မြန်မာ့ဒီမိုကရေစီခေါင်းဆော င်
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ပတ်ကျော်ကြာ အမေရိကန်နိုင်ငံ ခရီးစဉ်ကို
အဆုံးသတ်လိုက်ပြီး ဒီကနေ့ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမယ်လို့
သိရပါတယ်။ မနေ့က ခရီး စဉ်နောက်ဆုံးအဆုံးသတ်အဖြစ်
ဒေါ်အောင်ဆန်းစုကြည်ဟာ လော့စ်အိန်ဂျလိစ်မြို့မှာ မြန်မာနိုင်ငံသား ၃ ၊ ၎
ထောင်လောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါ တယ် ။ မြန်မာ နိုင်ငံ ရဲ့ ဒီမိုကရေစီစနစ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီစနစ်လိုမျိုးနဲ့ တူညီနိုင်မှာ မဟုတ်ကြောင်း၊ နိုင်ငံတိုင်းဟာ မိမိတို့နဲ့ သင်လျော်မယ့် ဒီမိုကရေစီ စနစ်ကို ဖေါ်ဆောင်ရတာ ဖြစ်ကြောင်း ၊ အဲဒီလို အကောင်အထည် ဖေါ်ရာမှာ အပေါ်ကနေ အောက်ကို စီးဆင်းတဲ့ ဒီမိုကရေစီ စနစ်မျိုး မဖြစ်သင့်သလို စစ်အစိုးရ လက်ထက်က ကြွေးကျော်ခဲ့တဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ဆိုတာမျိုးကိုလည်း မိမိအနေနဲ့ ကန့်ကွက်ကြောင်းလည်း ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က အမေရိကန်ပြည်ထောင်စုကို ရောက်ရှိခဲ့ တာဖြစ်ပါတယ်။ ၂ ပတ်ကျော်ကြာ ခရီးစဉ်အတွင်း အမေရိကန် လွှတ်တော်က ပေးအပ်ချီးမြှင့်တဲ့ Congressional Gold Medal လွှတ်တော် ရွှေတံဆိပ်ဆု ကို လက်ခံယူခဲ့ပြီး အမေရိကန် လွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ် ။
ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ သွင်းကုန်ဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေကိုလည်း ပယ်ဖျက်ပေးဖို့ အချိန်ရောက်နေပြီဖြစ်ကြောင်း
ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့သလို အမေရိကန်အစိုးရဖက်ကလည်း
ပို့ကုန် ဆိုင်ရာ ပိတ်ပင်တားမြစ်ချက်တွေကို ဖယ်ရှားပေးလိုက်ပါတယ်။
ဒါ့အပြင် အထင်ကရ အမေရိကန် သတင်းစာတွေ၊ စီအန်အန်လို ရုပ်မြင်သံကြားဌာနတွေ အပြင် နာမည်ကြီး Harvard ၊ Yale ၊ Columbia တက္ကသိုလ်တွေမှာလည်း စကားပြောကြားခဲ့သလို အမေရိကန်နိုင်ငံ အရှေ့ပိုင်း အလယ်ပိုင်း နဲ့ အနောက်ပိုင်း ပြည်နယ်အတော်များများမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား မိသားစုတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလ ၈ ရက်နေ့ မနက် ၁၁ နာရီခွဲမှာ အမေရိကန်ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပမယ်လို့ အဖွဲ့ချုပ် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါ တယ် ။ မြန်မာ နိုင်ငံ ရဲ့ ဒီမိုကရေစီစနစ်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီစနစ်လိုမျိုးနဲ့ တူညီနိုင်မှာ မဟုတ်ကြောင်း၊ နိုင်ငံတိုင်းဟာ မိမိတို့နဲ့ သင်လျော်မယ့် ဒီမိုကရေစီ စနစ်ကို ဖေါ်ဆောင်ရတာ ဖြစ်ကြောင်း ၊ အဲဒီလို အကောင်အထည် ဖေါ်ရာမှာ အပေါ်ကနေ အောက်ကို စီးဆင်းတဲ့ ဒီမိုကရေစီ စနစ်မျိုး မဖြစ်သင့်သလို စစ်အစိုးရ လက်ထက်က ကြွေးကျော်ခဲ့တဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ဆိုတာမျိုးကိုလည်း မိမိအနေနဲ့ ကန့်ကွက်ကြောင်းလည်း ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က အမေရိကန်ပြည်ထောင်စုကို ရောက်ရှိခဲ့ တာဖြစ်ပါတယ်။ ၂ ပတ်ကျော်ကြာ ခရီးစဉ်အတွင်း အမေရိကန် လွှတ်တော်က ပေးအပ်ချီးမြှင့်တဲ့ Congressional Gold Medal လွှတ်တော် ရွှေတံဆိပ်ဆု ကို လက်ခံယူခဲ့ပြီး အမေရိကန် လွှတ်တော်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်
ခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ သွင်းကုန်ဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေကိုလည်
ဒါ့အပြင် အထင်ကရ အမေရိကန် သတင်းစာတွေ၊ စီအန်အန်လို ရုပ်မြင်သံကြားဌာနတွေ အပြင် နာမည်ကြီး Harvard ၊ Yale ၊ Columbia တက္ကသိုလ်တွေမှာလည်း စကားပြောကြားခဲ့သလို အမေရိကန်နိုင်ငံ အရှေ့ပိုင်း အလယ်ပိုင်း နဲ့ အနောက်ပိုင်း ပြည်နယ်အတော်များများမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား မိသားစုတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလ ၈ ရက်နေ့ မနက် ၁၁ နာရီခွဲမှာ အမေရိကန်ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ကျင်းပမယ်လို့ အဖွဲ့ချုပ် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
(ဓါတ်ပုံ အာအက်ဖ်အေ)
No comments:
Post a Comment