Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Wednesday, 3 October 2012

ဦးသိန်းစိန်၏ စကားကပြသနေသော နိုင်ငံရေးပရိယာယ်..



(Gulf News မှ 1 Oct 2012 ရက်စွဲပါ TheinSein overture shows political guile သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးနွေးထွေးကြောင်း အချက်ပြခြင်းဖြင့် သူ့ကိုယ်သူ အာဏာရှင်အဖြစ်မှ ခေါင်းဆောင် အဖြစ်သို့ ကူးဖြတ်ပြောင်းလဲမှုပြုလုပ်လိုက်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်တင်မြှောက်ခံပါက သမ္မတဖြစ်လာနိုင်သည်ဟု လက်ရှိသမ္မတ ဦးသိန်းစိန်ကလူသိရှင်ကြားထုတ်ဖော် ပြောဆိုခဲ့ခြင်းသည် မြန်မာအစိုးရအကြီးအကဲ၏ နိုင်ငံရေးလာဘ်မြင် မှုနှင့် နိုင်ငံရေးစွမ်းဆောင်ရည်ကို ဖော်ကျူးနေသည်။

ဦးသိန်းစိန်သည် တိုင်းပြည်၏ ကျဆင်းနေသောစီးပွားရေးနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအကြား ၄င်း၏ပုံရိပ် ကိုမြှင့်တင်ရန် ကြိုးပမ်းသည့်အနေဖြင့် ယခင်ကထိုးဖောက်မရနိုင်ခဲ့သော နိုင်ငံရေး၊ စီးပွားရေးစနစ် စင်္ကြန် လမ်း များကိုဖွင့်ပေးရန် လိုလားထောက်ခံသူတစ်ဦးဖြစ်သည်။

မြန်မာနိုင်ငံသည် သယံဇာတကြွယ်ဝသော်လည်း တိုင်းပြည်အာဏာကို အဓမ္မသိမ်းပိုက်ခဲ့သော တပ်မတော် အစိုးရဟောင်း၏ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးညစ်ပတ်မှုများအပေါ် အရေးယူဒဏ်ခတ်သည့် Sanctions များကြောင့် ဖွံ့ဖြိုးနိုင်စွမ်းထိခိုက်ခဲ့ရသည်။ နှစ်ပေါင်းများစွာအကျယ်ချုပ် ထိန်းသိမ်းခံရခြင်းမှ လွှတ်မြောက် လာကာ ဒေါ်အောင်ဆန်းစုကြည်သည် ယင်းဖြစ်ရပ်များ၏ အထင်ရှားဆုံးဥပမာပင်ဖြစ်ပါသည်။

ယခုအခါ မြန်မာနိုင်ငံသည် ဒီမိုကရေစီသို့ဦးတည်ရာလမ်းပေါ်တွင် ရုန်းကန်ချီတက်နေပြီဖြစ်ပြီး၊ တင်းကြပ်လွန်းသော ပြည်တွင်းဥပဒေများကို ဖြေလျော့ပေးခြင်းသည် ငွေထုပ်ကိုင်ကာ လည်ပင်း ရှည်အောင်စောင့်နေကြသော ရင်းနှီးမြှုပ်နှံသူများအတွက် ကောင်းသတင်းအဖြစ်ပေါ်ထွက်လာခဲ့ပြီး တိုးတက်ပြောင်းလဲခြင်း စန်းထတော့မည့်အချိန်တွင် ဆိုင်ရာဆိုင်ရာအင်စတီကျူးရှင်းများ အဖွဲ့အစည်း များကလည်း ကိုယ်စီကိုယ်စီမောင်းတင် ကြိုးစားကြဖို့ လိုပါလိမ့်မည်။

မည်သို့ပင်ဖြစ်စေဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်ဆက်ဆံရေးနွေးထွေးကြောင်း ကို အေးဆေး သက်သာစွာ ပြောကြားခြင်းဖြင့် သူ့ကိုယ်သူအာဏာရှင်အဖြစ်မှ ခေါင်းဆောင်အဖြစ်သို့ ကူးဖြတ်ပြောင်း လဲလိုက်ပါသည်။ ဤစကားကြောင့် ကမ္ဘာ့အသိုင်းအဝိုင်းအလယ်တွင်လည်း သိသိ သာသာ အားပေးထောက်ခံ မှု ရရှိခဲ့သည်။

“ဦးသိန်းစိန်သည် ၄င်း၏ပုံရိပ်ကိုမြှင့်တင်ရင်း ဒေါ်အောင်ဆန်းစုကြည်၏ တန်းတူညီမျှရပိုင်ခွင့် ကို ဖော်ထုတ် လိုက်သော်လည်း ယင်းစိတ်ကူးကိုပွင့်ပွင့်လင်းလင်းစိန်ခေါ်လိုသူအနည်းသာရှိကြောင်း၊အဘယ့်ကြောင့် ဆိုသော် နောက်ဆုံးတွင် ပြည်သူများ၏ကောင်းစားရေးကိုသာ ဦးစားပေးကြရမည် ဖြစ်ကြောင်း ”ကျွမ်းကျင် သူများက သုံးသပ်ပြောဆိုကြသည်။

Yangon chronicle

No comments:

Post a Comment