Wednesday, 3 October 2012
၂၀၁၂ မျိုးဆက်ကွန်ပျူတာကျောင်းသားများ၏ ပညာရေးလှုပ်ရှားမှု
Oct 3, 2012
ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားတွေက သမ္မတဆီပေးပို့ထားတဲ့ တိုင်ကြားစာနဲ့ ပတ်သက်ပြီး သမ္မတဘက်က အချိန်မီ မပြန်ကြားဘူးဆိုရင် အခုထက် ပိုထိရောက်တဲ့ နည်းလမ်းတွေနဲ့ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းမှာ မနေ့က ပြုလုပ်ခဲ့တဲ့ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။
၂ဝ၁၂-၂ဝ၁၃ တက္ကသိုလ် ပညာသင်နှစ်မှာ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်နဲ့ မန္တလေး ကွန်ပျူတာ တက္ကသိုလ် တွေကို အဆင့်မြင့် ပညာရေး Centre of Excellent အဖြစ် မြှင့်တင်မယ့်အကြောင်း အစိုးရ က ကြေညာခဲ့ ပါတယ်။
အဲဒီကြေညာချက် ထွက်ပြီးနောက်မှာ တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေက လက်ရှိ ပညာရေးဟာ အဆင့်မမီ၊ အာမခံချက် မရှိကြောင်း၊ အချက် ၄ ချက်ပါ အိတ်ဖွင့်ပေးစာ တစ်စောင်ကို စက်တင်ဘာ ဒုတိယပတ်က သမ္မတဆီ ပေးပို့ခဲ့ကြတာပါ။
ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားသမဂ္ဂရဲ့ အစည်းအဝေးမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ၊ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် ကျောင်းသား သမဂ္ဂ ၊ ရေကြောင်း တက္ကသိုလ် ကျောင်းသား သမဂ္ဂ၊ အမျိုးသား စီမံခန့်ခွဲမှု ကောလိပ် ကျောင်းသား သမဂ္ဂ၊ မှော်ဘီ နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကျောင်းသူ ကျောင်းသားတွေ တက်ရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
ဘယ်ရမလဲ .. အခုအဆင်မပြေလည်း နောင်ကျရင် ၂၀၁၂ မျိုးဆက် လုပ်လို့ရတာပဲ.. ခေတ်ကောင်းတုန်း လှုပ်ရှားအုံးမှ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment