Social Icons

kosawmaungt@gmail.comသို့  ဆောင်းပါး၊သတင်းကဗျာများ
ဝေဖန်အကြံပြုလွှာများပေးပို့ နိုင်ပါတယ်

Wednesday, 26 September 2012

ဘန်ကောက်တွင် မြန်မာပြည်သားများ အနိုင်ကျင့်ရိုက်နှက်ခံရ


ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊ ပချာဦးထစ် ဆွယ်(၃၃) လမ်းသွယ်(၄)က မြန်မာပြည်သား(၂၀၀)ကျော်နေထိုင် တဲ့ တိုက်တစ်တိုက်ပေါ်ကို ထိုင်းနိုင်ငံသား(၈)ယောက်လောက်က ယ္ခုပုံတွင်ပါရှိတဲ့ကောင်းလေးကို အခန်းတံခါးကို အတင်းရိုက်ဖွင့်ပြီး ဝိုင်းရိုက်သွားကြပါတယ်။ အရိုက်ခံရတဲ့ကောင်လေးဟာ တိုက်အောက် မှာ ထိုင်းတွေဆက်ပြီးစောင့်နေတာကြောင့် ဆေးရုံးကိုမသွားရဲပဲ ဒီတိုင်းပဲ သွေးသံရဲရဲနှင့် အတော်ကြာနေနေ ခဲ့ရပါတယ်၊ နောက်ဆုံးမှာ ဦးဇင်းတို့ဆီဖုန်းဆက်အကူညီတောင်းလာလို့ ဘန်ကောက်မှာ သီတင်းသုံးနေကြတဲ့ သံဃာတော် ၁၅ပါးခန့်သွားရောက်ပြီး အရိုက်ခံရတဲ့ကောင်လေးကို ခေါ်ဆောင်ကာ ထိုင်းတွေဝိုင်းထားတဲ့ကြားထဲက ဆေးရုံကိုပို့ခဲ့ရပါတယ်။


 ဒီကောင်လေးအရိုက်မခံရခင်မှာလည်း မြန်မာပြည်သား သုံးလေးဦးကို အရိုက်ခံခဲ့ရပြီးပါပြီ၊ ဒီသတင်း တင်ပြရခြင်းဟာ မြန်မာပြည်သား(၂၀၀) လောက်ရှိတဲ့တိုက်ပေါ်ကို တက်ပြီးတော့ ဝင်ရိုက်ခြင်းဟာ အချင်းချင်းညီညွှတ်မှုမရှိခြင်းကိုသိနိုင်ပါတယ်။ ဒီတော့ ထိုင်းနိုင်ငံမှာ နေထိုင်ကြတဲ့ မြန်မာပြည်သားတွေ ဟာ အချင်းချင်းညီညွတ်ပြီး ဝိုင်းဝန်းကူညီဖေးမကြဖို့ အထူးပဲတိုက်တွန်းပါတယ်။ အားလုံးညီညီညွတ် ညွတ်ဖြင့် အချင်းချင်း ဝိုင်းဝန်းကာကွယ်နိုင်ကြပါစေ။

No comments:

Post a Comment