The Voice Weekly
Subscribe to:
Post Comments (Atom)
No comments:
Post a Comment