Friday, 5 October 2012
နဂါးနှင့် တူသော သင်းခွေချပ်
မြန်မာခေါ် သင်းခွေချပ် ( Golden Armadillo Lizard ) ကို တောင်အာဖရိက မှာပဲ အတွေ့များတယ် လို့ နိုင်ငံတကာက ဖော်ပြကြပါတယ်။
အမှန်တော့ သင်းခွေချပ်ဟာ မြန်မာပြည်ရဲ့ ရေမြေတောတောင်မှာ လည်း နေထိုင်ကျက်စားနေသေးတဲ့ သတ္တဝါ ဖြစ်ပါတယ်။ ၆.၅ ကနေ ၈.၅ လက်မ အထိ အရှည်ရှိနိုင်တယ်ဆိုပေမယ့် အရှည်ဆုံး ၁၂ လက်မ အထိလည်း တွေ့မြင်ရတတ်ပါတယ်။
တောထဲသွားရင် နာမည်မခေါ်ရ ဆိုပြီး မြန်မာဓလေ့ထဲမှာ ရှိခဲ့ဖူးပါတယ်။ နာမည်ခေါ်ရင် သင်းခွေချပ်က လိုက်လံ တုယောင်တတ်ပြီး အန္တရယ်ပေး တတ်တယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ အခုထိလည်း အချို့ တောရွာတွေထဲ မှာ ယုံကြည်နေပါသေးတယ်။
တောင်းထဲမှာ အဖုံးပိတ်ထည့်ထားပေမယ့် နောက်နေ့မနက် ဖွင့်ကြည့်တဲ့အခါ ရှိမနေတတ်ပဲ အပြင်ထွက်နေတတ်တယ်လို့ လည်း ရှေးလူကြီးများက ဆိုပါတယ်။ ပုံမှာမြင်တွေ့ရတဲ့ အခွံမာများ ပါရှိပြီး တစ်နေရာမှ တစ်နေရာ ပြေးလွှားတဲ့အခါ အခုလို လုံးထွေးပြီး ပြေးတတ်တယ်လို့ သိရပါတယ်။
သင်းခွေချပ်ဟာ မြန်မာပြည်မှာတင်မကပဲ ကမ္ဘာ့ပေါ်မှာလည်း ရှားပါး တိရစ္ဆာန် တစ်မျိုး ဖြစ်ပါတယ်။ အံ့မခန်း ဆေးစွမ်းရှိတယ်လို့ သိထားကြတဲ့ အတွက် တောလိုက်ဖမ်းဆီး သတ်ဖြတ်ကြပါတယ်။ ဒါကြောင့် Golden Armadillo အကောင်အရေအတွက်ဟာ တဖြည်းဖြည်းနဲ့ နည်းပါးလာပြီး ထိန်းသိမ်းရမယ့် တိရစ္ဆာန် စာရင်းထဲမှာ ပါဝင်လာတယ်လို့ သိရပါတယ်။
----
Ref:wikipedia
International news for myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment